တရုတ်နိုင်ငံကပြန်လာပြီး Q မဝင်ချင်လို့ ထွက်ပြေးသူ (၆) ဦး ပြန်လည်ဖမ်းမိ

Sharing is caring!

ပရိသတ်တို့ရေ

အခုချိန်မှာ မြန်မာနိုင်ငံမှာ ကိုဗစ်ကူးစက်မှုဟာ တစစနဲ့ မြင့်တက်လာပါတယ်နော်။

ဒါ့အပြင် ပြည်ပနိုင်ငံတွေကလည်း မြန်မာနိုင်ငံသားတွေ ပြန်လာကြပါတယ် ။ ဒီအထဲမှာ တော့ တရုတ်နိုင်ငံက ပြန်လာတဲ့ လူ (၆) ဦးက ကျန်းမာရေး အစစ်ဆေးမခံပဲ ထွက်ပြေးတိမ်းရှောင်သွားတယ်လို့ သိရပါတယ်။ ဒီသတင်းကို တော့ အခုလိုပဲ ကိုယ်တွေ့ကြုံရသူက ပြောပြထားပါတယ်။

တရုတ်နိုင်ငံ ဝမ်တိန်မြို့မှ အိမ်မဲမြို့သို့ပြန်လာမည့်နေရပ်ပြန် (၆)ဦးအား ရန်ကုန်ဘူတာကြီး၌ သွားရောက်ခေါ်ဆောင်ခဲ့ရာတွင် ရထားဆိုက်ရောက်ချိန်မှာ ပါလာခြင်းမရှိပဲ တိမ်းရှောင်သွားရာ ဧရာဝတီတိုင်းဒေသကြီး မယ်ဇလီစစ်ဆေးရေး ဂိတ်၌ သူတို့ (၆)ဦးအား ပြန်လည်တွေ့ရှိခဲ့ပါသည်၊

မြို့နယ် ကိုဗစ်၁၉ ကော်မတီမှခေါ်ယူလာပြီး အိမ်မဲမြို့ အ.ထ.က(၁)ကျောင်း Facility Quarantine Campတွင် ပြန်လည် ထားရှိ ကြောင်း ကနဦး သိရပါတယ်။

လို့ မြတ်သူ လူမှုကွန်ရက်မှာ တင်ပြထားတာတွေ့ရပါတယ်။

အခုလိုမျိုး လုပ်တာကိုတော့ အားလုံး ရှုံ့ချသင့်ပါတယ်နော်။ Quarantine မဝင်ချင်ရင် အစကတည်းက ပြန်မလာသင့်ပါဘူး။ အခုလို လုပ်တာဟာ သူတို့မှာ ရောဂါပိုးရှိနေခဲ့ရင် မြန်မာပြည်မှာ ရှိနေသူတွေကို သက်သက် ဒုက္ခလာပေးသလို ဖြစ်နေတယ်ဆိုတာ သိကြရင် ကောင်းပါမယ်။

source-ယာဉ်မောင်း_ကိုအောင်မြတ်ထွန်း

အထောက်ကူ_ကိုမျိုးညွန့်

MyatThu

Zawgyi Version

ပရိသတ်တို့ရေ









MyatThu

Add a Comment

Your email address will not be published.