ရန်ကုန်က ပြည်သူတွေကို ၂ ပတ်စာ ရိက္ခာထောက်ပံပေးမည့် သတင်း

Sharing is caring!

ယခုအချိန်မှာ ကူးစက်မှု အများဆုံးဖြစ်နေတဲ့ ရန်ကုန်မြို့ကို Stay at Home လုပ်ထားတာ အားလုံး သိပါတယ်။ ဒါကြောင့် ဒီလို အိမ်ထဲနေရတဲ့ ကာလတွေမှာ စားဝတ်နေရေး ပြေလည်စေဖို့အတွက် အစိုးရက ၂ ပတ်စာရိက္ခာ

ထောက်ပံ့ဖို့ ရှိတယ်လို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့် Zoom အသုံးပြုတဲ့ အွန်လိုင်းဆွေးနွေးပွဲမှာ တရားဝင် ပြောဆိုခဲ့တာဖြစ်ပါတယ်။

ဒီလို ထောက်ပံ့မှုဟာ ငွေကြေးဖြင့်လား ၊ ရိက္ခာပဲ ထောက်ပံ့မှာလား ဆိုတာကိုတော့ ကွဲကွဲပြားပြား မသိနိုင်သေးသလို ၊ ယခင် ကိုဗစ် ပထမလှိုင်းလိုပဲ အခြေခံလူတန်းစားကိုပဲ ထောက်ပံ့မှာလား ရန်ကုန်နေ ပြည်သူ ၇ သန်းကိုပဲ

ထောက်ပံ့မှာလားဆိုတာကိုလည်း မသိနိုင်သေးပါဘူး။ရန်ကုန်နေပြည်သူတွေကတော့ ၂ ပတ်စာ ရိက္ခာပေးဖို့ စီစဉ်နေတယ်လို့ပဲ အသိပေးခဲ့တာ ဖြစ်ပါတယ်။

Zawgyi Version





Add a Comment

Your email address will not be published. Required fields are marked *