အားလုံးမထင်မှတ်ထားချိန်မှာ ကမ္ဘာ့ပထမဦးဆုံး ကိုဗစ် ကုသဆေးကိုကြေငြာလိုက်တဲ့ နိုင်ငံ
|ကိုဗစ်ရောဂါကုသမှုမှာသုံးစွဲနိုင်မယ့် ကမ္ဘာ့ပထမဦးဆုံး ကိုဗစ်ကုသဆေးကို ထုတ်လုပ်နိုင်ခဲ့ပြီလို့ ပိုလန်နိုင်ငံရဲ့ဇီဝနည်းပညာ ကုမ္ပဏီဖြစ်တဲ့ Biomed Lublin က ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ ကနဦးသုတေသနလေ့လာမှုအရ
ဆေးအာနိသင်ထိရောက်မှုကို အတည်ပြုထားနိုင်ခဲ့ပြီး ဆေးအတွက်စီးပွားဖြစ် မဟုတ်တဲ့ စမ်းသပ်လေ့လာမှုတွေ စတင်သွားဖို့စီစဉ်ထားပြီလို့ ဆိုပါတယ်။ ဒီလေ့လာမှုတွေမှာအဆင်ပြေခဲ့မယ်ဆိုရင်တော့ လာမယ့်လပိုင်းအတွင်းမှာ
ပဲ ပိုလန်နိုင်ငံက ကမ္ဘာမှာ SARS-CoV-2 ဗိုင်းရပ်စ်ကုသမှုအတွက် အစွမ်းထက်ဆေးကိုထုတ်လုပ်နိုင်တဲ့ ပထမဦးဆုံ းနိုင်ငံဖြစ်လာမယ်လို့ ၎င်းကုမ္ပဏီက ဆိုပါတယ်။ကိုဗစ် ကူးစက်ပြီးပြန်သက်သာသွားသူတွေ၊ ကူးစက်ခံရပေ
မယ့် ရောဂါလက္ခဏာမပြဘဲသက်သာသွားပြီး လုံးဝပျောက်ကင်းကျန်းမာသွားသူတွေဆီက သွေးရည်ကြည်နဲ့ ဖော်စပ်ပြုလုပ်ထား တဲ့ဆေးဖြစ်ပြီး anti-SARS-CoV-2 immunoglobulins တွေ ပါရှိကာ SARS-CoV-2 ဗိုင်းရပ်စ်ကို
ပျက်ပြားသွားစေမယ့်ပဋိပစ္စည်းတွေလည်းဖြစ်ပါတယ်လို့ Biomed Lublin ရဲ့ဘုတ်အဖွဲ့ဝင် ပီယိုတာဖစ်က ပြောကြားခဲ့ပါတယ်။ Anti-SARS-CoV-2 immunoglobulins ဆေးပုလင်း ၃၀၀၀ကျော်ထိ ထုတ်လုပ်ထားခဲ့ပြီးဖြစ်ကာ
လိုအပ်တဲ့အရည်အသွေးစစ်ဆေးမှုပြီးတာနဲ့ လူဘလင်၊ ဘိုင်တွမ်၊ ဘိုင်ယာလီစတော့ခ်နဲ့ ဝါဆောမြို့တွေက စင်တာလေးခုမှာ ဆေးကို စမ်းသပ်ထိုးနှံမှုတွေ ပြုလုပ်သွားမယ်လို့ Biomed Lublinရဲ့ စီအီးအို မာစင်ပီရော့ဂ်က ဆိုပါတယ်။
ဆေးရဲ့အစွမ်းအာနိသင်ထိရောက်မှုကို ဓာတ်ခွဲခန်းစမ်းသပ်မှုတွေအရ အတည်ပြုထားခဲ့ပြီးဖြစ်ကာ ဆေးမှတ်ပုံတင်နိုင်ရေးအတွက် လူတွေမှာထိုးနှံပြီးလေ့လာတဲ့အဆင့်တွေကို ဆက်လက်လုပ်ဆောင်ကြရဦးမယ်လို့ သိရပါတယ်။လေ့လာ
မှုတွေကို အခုနှစ်ကုန်မတိုင်မီမှာပဲ စတင်သွားမှာဖြစ်ပြီး ဆေးဝါးမှတ်ပုံတင်နိုင်ဖို့နဲ့ဖြန့်ချိဖို့အတွက်တော့ လနဲ့ချီပြီးကြာမြင့်သွားဦးမယ်လို့ Biomed Lublinက ဆိုပါတယ်။ “ပြန်ပြီးသက်သာပျောက်ကင်းသွားတဲ့သူတွေဆီကသွေးရည်ကြည်
