ကိုဗစ် Positive ဖြစ်နေတဲ့ ဖခင်ကို ကူးမှာမကြောက်ပဲ ပြုစုပေးနေတဲ့ သားအလိမ်မာလေး

Sharing is caring!

ည က အချိန်မတော်ကြီး ရောက်လာတဲ့ Positive လူနာ အသက်၇၅ နှစ် ဘဘ နဲ့ သူ့သားကို သွေးပေါင်ချိန်ပေး၊ အောက်စီဂျင်တိုင်းပေး၊ အပူချိန်တိုင်းပေး…. သားဖ နှစ်ယောက်စလုံး သွေးတိုး အခံရှိတော့သွေးတိုးနေတယ်…

မနက်ကျ ထပ်တိုင်းတော့ ပုံမှန် ပြန်ဖြစ်သွားတယ်။ဒီသားဖ နှစ်ဦးနဲ့ ပတ်သက်ပြီး ပြောပြစရာလေးရှိတယ်.. ဘဘ က positive ဆိုပေမယ့် အတူပါလာတဲ့ ဘဘ သားက ပိုး ကူးစက်ခံထားရခြင်းမရှိဘဲ ဖခင်ကို ပြုစုဖို့က်မှတ်ထိုးပြီး

Positive လူနာတွေ နေတဲ့ အဆောင်အထိ လိုက်လာတာတဲ့…အခုသူ့ကို ပိုးရှိမရှိ စစ်ထားတယ်…အဖြေက positive ပဲဖြစ်ဖြစ် negative ပဲဖြစ်ဖြစ် သူကျေကျေနပ်နပ်ခံယူမယ်တဲ့ မနက် အဖျားတိုင်းရင်းနဲ့ ဘဘကပြောတယ်။

သားတို့ နဲ့ တစ်ဆောင်တည်း ကျတာ ပျော်တယ်သားရယ် တဲ့….ကျွန်တော်ပြုံးပြီး ဘဘကို ပြောလိုက်တယ်…. ဘဘသား သူရဲကောင်းကြီး က ပိုပျော်နေမှာပါ…လို့။

မင်းရသ

Zawgyi Version

ည က အခ်ိန္မေတာ္ႀကီး ေရာက္လာတဲ့ Positive လူနာ အသက္၇၅ ႏွစ္ ဘဘ နဲ႔ သူ႔သားကို ေသြးေပါင္ခ်ိန္ေပး၊ ေအာက္စီဂ်င္တိုင္းေပး၊ အပူခ်ိန္တိုင္းေပး…. သားဖ ႏွစ္ေယာက္စလုံး ေသြးတိုး အခံရွိေတာ့ေသြးတိုးေနတယ္…

မနက္က် ထပ္တိုင္းေတာ့ ပုံမွန္ ျပန္ျဖစ္သြားတယ္။ဒီသားဖ ႏွစ္ဦးနဲ႔ ပတ္သက္ၿပီး ေျပာျပစရာေလးရွိတယ္.. ဘဘ က positive ဆိုေပမယ့္ အတူပါလာတဲ့ ဘဘ သားက ပိုး ကူးစက္ခံထားရျခင္းမရွိဘဲ ဖခင္ကို ျပဳစုဖို႔က္မွတ္ထိုးၿပီး

Positive လူနာေတြ ေနတဲ့ အေဆာင္အထိ လိုက္လာတာတဲ့…အခုသူ႔ကို ပိုးရွိမရွိ စစ္ထားတယ္…အေျဖက positive ပဲျဖစ္ျဖစ္ negative ပဲျဖစ္ျဖစ္ သူေက်ေက်နပ္နပ္ခံယူမယ္တဲ့ မနက္ အဖ်ားတိုင္းရင္းနဲ႔ ဘဘကေျပာတယ္။

သားတို႔ နဲ႔ တစ္ေဆာင္တည္း က်တာ ေပ်ာ္တယ္သားရယ္ တဲ့….ကြၽန္ေတာ္ၿပဳံးၿပီး ဘဘကို ေျပာလိုက္တယ္…. ဘဘသား သူရဲေကာင္းႀကီး က ပိုေပ်ာ္ေနမွာပါ…လို႔။

မင္းရသ

Add a Comment

Your email address will not be published. Required fields are marked *