အနံ့ (၅) ရက်လောက်ပျောက်ပေမယ့် မကြောက်ပဲ အိမ်မှာ Q ရင်း ပြန်ကောင်းလာသူရဲ့ ကိုယ်တွေ့ပြောပြချက်

Sharing is caring!

မင်္ဂလာသတင်း ပြောပါမယ်။

မနေ့က စက်တင်ဘာ (22) ရက်နေ့ နေ့လည်မှာ အနံ့နဲနဲပြန်ရလာပါတယ်.. အနံ့ပျောက်တာ (5) ရက်ကြာပြီး (6) ရက်မြောက်နေ့မှာ အနံ့ နဲနဲရလာပါတယ်.. လူကတော့ ပုံမှန်အတိုင်းပဲကျန်းမာရေးကောင်းလျက်ပါပဲ။မနေ့က သာကေတ Fever Clinic ကိုဒုတိယအကြိမ် ထပ်သွားပြခဲ့တယ် ဆရာဝန်မေးသမျှ ပြန်ဖြေပြလိုက်တော့ ကိုဗစ်ဖြစ်စဉ်တွေနဲ့ တော့တော်တော်တူပါတယ်တဲ့.. ဒါပေမဲ့ ဆေးရုံတွေမှာ အရေးကြီးလူနာတွေအရမ်းများလို့ Swab တော့

ယူမပေးတော့ပါဘူးတဲ့ အခုလက်ရှိအခြေအနေအတိုင်း အနံ့ မရတာကလွဲပြီး ကျန်တာဘာမှ ဆက်မဖစ်သေးဘူးဆိုရင် Home Q ပဲ ဆက်နေပေးပါတဲ့..ကိုယ့်ကိုယ်ကို အနံ့ပုံမှန်ပြန်ရပီး အားလုံး ပုံမှန်အတိုင်း ဖစ်တဲ့နေ့ကစပြီး နောက် ထပ် (7) ရက် Home Q နေပြီးရင် သံသယရှင်းရှင်းနေလို့ရပါပီလို့ ဆရာဝန်ပြောပါတယ်.. ဆေးတွေကတော့ ပုံမှာပြထားတဲ့ ဆေးတွေသောက်ရပါတယ်.. တယောက်နဲ့တယောက်နဲနဲတော့ကွာခြားပါတယ်.. အဓိကကတော့ Vit acee 500 mg ကို တနေ့ (2) လုံးသောက်ပေးရပါတယ်..

ကျနော်ပုံမှန်လုပ်ဆောင်ခဲ့တာလေး ဝေမျှပါမယ်..မနက်အိပ်ယာနိူးတာနဲ့ ရေနွေးနဲ့ဆားဖျော်ပြီး အာလုတ် ကျင်းတယ်.. မနက်စာစားပြီးတိုင်း Vitacee 500 mg – 1 လုံး (ပြီးရင် ဆရာဝန်ပေးတဲ့ မနက်ဆေး) မနက် (9-10) နာရီဝန်းကျင် လေ့ကျင့်ခန်းလုပ် နေရောင်ခြည်ခနပေးတယ်..နေ့လည်စာမစားခင် ကြက်သွန်နီ – 1 လုံးစား နေ့လည်စာစားပြီး ဆရာဝန်ပေးတဲ့နေ့ဆေးသောက် ကြက်ဥပြုတ် – 1 လုံးစား.. နေ့လည် (2)နာရီ ခနအိပ်တယ်..

အိပ်ယာနိုးတာနဲ့ အစာပြေတခုခုစားတယ်.. ညနေ ရေမချိူးခင် လေ့ကျင့်ခန်းလုပ် ညစာမစားခင် ကြက်သွန်နီ – 1 လုံးစား ညစာစားပီး + ကြက်ဥပြုတ် (1)လုံးစားပြီး ဆရာဝန်ပေးတဲ့ညဆေးသောက်တယ် ပြီးရင် Vitacee 500 mg – 1 သောက်တယ်.. သောက်ရေကတော့ ရေနွေးပဲသောက်တယ်..အိမ်မှာအခန်းကာပြီး သီးသန့်နေတယ်.. တကိုယ်ရည်သုံးပစ္စည်း သီးသန့်ထားတယ် Mask ကို အိပ်တဲ့အချိန်ကလွဲလို့ တချိန်လုံးတပ်ထားတယ်.. လက်

ကိုလည်း ခနခနဆေးတယ်.. အိမ်မှာမိသားစုနဲ့ဆိုတော့ ကိုယ်သွားရာ လမ်းတလျောက် လက်နဲ့ကိုင်မိတာတွေကို ပိုးသတ်ဆေး အမြဲဖျန်းတယ်.. (ဒီနေ့ Home Q နေလာတာ (၁၀) ရက်ရှိပါပီ)အားလုံးပဲအရမ်းစိုးရိမ်မလွန်ပဲနဲ့ ကိုယ်ခံအားကောင်းအောင်သာနေပါ ဒီရောဂါက ကိုယ်ခံအားကောင်းတာကို အရမ်းကြောက်ပါတယ် အပြင်ထွက်ရင် Mask တပ်ကြပါမေးမချိတ်ပါနဲ့ တခုခုကိုင်တွယ်ပြီးတိုင်းလက်ဆေးကြပါ.။

