နေ့ခင်းကြောင်တောင် ပဲခူးရွှေဆိုင်ကို ဓားပြဝင်တိုက်
|ရွှေဆိုင်အားဒီနေ့မေလ၁၁ရက်နေ့လယ်၁၂နာရီအချိန် မက်စ်အပြာရောင်တပ်ထားသော အမျိုးသားတစ်ဦးမှရဲဒင်းဖြင့်မှန်ခွဲကာ ရွှေထည်များလုယူထွက်ပြေးမှုပဲခူးမြို့မှာဖြစ်ပွါးခဲ့ကြောင်း ပဲခူးမြို့မရဲစခန်းမှသိရှိရသည်။
ပဲခူးမြို့၊ မြို့တွင်းကြီးရပ်ကွက်၊ “ယု””ရွှေဆိုင်၌ပဲခူးမြို့၊လိပ်ပြာကန်ရပ်ကွက်၊လမ်း၃၀နေအသက်(၃၃)နှစ်ရှစ်ရှိဆိုင်ရှင်ဒေါ်စိန်စီဝင်းသည်၊ ၎င်းနှင့်အတူနေအရောင်းဝန်ထမ်း မသဲမာ နှင့်ပဲခူးမြို့၊ မြို့တွင်းကြီးရပ်ကွက်ရှိ ၎င်းပိုင်ဆိုင်သော “ယု” ရွှေဆိုင်တွင် ရှိနေစဉ် ဆိုင်ကယ်(၁)စီးဖြင့်
တစ်ခါသုံး MASK အပြာရောင်တပ်လျက်၊ လျှာထိုးဦးထုပ်၊ အဖြူရောင်အားကစားအင်္ကျီ၊ အပြာရောင်ဘောင်းဘီရှည်ဝတ်ဆင်ထားသော အမည်မသိအမျိုးသား (၁)ဦးရောက်ရှိလာ၍ “ဆိုင်ဘယ် အချိန်ပိတ်တာလဲလို့ အသိတစ်ယောက်က မေးခိုင်းလိုက်လို့ လာမေးတာ”ဟု ပြောဆိုပြီး
အသင့်ပါလာသော အရိုးအသွား(၁)ပေခွဲခန့်ရှိ အမဲရောင်ရာဘာ လက်ကိုင်ပါအနီရောင်ရဲဒင်းဖြင့် ရွှေဆိုင်တွင်ရောင်းချရန် ခင်းကျင်းထားသည့် ရွှေထည်ပစ္စည်း များထည့်ထားသောမှန်ဘီဒိုအား ရိုက်ခွဲကာကာလတန်ဖိုး(၂၈၀၀၀၀)ကျပ်ရှိ၁၅ပဲရည်၊ သံကြိုးပုံ၊
အလေးချိန်(၁)မတ်သားရှိ ရွှေဆွဲကြိုး(၁)ကုံး၊ကာလတန်ဖိုး(၃၂၀၀၀၀)ကျပ်ရှိ၁၅ပဲရည်၊ ဆွဲသီးပါဖက်ထုပ်ကြိုး၊ အလေးချိန်(၄)ပဲ (၅)ရွေးရှိ ရွှေဆွဲကြိုး(၁)ကုံး၊ကာလတန်ဖိုး(၃၅၀၀၀၀)ကျပ်ရှိ စတောလုံးကြီး၊ အလေးချိန်(၅)ပဲရှိ ရွှေဆွဲကြိုး(၁)ကုံး၊ စုစုပေါင်းကာလတန်ဖိုး(၉၅၀၀၀ဝိ/-)ကျပ်တန်ဖိုးရှိရွှေဆွဲကြိုး၃ကုံးအားလုယူထွက်ပြေးသွားခဲ့ကြောင်း ရဲမှတ်တမ်းအရသိရပါတယ်။
စုစုပေါင်းကာလတန်ဖိုး(၉၅ဝဝဝဝိ/-)ရှိ ရွှေဆွဲကြိုး(၃)ကုံးအားဆိုင်တွင်းဝင်ရောက်၍ မှန်ဘီဒိုအားရိုက်ခွဲကာ လုယူထွက်ပြေးသွားသူ(စုံစမ်းဆဲ)အား ဥပဒေအရ စုံစမ်းဖော်ထုတ်အရေးယူပေးပါရန် ဒေါ်စိန်စီဝင်းမှ တရားလိုပြုလုပ်တိုင်တန်း
သဖြင့်(ပ)၈၂၆/၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ-၃၈၂ အရ အမှုဖွင့်အရေးယူဆောင်ရွက်ထားရှိကာတရားခံအား ဖမ်းဆီးရမိရေး စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း ပဲခူးမြို့မရဲစခန်းမှသိရှိရသည်။
#သတင်း/ဓါတ်ပုံ#သန်းဝင်းနိုင်(ပဲခူး)
ZawGyi Version
ပဲခူးမြို့၊ မြို့တွင်းကြီးရပ်ကွက်၊ “ယု””ရွှေဆိုင်၌ပဲခူးမြို့၊လိပ်ပြာကန်ရပ်ကွက်၊လမ်း၃၀နေအသက်(၃၃)နှစ်ရှစ်ရှိဆိုင်ရှင်ဒေါ်စိန်စီဝင်းသည်၊ ၄င်းနှင့်အတူနေအရောင်းဝန်ထမ်း မသဲမာ နှင့်ပဲခူးမြို့၊ မြို့တွင်းကြီးရပ်ကွက်ရှိ ၎င်းပိုင်ဆိုင်သော “ယု” ရွှေဆိုင်တွင် ရှိနေစဉ် ဆိုင်ကယ်(၁)စီးဖြင့်