ကိုဗစ် စတင်ခဲ့တဲ့ ဝူဟန်မြို့မှာ ပျော်ပွဲရွှင်ပွဲများဖြင့် ပြန်လည်စည်ကားနေ
|ကိုရိုနာဗိုင်းရပ်စ်စဖြစ်ခဲ့ရာ တရုတ်နိုင်ငံက ဝူဟန်မြို့ကြီးကတော့ အခုဆိုရင် အရင်ကလိုပဲ စည်စည်ကားကားနဲ့ ပြန်ဖြစ်နေပါပြီ။ဝူဟန်မြို့ကြီးနာလန်ပြန်ထူလာတာ ဝမ်းသာရမှာဆိုပေမဲ့ ဒီကစခဲ့တဲ့ အကြောင်းတရားကြောင့် ခုတော့ ကမ္ဘ
ာကြီးက နာဖျားနေကြရပါတယ်။ ကိုဗစ်ကြောင့်ကမ္ဘာတစ်ဝန်း သေဆုံးသူက ၁သန်းပြည့်တော့မှာပါ။ပျားပန်းခတ်မျှ လှုပ်ရှားသွားလာနေကြတဲ့ ဝူဟန်မြို့ကြီး ပြန်အသက်ဝင်လာချိန်မှာ ကမ္ဘာ့နိုင်ငံအတော်များများမှာတော့ အသွားအ
လာ တွေကန့်သတ်၊ ညမထွက်ရအမိန့်တွေထုတ်၊ ဆိုင်တွေပိတ် လမ်းတွေပိတ်နဲ့ စားဝတ်နေရေးတွေလည်းထိခိုက် အလုပ်အကိုင်တွေလည်းထိခိုက် နောက်ဆုံး ကျန်းမာရေးတွေလည်း ထိခိုက်နေရပါပြီ။အတိအကျပြောရရင်တော့ကူး
စက်မှုကနေ သေဆုံးသူပေါင်းက ၉၉၃၄၃၈ဖြစ်ပါတယ်။ ကူးစက်မှုပေါင်းက ၃၂.၈သန်းပါ။အမေရိကန်မှာ သေဆုံးသူ ၂သိန်းကျော်၊ ဘရာဇီးမှာ တစ်သိန်းလေးသောင်းကျော်နဲ့ အိန္ဒိယမှာ ကိုးသောင်းသုံးထောင်ကျော် မက္ကဆီကို
မှာ ခုနှစ်သောင်းငါးထောင်ကျော်နဲ့ ဗြိတိန်မှာ လေးသောင်းတစ်ထောင်ကျော်ရှိနေပြီ ဖြစ်ပါတယ်။သတိမထားရင် သေဆုံးသူက ၁သန်းကနေ ၂သန်းတောင် ဖြစ်လာနိုင်ကြောင်း WHOက သတိပေးထားပါတယ်။ကိုဗစ်ကာကွယ်ဆေးရတဲ့
အခါ ဘယ်သူရရဖြစ်နေတဲ့နိုင်ငံတွေကို ညီတူညီမျှ သက်သာသောဈေးဖြင့် ခွဲဝေပေးနိုင်ဖို့ ကမ္ဘာ့အဖွဲ့အစည်းကြီးတွေက ဦးဆောင်စေချင်ကြောင်း ဩစတြေးလျဝန်ကြီးချုပ် စကော့မော်ရစ်ဆင်က ပြောကြားလိုက်ပါတယ်။
Source – AFP
MRTV
Zawgyi Version
ကို႐ိုနာဗိုင္းရပ္စ္စျဖစ္ခဲ့ရာ တ႐ုတ္ႏိုင္ငံက ဝူဟန္ၿမိဳ႕ႀကီးကေတာ့ အခုဆိုရင္ အရင္ကလိုပဲ စည္စည္ကားကားနဲ႔ ျပန္ျဖစ္ေနပါၿပီ။ဝူဟန္ၿမိဳ႕ႀကီးနာလန္ျပန္ထူလာတာ ဝမ္းသာရမွာဆိုေပမဲ့ ဒီကစခဲ့တဲ့ အေၾကာင္းတရားေၾကာင့္ ခုေတာ့ ကမၻ
ာႀကီးက နာဖ်ားေနၾကရပါတယ္။ ကိုဗစ္ေၾကာင့္ကမာၻတစ္ဝန္း ေသဆုံးသူက ၁သန္းျပည့္ေတာ့မွာပါ။ပ်ားပန္းခတ္မွ် လႈပ္ရွားသြားလာေနၾကတဲ့ ဝူဟန္ၿမိဳ႕ႀကီး ျပန္အသက္ဝင္လာခ်ိန္မွာ ကမာၻ႔ႏိုင္ငံအေတာ္မ်ားမ်ားမွာေတာ့ အသြားအ
လာ ေတြကန႔္သတ္၊ ညမထြက္ရအမိန႔္ေတြထုတ္၊ ဆိုင္ေတြပိတ္ လမ္းေတြပိတ္နဲ႔ စားဝတ္ေနေရးေတြလည္းထိခိုက္ အလုပ္အကိုင္ေတြလည္းထိခိုက္ ေနာက္ဆုံး က်န္းမာေရးေတြလည္း ထိခိုက္ေနရပါၿပီ။အတိအက်ေျပာရရင္ေတာ့ကူး
စက္မႈကေန ေသဆုံးသူေပါင္းက ၉၉၃၄၃၈ျဖစ္ပါတယ္။ ကူးစက္မႈေပါင္းက ၃၂.၈သန္းပါ။အေမရိကန္မွာ ေသဆုံးသူ ၂သိန္းေက်ာ္၊ ဘရာဇီးမွာ တစ္သိန္းေလးေသာင္းေက်ာ္နဲ႔ အိႏၵိယမွာ ကိုးေသာင္းသုံးေထာင္ေက်ာ္ မကၠဆီကို
မွာ ခုႏွစ္ေသာင္းငါးေထာင္ေက်ာ္နဲ႔ ၿဗိတိန္မွာ ေလးေသာင္းတစ္ေထာင္ေက်ာ္ရွိေနၿပီ ျဖစ္ပါတယ္။သတိမထားရင္ ေသဆုံးသူက ၁သန္းကေန ၂သန္းေတာင္ ျဖစ္လာႏိုင္ေၾကာင္း WHOက သတိေပးထားပါတယ္။ကိုဗစ္ကာကြယ္ေဆးရတဲ့
အခါ ဘယ္သူရရျဖစ္ေနတဲ့ႏိုင္ငံေတြကို ညီတူညီမွ် သက္သာေသာေဈးျဖင့္ ခြဲေဝေပးႏိုင္ဖို႔ ကမာၻ႔အဖြဲ႕အစည္းႀကီးေတြက ဦးေဆာင္ေစခ်င္ေၾကာင္း ဩစေၾတးလ်ဝန္ႀကီးခ်ဳပ္ စေကာ့ေမာ္ရစ္ဆင္က ေျပာၾကားလိုက္ပါတယ္။
Source – AFP
MRTV