ဒီအကောင်လေးကိုတွေ့ရင် ဝေးဝေးကရှောင်ပါ

Sharing is caring!

Scrub typhus မြန်မာလို ကမြင်းနီကောင်ကိုက်တဲ့ရောဂါက အခုနောက်ပိုင်းအတော်ခေတ်စားပြီး လူသိများလာပါတယ်.. ဖေ့ဘွတ် တန်ခိုးကြောင့်လဲပါသပေါ့.. တကယ်တော့ ဒီရောဂါကမြန်မာပြည်မှာ အဖြစ်များပြီးအမြဲတွေ့ရတယ့် endemic ရောဂါတစ်ခုပါ.. တကယ်တော့ ကမြင်းနီကောင်မှာကပ်တွယ်နေတဲ့ rickettiae ဆိုတဲ့ ပိုးမွှားကြောင့်ဖြစ်တာပါ..လွန်ခဲ့တဲ့အနှစ်နှစ်ဆယ်လောက်က ကျော်လွင်တစ်ယောက် ဆရာဝန်ဖြစ်ခါစအရွယ်မှာစတွေ့ဖူးပါယ်..

ကိုယ်တိုင်ဆေးခန်းထိုင်ပြီး တွေ့ခဲ့ဖူး ကုခဲ့ဖူးပါတယ်.. မှတ်မှတ်ရရ ဧရာဝတီမြစ်ထဲကရှမ်းကလေးကျွန်းရွာမှာဆေးခန်းဖွင့်တော့ ဆေးခန်းကူတဲ့သူကဖျားလို့လာပြပါတယ်.. တစ်ညလုံးအိပ်မပျော်ကယောင်ကတန်းတွေဖြစ် ဖျားတက် သူကရွာအနောက်ဖက်ကကိုင်းတောထဲ ပြောင်းဖူးချိုး မြေပဲနှုတ်အမြဲသွားနေတာ သေသေချာချာရှာကြည့်မှ eschar တွေ့လို့ စာဖတ်ထားတာလဲရှိနေတာနဲ့ကုသပေးလိုက်တာကောင်းသွားပါတယ် early diagnosis ကအလွန်ရေးကြီး

လှပါတယ်..နောက်တစ်ယောက်က တက္ကသိုလ်ကျောင်းသားလေး အဲဒီတုန်းကရတနာပုံတက္ကသိုလ်ဖွင့်ခါစ စာသင်ဆောင်တွေကတောရှင်းပြီးမြေစိုက်တဲတွေနဲ့သင်ကြရတာ အဲဒီမှာလဲ သေချာရှာတော့ eschar တွေ့ပါတယ်.. ကျော်လွင်ဆေးခန်းဖွင့်တဲ့နေရာတွေက ချောင်ကျလှတယ် ၅၆ လမ်းအရှေ့ဘက်အောင်ပင်လယ်ရွာသစ်ဘက်လဲဖွင့်ခဲ့ဖူးတော့ scrub typhus တော်တော်များများတွေ့ခဲ့ဖူးပါတယ်.. ဖေ့ဘွတ် မရှိသေးတဲ့ခေတ်ပေါ့ အခုတော့လဲ

scrub typhus ဆိုတာအခုမှပဲပေါ်တဲ့ရောဂါအသစ်အဆန်း လိုလိုဖြစ်နေတယ်..ကျောက်ကပ်ဆရာဝန်ဘဝမှာတော့ အဲဒီရောဂါကြောင့် ကျောက်ကပ်ပျက်လို့ကျောက်ကပ်ဆေးပေးနေရတယ်.. တကယ်တော့ကျောက်ကပ်ကတော့ နေရာတကာတကယ့်ပါရာစိန်ပါပဲ ကိုဗစ် မှာတောင်မလွတ် ငှက်ဖျားဖြစ်ရင်လဲပါ ဝမ်းလျောရင်လဲပါမြွေပွေးကိုက်လဲပါ ယုတ်စွအဆုံးတညင်းသီးစားရင်လဲပါ စားပိုးနင့်ရောဂါလို့ပြောရမယ့် acute pancreatitis မုန့်ချိုအိပ်ယောင်

ရောဂါမှာလဲပါ သူမပါတာ မရှိသလောက်ပါပဲ ဒါကြောင့်လဲကျောက်ကပ်ဆရာဝန်ဖြစ်ချင်ရင် internal medicine ဆိုတဲ့ဆေးပညာကိုကျွမ်းကျင်မှသာလက်ခံပါတယ်..အခုလဲတွေ့ပြီလေ.. တစ်နေ့က ကျော်လွင် ward ထဲမှာ လူနာကြည့်နေတုန်း medical unit တစ်ခုက ပဒူကောင်ကိုက်ပြီးကျောက်ကပ်ပျက်လို့ပြလာလို့လူနာကို ကျောက်ကပ်ဆောင်မှာခေါ်ထားပြီး ကျောက်ကပ်ဆေးပေးနေရပါတယ်..လူနာက stay home မှာအငြိမ်မနေပဲ ခြံရှင်းရင်း ပဒူအုံကို

