ကိုဗစ်ကြောင့် အိမ်လခပေးဖို့တောင် မရှိတော့ဘူးလို့ အလှမယ်သင်းသင်း ရင်ဖွင့်

Sharing is caring!

သရုပ်ဆောင် ဝေဠုကျော်အား တရားလိုဖြစ်သူ သင်းသင်းမှ ကာမလိမ်လည်မှုဖြင့် ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ ၈ ရက်နေ့က ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ် တရားရုံးမှာ စတင် တရားစွဲဆိုခဲ့တာဖြစ်ပြီး ဝေဠုကျော်အနေနဲ့ ငွေကျပ်

သိ န်း ၅၀ နဲ့ အာမခံ ရယူကာ အမှုရင်ဆိုင်နေတာ ဖြစ်ပါတယ်။ယခုကိုဗစ်ကာလမှာတော့ အနုပညာရှင်အများစုဟာ ဝင်ငွေရပ်တန့်သွားကာ ရုန်းကန်နေခဲ့ရတာဖြစ်ပြီး ဒီလိုရုန်းကန်ရတဲ့ထဲမှာ သင်းသင်းလည်းပါဝင်လာခဲ့ပါတယ်

သင်းသင်းကတော့ လက်ရှိ ကိုဗစ်မှာ ပိုက်ဆံမရှိတော့လို့ အိမ်လခမပေးနိုင်တော့တဲ့အတွက် ရွာပြန်ရတော့မယ်လို့ ဖွင့်ဟလာခဲ့တာပါ“ကားလမ်းတွေမြန်မြန်ပြန်ဖွင့်ပါစေလို့ပဲ ဆုတောင်းပါတယ်၊ နောက်ထပ်ခြောက်လအိမ်စာချုပ်ချုပ်ဖို့

အတွက် အဆင်မပြေဘူး၊ ဘာလို့လဲဆိုရင် ကိုယ့်ကိုမှီခိုနေတဲ့မိသားစုကလည်းရှိသေးတယ်၊ စုဆောင်းထားတာမျိုးလည်းမဖြစ်တဲ့အတွက် အိမ်မှာပြန်နေမယ်လို့ပဲ စဉ်းစားထားတယ်” လို့ဆိုလာခဲ့တာဖြစ်ပါတယ်“အမက ဒီကိုဗစ်ကို

ကျော်ဖြတ်ဖို့ Plan ရယ်လို့မရှိပါဘူး အမတိုက်ခန်း ၆ လစာပေးပြီး စာချုပ်ချုပ်လိုက်တဲ့အချိန်မှာ ဒီကိုဗစ်ကြီးပြန်ဖြစ်လာတာဆိုတော့ လူက ပြင်ဆင်လို့ရတာမျိုးလည်းမရှိဘူး ပထမလှိုင်းတုန်းက ဈေးရောင်းတာ အဆင်ပြေပေမယ့် အခု

ကျတော့ ဈေးရောင်းရမှာကအားနာနေပြီ ဘာရောင်းရောင်း အားပေးကြတဲ့သူတွေရှိပေမယ့် အကုန်လုံးကခက်ခဲနေကြတာဆိုတော့ မရောင်းချင်တော့တာပါ ထောက်ပံ့ပေးနေတဲ့သူတွေလည်းရှိပေမယ့် ဒီလိုမျိုးကြီးကျ အဆင်မပြေဘူးလေ

” လို့ သူမ အနေနဲ့ ရွာပြန်ဖို့ဆုံးဖြတ်ထားတဲ့အကြောင်းအရင်းကိုဖွင့်ဟလာခဲ့တာဖြစ်ပါတယ်သင်းသင်းကတော့ ကိုဗစ်ဒုတိယလှိုင်းရဲ့ရိုက်ခတ်မှုဒဏ်ကြောင့် ရွာပြန်နေဖို့စဉ်းစားနေတဲ့အကြောင်း ပြောပြသွားခဲ့တာပါနော် သင်းသင်းတ

ယောက် အမြန်ဆုံးအဆင်ပြေပါစေလို့ ဆုတောင်းပေးလိုက်ပါရစေ။

Zawgyi Version









Add a Comment

Your email address will not be published. Required fields are marked *