နဲ့ ကိုဗစ်-၁၉ ကုသမှုကို WHO၊ အမေရိကန်အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဌာနနဲ့ ပိုလန်ကျန်းမာရေးဝန်ကြီးဌာနတို့က ခွင့်ပြုထားခဲ့ပြီဖြစ်ပါတယ်။ဒါ့ပြင် ကမ္ဘာတဝန်းကသိပ္ပံပညာရှင်တွေကလည်း ကိုဗစ်ကုသမှုမှာ သွေးရည်
ကြည်ကုထုံးကအကျိုးထိရောက်မှုရှိတာကို ထောက်ခံထားကြပါတယ်။ ရောဂါကုသမှုတွေမှာ သွေးရည်ကြည်ကုထုံးကို ဆယ်စုနှစ်များစွာကတည်းက ပညာရှင်တွေက ဘေးကင်းတဲ့ကုထုံးတစ်မျိုးအဖြစ် အသုံးပြုနေခဲ့ကြတာဖြစ်ပါတယ်။
အခု ကိုရိုနာဗိုင်းရပ်စ်ကုသရေးမှာလည်း ဒီသွေးရည်ကြည်အခြေခံတဲ့ဆေးကို အတည်ပြုချက်ရဖို့ သက်ဆိုင်ရာအာဏာပိုင်တွေဆီ လျှောက်ထားခဲ့ပြီးပါပြီ။ လူနာတွေရဲ့ အသက်နဲ့ကျန်းမာရေးကိုကာကွယ်စောင့်ရှောက်ပေးနိုင်ဖို့အတွက်
တခြားဆေးတွေလိုမျိုးပဲ ဒီဆေးကိုလည်းခွင့်ပြုချက်ရဖို့ အမြန်ဆုံးကြိုးပမ်းဆောင်ရွက်နေကြပါတယ်” လို့ ပိုလန်လွှတ်တော်အမတ်တစ်ဦးလည်းဖြစ်တဲ့ ဒေါက်တာဂါဇီဂေါ့ဗ်ဇီလက်ဂ်ျက ပြောကြားခဲ့ပါတယ်။
Zawgyi Version
ကိုဗစ္ေရာဂါကုသမႈမွာသုံးစြဲႏိုင္မယ့္ ကမာၻ႔ပထမဦးဆုံး ကိုဗစ္ကုသေဆးကို ထုတ္လုပ္ႏိုင္ခဲ့ၿပီလို႔ ပိုလန္ႏိုင္ငံရဲ႕ဇီဝနည္းပညာ ကုမၸဏီျဖစ္တဲ့ Biomed Lublin က ထုတ္ေဖာ္ေျပာၾကားလိုက္ပါတယ္။ ကနဦးသုေတသနေလ့လာမႈအရ
ေဆးအာနိသင္ထိေရာက္မႈကို အတည္ျပဳထားႏိုင္ခဲ့ၿပီး ေဆးအတြက္စီးပြားျဖစ္ မဟုတ္တဲ့ စမ္းသပ္ေလ့လာမႈေတြ စတင္သြားဖို႔စီစဥ္ထားၿပီလို႔ ဆိုပါတယ္။ ဒီေလ့လာမႈေတြမွာအဆင္ေျပခဲ့မယ္ဆိုရင္ေတာ့ လာမယ့္လပိုင္းအတြင္းမွာ
ပဲ ပိုလန္ႏိုင္ငံက ကမာၻမွာ SARS-CoV-2 ဗိုင္းရပ္စ္ကုသမႈအတြက္ အစြမ္းထက္ေဆးကိုထုတ္လုပ္ႏိုင္တဲ့ ပထမဦးဆုံ းႏိုင္ငံျဖစ္လာမယ္လို႔ ၎ကုမၸဏီက ဆိုပါတယ္။ကိုဗစ္ ကူးစက္ၿပီးျပန္သက္သာသြားသူေတြ၊ ကူးစက္ခံရေပ
မယ့္ ေရာဂါလကၡဏာမျပဘဲသက္သာသြားၿပီး လုံးဝေပ်ာက္ကင္းက်န္းမာသြားသူေတြဆီက ေသြးရည္ၾကည္နဲ႔ ေဖာ္စပ္ျပဳလုပ္ထား တဲ့ေဆးျဖစ္ၿပီး anti-SARS-CoV-2 immunoglobulins ေတြ ပါရွိကာ SARS-CoV-2 ဗိုင္းရပ္စ္ကို