ဒုတ်နဲ့ထိုးယုံတင်မက ပေါက်ပြားနဲ့ပါပေါက်လိုက်တော့ ပွဲသိမ်းပြီပေါ့ သူကပျားလိုပါပဲ bite လိုမသုံးရပါဘူး barbedwire လိုဖြစ်နေတဲ့ဆူးနဲ့ထိုးတာပါ.. မြန်မာလိုတော့ပျားတုပ်တယ် အခုဟာက ပဒူဆိုတော့ ပဒူတုပ်တယ်လို့ပြောရမယ်ထင်တယ်..ဘိုလိုပြောမယ်ဆိုရင်တော့ wasp sting ပေါ့.. သူရဲ့ထူးခြားချက်က တစ်ကောင်ကအချက်ပေးရင် အကုန်ဝိုင်းတုပ်ကြတာပါပဲ.. တစ်ကောင်က pheronone ဆိုတဲ့အချက်ပေးစနစ်ပြောရမလားပဲ ထုတ်လိုက်တာနဲ့

အကုန်ဝိုင်းပြီးတွယ်တော့တာပါပဲ.. ကျော်လွင့်လူနာတော့ ကံကောင်းလို့မသေ အခုတော့ကျောက်ကပ်ပျက်စီးလို့ကျောက်ကပ်ဆေးနေရပြီလေ..
ဒါကြောင့်stay home မို့စိတ်ချရပြီမထင်ကြပါနဲ့ သေတတ်တဲ့သတ်တတ်တဲ့ အတွင်းရန်ခန္ဓာငါးပါးကိုရထားကြတဲ့ ပုထုဇဉ်တွေမို့ အချိန်မရွေးပျက်ဆီးသွားနိုင်တဲ့အနိစ္စတရား ဒုက္ခတရား အစိုးမရတဲ့အနတ္တတရားကို အမြဲဆင်ခြင်သုံးသပ်နိုင်ကြစေလို့။

‌ဒေါက်တာကျော်လွင်

Zawgyi Version

Scrub typhus ျမန္မာလို ကျမင္းနီေကာင္ကိုက္တဲ့ေရာဂါက အခုေနာက္ပိုင္းအေတာ္ေခတ္စားၿပီး လူသိမ်ားလာပါတယ္.. ေဖ့ဘြတ္ တန္ခိုးေၾကာင့္လဲပါသေပါ့.. တကယ္ေတာ့ ဒီေရာဂါကျမန္မာျပည္မွာ အျဖစ္မ်ားၿပီးအၿမဲေတြ႕ရတယ့္ endemic ေရာဂါတစ္ခုပါ.. တကယ္ေတာ့ ကျမင္းနီေကာင္မွာကပ္တြယ္ေနတဲ့ rickettiae ဆိုတဲ့ ပိုးမႊားေၾကာင့္ျဖစ္တာပါ..လြန္ခဲ့တဲ့အႏွစ္ႏွစ္ဆယ္ေလာက္က ေက်ာ္လြင္တစ္ေယာက္ ဆရာဝန္ျဖစ္ခါစအ႐ြယ္မွာစေတြ႕ဖူးပါယ္..

ကိုယ္တိုင္ေဆးခန္းထိုင္ၿပီး ေတြ႕ခဲ့ဖူး ကုခဲ့ဖူးပါတယ္.. မွတ္မွတ္ရရ ဧရာဝတီျမစ္ထဲကရွမ္းကေလးကြၽန္း႐ြာမွာေဆးခန္းဖြင့္ေတာ့ ေဆးခန္းကူတဲ့သူကဖ်ားလို႔လာျပပါတယ္.. တစ္ညလုံးအိပ္မေပ်ာ္ကေယာင္ကတန္းေတြျဖစ္ ဖ်ားတက္ သူက႐ြာအေနာက္ဖက္ကကိုင္းေတာထဲ ေျပာင္းဖူးခ်ိဳး ေျမပဲႏႈတ္အၿမဲသြားေနတာ ေသေသခ်ာခ်ာရွာၾကည့္မွ eschar ေတြ႕လို႔ စာဖတ္ထားတာလဲရွိေနတာနဲ႔ကုသေပးလိုက္တာေကာင္းသြားပါတယ္ early diagnosis ကအလြန္ေရးႀကီး