Zawgyi Version

မဂၤလာသတင္း ေျပာပါမယ္။

မေန႔က စက္တင္ဘာ (22) ရက္ေန႔ ေန႔လည္မွာ အနံ႔နဲနဲျပန္ရလာပါတယ္.. အနံ႔ေပ်ာက္တာ (5) ရက္ၾကာၿပီး (6) ရက္ေျမာက္ေန႔မွာ အနံ႔ နဲနဲရလာပါတယ္.. လူကေတာ့ ပုံမွန္အတိုင္းပဲက်န္းမာေရးေကာင္းလ်က္ပါပဲ။မေန႔က သာေကတ Fever Clinic ကိုဒုတိယအႀကိမ္ ထပ္သြားျပခဲ့တယ္ ဆရာဝန္ေမးသမွ် ျပန္ေျဖျပလိုက္ေတာ့ ကိုဗစ္ျဖစ္စဥ္ေတြနဲ႔ ေတာ့ေတာ္ေတာ္တူပါတယ္တဲ့.. ဒါေပမဲ့ ေဆး႐ုံေတြမွာ အေရးႀကီးလူနာေတြအရမ္းမ်ားလို႔ Swab ေတာ့

ယူမေပးေတာ့ပါဘူးတဲ့ အခုလက္ရွိအေျခအေနအတိုင္း အနံ႔ မရတာကလြဲၿပီး က်န္တာဘာမွ ဆက္မဖစ္ေသးဘူးဆိုရင္ Home Q ပဲ ဆက္ေနေပးပါတဲ့..ကိုယ့္ကိုယ္ကို အနံ႔ပုံမွန္ျပန္ရပီး အားလုံး ပုံမွန္အတိုင္း ဖစ္တဲ့ေန႔ကစၿပီး ေနာက္ ထပ္ (7) ရက္ Home Q ေနၿပီးရင္ သံသယရွင္းရွင္းေနလို႔ရပါပီလို႔ ဆရာဝန္ေျပာပါတယ္.. ေဆးေတြကေတာ့ ပုံမွာျပထားတဲ့ ေဆးေတြေသာက္ရပါတယ္.. တေယာက္နဲ႔တေယာက္နဲနဲေတာ့ကြာျခားပါတယ္.. အဓိကကေတာ့ Vit acee 500 mg ကို တေန႔ (2) လုံးေသာက္ေပးရပါတယ္..

က်ေနာ္ပုံမွန္လုပ္ေဆာင္ခဲ့တာေလး ေဝမွ်ပါမယ္..မနက္အိပ္ယာႏိူးတာနဲ႔ ေရေႏြးနဲ႔ဆားေဖ်ာ္ၿပီး အာလုတ္ က်င္းတယ္.. မနက္စာစားၿပီးတိုင္း Vitacee 500 mg – 1 လုံး (ၿပီးရင္ ဆရာဝန္ေပးတဲ့ မနက္ေဆး) မနက္ (9-10) နာရီဝန္းက်င္ ေလ့က်င့္ခန္းလုပ္ ေနေရာင္ျခည္ခနေပးတယ္..ေန႔လည္စာမစားခင္ ၾကက္သြန္နီ – 1 လုံးစား ေန႔လည္စာစားၿပီး ဆရာဝန္ေပးတဲ့ေန႔ေဆးေသာက္ ၾကက္ဥျပဳတ္ – 1 လုံးစား.. ေန႔လည္ (2)နာရီ ခနအိပ္တယ္..

အိပ္ယာႏိုးတာနဲ႔ အစာေျပတခုခုစားတယ္.. ညေန ေရမခ်ိဴးခင္ ေလ့က်င့္ခန္းလုပ္ ညစာမစားခင္ ၾကက္သြန္နီ – 1 လုံးစား ညစာစားပီး + ၾကက္ဥျပဳတ္ (1)လုံးစားၿပီး ဆရာဝန္ေပးတဲ့ညေဆးေသာက္တယ္ ၿပီးရင္ Vitacee 500 mg – 1 ေသာက္တယ္.. ေသာက္ေရကေတာ့ ေရေႏြးပဲေသာက္တယ္..အိမ္မွာအခန္းကာၿပီး သီးသန႔္ေနတယ္.. တကိုယ္ရည္သုံးပစၥည္း သီးသန႔္ထားတယ္ Mask ကို အိပ္တဲ့အခ်ိန္ကလြဲလို႔ တခ်ိန္လုံးတပ္ထားတယ္.. လက္

ကိုလည္း ခနခနေဆးတယ္.. အိမ္မွာမိသားစုနဲ႔ဆိုေတာ့ ကိုယ္သြားရာ လမ္းတေလ်ာက္ လက္နဲ႔ကိုင္မိတာေတြကို ပိုးသတ္ေဆး အၿမဲဖ်န္းတယ္.. (ဒီေန႔ Home Q ေနလာတာ (၁၀) ရက္ရွိပါပီ)အားလုံးပဲအရမ္းစိုးရိမ္မလြန္ပဲနဲ႔ ကိုယ္ခံအားေကာင္းေအာင္သာေနပါ ဒီေရာဂါက ကိုယ္ခံအားေကာင္းတာကို အရမ္းေၾကာက္ပါတယ္ အျပင္ထြက္ရင္ Mask တပ္ၾကပါေမးမခ်ိတ္ပါနဲ႔ တခုခုကိုင္တြယ္ၿပီးတိုင္းလက္ေဆးၾကပါ.။

Add a Comment

Your email address will not be published. Required fields are marked *