ပ်က္ျပားသြားေစမယ့္ပဋိပစၥည္းေတြလည္းျဖစ္ပါတယ္လို႔ Biomed Lublin ရဲ႕ဘုတ္အဖြဲ႕ဝင္ ပီယိုတာဖစ္က ေျပာၾကားခဲ့ပါတယ္။ Anti-SARS-CoV-2 immunoglobulins ေဆးပုလင္း ၃၀၀၀ေက်ာ္ထိ ထုတ္လုပ္ထားခဲ့ၿပီးျဖစ္ကာ
လိုအပ္တဲ့အရည္အေသြးစစ္ေဆးမႈၿပီးတာနဲ႔ လူဘလင္၊ ဘိုင္တြမ္၊ ဘိုင္ယာလီစေတာ့ခ္နဲ႔ ဝါေဆာၿမိဳ႕ေတြက စင္တာေလးခုမွာ ေဆးကို စမ္းသပ္ထိုးႏွံမႈေတြ ျပဳလုပ္သြားမယ္လို႔ Biomed Lublinရဲ႕ စီအီးအို မာစင္ပီေရာ့ဂ္က ဆိုပါတယ္။
ေဆးရဲ႕အစြမ္းအာနိသင္ထိေရာက္မႈကို ဓာတ္ခြဲခန္းစမ္းသပ္မႈေတြအရ အတည္ျပဳထားခဲ့ၿပီးျဖစ္ကာ ေဆးမွတ္ပုံတင္ႏိုင္ေရးအတြက္ လူေတြမွာထိုးႏွံၿပီးေလ့လာတဲ့အဆင့္ေတြကို ဆက္လက္လုပ္ေဆာင္ၾကရဦးမယ္လို႔ သိရပါတယ္။ေလ့လာ
မႈေတြကို အခုႏွစ္ကုန္မတိုင္မီမွာပဲ စတင္သြားမွာျဖစ္ၿပီး ေဆးဝါးမွတ္ပုံတင္ႏိုင္ဖို႔နဲ႔ျဖန႔္ခ်ိဖို႔အတြက္ေတာ့ လနဲ႔ခ်ီၿပီးၾကာျမင့္သြားဦးမယ္လို႔ Biomed Lublinက ဆိုပါတယ္။ “ျပန္ၿပီးသက္သာေပ်ာက္ကင္းသြားတဲ့သူေတြဆီကေသြးရည္ၾကည္
နဲ႔ ကိုဗစ္-၁၉ ကုသမႈကို WHO၊ အေမရိကန္အစားအေသာက္ႏွင့္ေဆးဝါးကြပ္ကဲေရးဌာနနဲ႔ ပိုလန္က်န္းမာေရးဝန္ႀကီးဌာနတို႔က ခြင့္ျပဳထားခဲ့ၿပီျဖစ္ပါတယ္။ဒါ့ျပင္ ကမာၻတဝန္းကသိပၸံပညာရွင္ေတြကလည္း ကိုဗစ္ကုသမႈမွာ ေသြးရည္
ၾကည္ကုထုံးကအက်ိဳးထိေရာက္မႈရွိတာကို ေထာက္ခံထားၾကပါတယ္။ ေရာဂါကုသမႈေတြမွာ ေသြးရည္ၾကည္ကုထုံးကို ဆယ္စုႏွစ္မ်ားစြာကတည္းက ပညာရွင္ေတြက ေဘးကင္းတဲ့ကုထုံးတစ္မ်ိဳးအျဖစ္ အသုံးျပဳေနခဲ့ၾကတာျဖစ္ပါတယ္။
အခု ကို႐ိုနာဗိုင္းရပ္စ္ကုသေရးမွာလည္း ဒီေသြးရည္ၾကည္အေျခခံတဲ့ေဆးကို အတည္ျပဳခ်က္ရဖို႔ သက္ဆိုင္ရာအာဏာပိုင္ေတြဆီ ေလွ်ာက္ထားခဲ့ၿပီးပါၿပီ။ လူနာေတြရဲ႕ အသက္နဲ႔က်န္းမာေရးကိုကာကြယ္ေစာင့္ေရွာက္ေပးႏိုင္ဖို႔အတြက္
တျခားေဆးေတြလိုမ်ိဳးပဲ ဒီေဆးကိုလည္းခြင့္ျပဳခ်က္ရဖို႔ အျမန္ဆုံးႀကိဳးပမ္းေဆာင္႐ြက္ေနၾကပါတယ္” လို႔ ပိုလန္လႊတ္ေတာ္အမတ္တစ္ဦးလည္းျဖစ္တဲ့ ေဒါက္တာဂါဇီေဂါ့ဗ္ဇီလက္ဂ္်က ေျပာၾကားခဲ့ပါတယ္။