လွပါတယ္..ေနာက္တစ္ေယာက္က တကၠသိုလ္ေက်ာင္းသားေလး အဲဒီတုန္းကရတနာပုံတကၠသိုလ္ဖြင့္ခါစ စာသင္ေဆာင္ေတြကေတာရွင္းၿပီးေျမစိုက္တဲေတြနဲ႔သင္ၾကရတာ အဲဒီမွာလဲ ေသခ်ာရွာေတာ့ eschar ေတြ႕ပါတယ္.. ေက်ာ္လြင္ေဆးခန္းဖြင့္တဲ့ေနရာေတြက ေခ်ာင္က်လွတယ္ ၅၆ လမ္းအေရွ႕ဘက္ေအာင္ပင္လယ္႐ြာသစ္ဘက္လဲဖြင့္ခဲ့ဖူးေတာ့ scrub typhus ေတာ္ေတာ္မ်ားမ်ားေတြ႕ခဲ့ဖူးပါတယ္.. ေဖ့ဘြတ္ မရွိေသးတဲ့ေခတ္ေပါ့ အခုေတာ့လဲ

scrub typhus ဆိုတာအခုမွပဲေပၚတဲ့ေရာဂါအသစ္အဆန္း လိုလိုျဖစ္ေနတယ္..ေက်ာက္ကပ္ဆရာဝန္ဘဝမွာေတာ့ အဲဒီေရာဂါေၾကာင့္ ေက်ာက္ကပ္ပ်က္လို႔ေက်ာက္ကပ္ေဆးေပးေနရတယ္.. တကယ္ေတာ့ေက်ာက္ကပ္ကေတာ့ ေနရာတကာတကယ့္ပါရာစိန္ပါပဲ ကိုဗစ္ မွာေတာင္မလြတ္ ငွက္ဖ်ားျဖစ္ရင္လဲပါ ဝမ္းေလ်ာရင္လဲပါေႁမြေပြးကိုက္လဲပါ ယုတ္စြအဆုံးတညင္းသီးစားရင္လဲပါ စားပိုးနင့္ေရာဂါလို႔ေျပာရမယ့္ acute pancreatitis မုန႔္ခ်ိဳအိပ္ေယာင္

ေရာဂါမွာလဲပါ သူမပါတာ မရွိသေလာက္ပါပဲ ဒါေၾကာင့္လဲေက်ာက္ကပ္ဆရာဝန္ျဖစ္ခ်င္ရင္ internal medicine ဆိုတဲ့ေဆးပညာကိုကြၽမ္းက်င္မွသာလက္ခံပါတယ္..အခုလဲေတြ႕ၿပီေလ.. တစ္ေန႔က ေက်ာ္လြင္ ward ထဲမွာ လူနာၾကည့္ေနတုန္း medical unit တစ္ခုက ပဒူေကာင္ကိုက္ၿပီးေက်ာက္ကပ္ပ်က္လို႔ျပလာလို႔လူနာကို ေက်ာက္ကပ္ေဆာင္မွာေခၚထားၿပီး ေက်ာက္ကပ္ေဆးေပးေနရပါတယ္..လူနာက stay home မွာအၿငိမ္မေနပဲ ၿခံရွင္းရင္း ပဒူအုံကို

ဒုတ္နဲ႔ထိုးယုံတင္မက ေပါက္ျပားနဲ႔ပါေပါက္လိုက္ေတာ့ ပြဲသိမ္းၿပီေပါ့ သူကပ်ားလိုပါပဲ bite လိုမသုံးရပါဘူး barbedwire လိုျဖစ္ေနတဲ့ဆူးနဲ႔ထိုးတာပါ.. ျမန္မာလိုေတာ့ပ်ားတုပ္တယ္ အခုဟာက ပဒူဆိုေတာ့ ပဒူတုပ္တယ္လို႔ေျပာရမယ္ထင္တယ္..ဘိုလိုေျပာမယ္ဆိုရင္ေတာ့ wasp sting ေပါ့.. သူရဲ႕ထူးျခားခ်က္က တစ္ေကာင္ကအခ်က္ေပးရင္ အကုန္ဝိုင္းတုပ္ၾကတာပါပဲ.. တစ္ေကာင္က pheronone ဆိုတဲ့အခ်က္ေပးစနစ္ေျပာရမလားပဲ ထုတ္လိုက္တာနဲ႔

အကုန္ဝိုင္းၿပီးတြယ္ေတာ့တာပါပဲ.. ေက်ာ္လြင့္လူနာေတာ့ ကံေကာင္းလို႔မေသ အခုေတာ့ေက်ာက္ကပ္ပ်က္စီးလို႔ေက်ာက္ကပ္ေဆးေနရၿပီေလ..
ဒါေၾကာင့္stay home မို႔စိတ္ခ်ရၿပီမထင္ၾကပါနဲ႔ ေသတတ္တဲ့သတ္တတ္တဲ့ အတြင္းရန္ခႏၶာငါးပါးကိုရထားၾကတဲ့ ပုထုဇဥ္ေတြမို႔ အခ်ိန္မေ႐ြးပ်က္ဆီးသြားႏိုင္တဲ့အနိစၥတရား ဒုကၡတရား အစိုးမရတဲ့အနတၱတရားကို အၿမဲဆင္ျခင္သုံးသပ္ႏိုင္ၾကေစလို႔။

‌ေဒါက္တာေက်ာ္လြင္

Add a Comment

Your email address will not be published. Required fields are marked *