မန်းတလေး မြို့တော်ဝန် ကိုယ်တိုင် ဂုဏ်ပြုခံရတဲ့ စည်ပင်အမှိုက်ကား ဝန်ထမ်းလေး

Sharing is caring!

မန်းတလေး မြို့တော်ဝန် ကိုယ်တိုင် ဂုဏ်ပြုခံရတဲ့ စည်ပင်အမှိုက်ကား ဝန်ထမ်းလေးအကြောင်းကို ပြောပြချင်ပါတယ်။အမှိုက်ထုပ်ထဲ ပါသွားတဲ့ စိန်နားကပ်တစ်ရံကို ရအောင်ပြန်ရှာပေ းခဲ့လို့ မန်းတလေး မြို့တော်ဝင် ဦးရဲလွင်ကိုယ်

တိုင် ချီးကျူးရပြီး ဂုဏ်ပြုပေးမယ်လို့ ဆိုပါတယ်။ယင်းက အထက်ပါအတိုင်း သူ၏လူမှုကွန်ရက် တစ်ဆင့်ပြောကြားထားခြင်းဖြစ်သည်။အမရပူရမြို့နယ်မှ ယာဉ်မောင်းဦးသိန်းနိုင်ထွန်း (ယာယီ)မောင်းနှင်သောRC-24 အမှိုက်သိမ်းယာ

ဉ် သည်တိုးချဲ့ (၄)ရပ်ကွက်တွင် အမှိုက်သိမ်းဆည်းပြီး၍တောင်အင်းမြောက်အင်းအမှိုက်ကျင်းသို့အသွားဖုန်းဝင်လာပါတယ်။ အမှိုက်ပစ်ရင်း ကားပေါ်သို့တစ်ရှူးဖြင့်ထုပ်ထားသော စိန်နားကပ်ပါ သွားကြောင်း ပြောသဖြင့် လမ်းဘေး

တွင်ကား ရပ်ထားပြီး ပိုင်ရှင်ရောက်အလာထိစောင့်ပေးပါတယ်။ပိုင်ရှင်များမှ လမ်းဘေးတွင်မှိုက်သွန်ပြီး ချရှာရန်တောင်း ဆိုသော်လည်း ယာဉ်မောင်းမှလမ်းဘေးဆိုလျှင် မဖြစ်နိုင်ကြောင်း အမျာ းပြည်သူသွားလမ်း ပေါ်ဖြစ်နေသဖြင့်

အရေးယူခံရနိုင်ကြောင်းပြောပြပြီး ပိုင်ရှင်များကိုအမှိုက်ကျင်းထိလိုက်လာခိုင်းပါတယ်။ အမှိုက်ကျင်းတာဝန်ခံထံ ခွင့်တောင်းပြီး သီးခြားတစ်နေရာရာကို အမှိုက်ချရှာခွင့်တောင် းခံခဲ့ပါသည်။ ခွင့်ပြုသဖြင့် အမှိုက်များကိုနဲနဲခြင်း ချပေးပြီး

ကူညီရှာပေးခဲ့ရာ နံနက် ၁၀ နာရီ ခွဲ အချိန်ခန့် တွင်စိန်နားကပ်တစ်ရံကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။ ပိုင်ရှင်မှကျေးဇူးတင်သည့်အနေဖြင့် ငွေကျပ် ၁၅၀၀၀ ပေးသွားပါကြောင်း ၎င်းငွေကိုကူညီပြီးရှာ ပေးသည့်ကလေးများအားလည်း ခွဲ

ဝေ ပေးခဲ့တယ်လို့သိရပါတယ်။ ရိုးသားပြီး တာဝန်သိမှု အတွက် နှစ်ပတ်လည်နေ့မှာ ဂုဏ်ပြုပေးမှာပါ ဟု မြို့တော်ဝန်က ရေးသားထားသည်။

Add a Comment

Your email address will not be published.