အလုပ်သမားတိုင်း လစာရဲ့ (၄၀) ရာခိုင်နှုန်း ထောက်ပံ့ကြေး ရမယ်

Sharing is caring!

ရန်ကုန်တိုင်းထဲမှာရှိတဲ့ ပုဂ္ဂလိကပိုင် စက်ရုံ၊ အလုပ်ရုံ၊ လုပ်ငန်းဌာတွေက လူမှုဖူလုံရေးမှတ်ပုံတင်ထားတဲ့ အလုပ်သမားတွေအတွက် တစ်နှစ်ပျမ်းမျှလုပ်ခ တစ်လစာရဲ့ (၄၀) ရာခိုင်နှုန်းကို ထောက်ပံ့သွားမယ်လို့ အလုပ်သမား၊

လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာနက အမိန့်ကြော်ငြာချက် ထုတ်ပြန်လိုက်ပါတယ်။Stay at home အစီစဉ်မှာ အကျုံးဝင်တဲ့ ပုဂ္ဂလိကပိုင် စက်ရုံအလုပ်ရုံ လုပ်ငန်းဌာနတွေမှာရှိတဲ့ အာမခံ အလုပ်သမားတွေအတွက်

၂၀၁၂ ခုနှစ် လူမှုဖူလုံရေးဥပဒေပုဒ်မ ၃၁(ခ)(၂) နဲ့ နည်းဥပဒေ ၁၃၆(ခ) တို့အရ ထောက်ပံ့ပေးသွားမှာဖြစ်ပါတယ်။၂၀၁၂ ခုနှစ် လူမှုဖူလုံရေးဥပဒေပုဒ်မ ၃၁(ခ)(၂)အရ သဘာဝဘေးအန္တရာယ်မကြုံတွေ့ခင် ထည့်ဝင်ကြေးငွေ

အနည်းဆုံး (၃၆) လပေးသွင်းပြီးတဲ့နောက် ဘေးကြုံတွေ့ရတဲ့နေ့မတိုင်ခင် တစ်နှစ်အတွင်းပျှမ်းမျှ လုပ်ခတစ်လစာရဲ့ (၄၀) ရာခိုင်နှုန်း ငွေကြေးထောက်ပံ့မှုခံစားခွင့်နဲ့ လူမှုဖူလုံရေးအဖွဲ့ကထောက်ပံ့တဲ့ ကယ်ဆယ်ရေးပစ္စည်းတွေ

ခံစားခွင့်ရရှိမယ်လို့ ပြဌာန်းထားပါတယ်။ဒါ့အပြင် ဥပဒေအရ ၂၀၂၀ ခုနှစ် ခြောက်လပိုင်းမတိုင်ခင်(၃၆)လစာ လူမှုဖူလုံရေးကြေးပေးသွင်းထားတာမရှိပေမဲ့ ၂၀၂၀ ဇွန်လအထိ လူမှုဖူလုံရေးကြေးသွင်းပြီး စက်တင်ဘာလ (၂၃) ရက်

အထိအလုပ်လုပ်ကိုင်နေသူတွေကိုလည်း ငွေကြေးထောက်ပံ့မှုပေးသွားမယ်လို့ သိရပါတယ်။ဒါကြောင့် အလုပ်သမားတွေထောက်ပံ့ငွေရရှိနိုင်ဖို့ လူမှုဖူလုံရေးအဖွဲ့မှာ အကျုံးဝင်မှတ်ပုံတင်ထားတဲ့ ပုဂ္ဂလိကပိုင် စက်ရုံအလုပ်ရုံလုပ်ငန်း

အလုပ်ရှင် ဒါမှမဟုတ်အလုပ်ရှင်ကိုယ်စား တာဝန်ရှိသူတွေက သက်ဆိုင်ရာမြို့နယ် လူမှုဖူလုံရေးရုံးတွေကို ဒီနေ့ကစပြီးတော့ လျှောက်ထားနိုင်တယ်လို့ သိရပါတယ်။ကျန်းမာရေးဝန်ကြီးဌာနက ကုန်ကြမ်းယူကုန်ချောပေးဆောင်ရွက်နေ

တဲ့ လက်ခစားလုပ်ငန်း (CMP) စက်ရုံ အလုပ်ရုံတွေမှာ လုပ်နေတဲ့သူတွေအနေနဲ့ စက်တင်ဘာလ(၂၄) ရက်ကနေ အောက်တိုဘာ(၇)ရက်အထိ အလုပ်မသွားဖို့ စက်တင်ဘာလ (၂၀) ရက်နေ့ကထုတ်ပြန်ခဲ့တာပါ။

Add a Comment

Your email address will not be published. Required fields are marked *