လမ်းပေါ်တက် မဲဆွယ်နေတဲ့ ပါတီတွေ အင်းအားပြရင်း အင်အားလျော့သွားမယ်လို့ သတိပေးလိုက်တဲ့ ဖိုးချစ်
|ပရိသတ်ကြီးရေ လက်ရှိအချိန်ကတော့ ကိုဗစ်ရောဂါကူးစက်ပျံ့နှံ့မှုကိုထိန်းချုပ်ဖို့အတွက် အသွားအလာကန့်သတ်ထားတဲ့ အချိန်ကာလဖြစ်ပေမယ့် လာမယ့်(၂၀၂၀) ရွေးကောက်ပွဲအတွက် မဲဆွယ်ကာ လလည်းဖြစ်တာမို့ ပါတီဝင်တွေ
အသင်းအဖွဲ့အလိုက် စည်းရုံးရေးဆင်းနေကြတာကိုလည်း တွေ့မြင်ကြမှာပါ။ဖိုးချစ်ကတော့ အခုလိုအနေအထားတွေနဲ့ ပတ်သက်ပြီး မဖြစ်သင့်ကြောင်း သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာ မျှဝေလာပါတယ်။“ဒီလိုကာလမှာ အပြင်ထွက် လူစု
လူဝေးနဲ့ မဲဆွယ် သူတွေ အင်အားပြသူတွေ ဘယ်သူ့ကိုမဆို ကန့်ကွက်ပါတယ် ( မလုပ်သင့်သေးသော အချိန်မို့ပါ )အင်အားပြရင်း အင်အားလျော့သွားမယ့် အနေအထားပါဗျာ…နောက်တစ်ခုက ဘယ်သူ ပိုးတွေ့လို့တဲ့ ဘယ်အဖွဲ့တဲ့
ဆိုပြီးကိုယ်နဲ့ အမြင်မတူသူ အယူအဆမတူသူ ကိုယ်အဆင်မပြေတဲ့သူ ပိုးတွေ့ရင် လူသားမဆန်စွာ ဝမ်းသာသလို ရေးတဲ့သူတွေ အားလုံး ကို လုံးဝ လုံးဝရှုတ်ချပါတယ်။ လူသား ဆန်ခြင်း ဆိုတာ အရောင်ကာလာ မခွဲရဘူး။သူ့ဒုက္ခ
ကိုယ့်ဒုက္ခပါ သူ့တဲ မီးလောင်ရုံနဲ့ ကိုယ့်အိမ်က တိုက်ဖြစ်မလာဘူးဗျ။ မေတ္တာအစစ်ဆိုတာ အားလုံးအပေါ်ထားနိုင်ရမယ်ကရုဏာဆိုတာ အားလုံးအပေါ်ထားနိုင်ပါစေ။ မုဒိတာ ဆိုတာ အ ကုန်လုံးအပေါ် ပွားနိုင်ရမယ်။ဥပေက္ခာဆို
တာ ဆိုးခြင်းကောင်းခြင်းနှစ်ခုလုံးကို လျစ်လျူရူ နိုင်ရမယ် မဟုတ်ပါလားဗျာ ” ဆိုပြီး သူ့ရဲ့အမြင်လေးကို ရေးသားခဲ့ပါတယ်။အခုလိုအချိန်မှာ လူသားဆန်စွာနဲ့ တစ်ယောက်နဲ့တစ်ယောက် မခွဲခြားဘဲ ရောဂါဆိုးကြီးကို တွန်းလှန်ကြဖို့က
နိုင်ငံသားတိုင်းရဲ့အဓိကတာဝန်အဖြစ်သတ်မှတ်ထားတဲ့ ဖိုးချစ်ရဲ့အတွေးလေးကို ပရိသတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။ဆယ်လီကမ္ဘာSwelsone News
Zawgyi Version
ပရိသတ္ႀကီးေရ လက္ရွိအခ်ိန္ကေတာ့ ကိုဗစ္ေရာဂါကူးစက္ပ်ံ႕ႏွံ႔မႈကိုထိန္းခ်ဳပ္ဖို႔အတြက္ အသြားအလာကန႔္သတ္ထားတဲ့ အခ်ိန္ကာလျဖစ္ေပမယ့္ လာမယ့္(၂၀၂၀) ေ႐ြးေကာက္ပြဲအတြက္ မဲဆြယ္ကာ လလည္းျဖစ္တာမို႔ ပါတီဝင္ေတြ
အသင္းအဖြဲ႕အလိုက္ စည္း႐ုံးေရးဆင္းေနၾကတာကိုလည္း ေတြ႕ျမင္ၾကမွာပါ။ဖိုးခ်စ္ကေတာ့ အခုလိုအေနအထားေတြနဲ႔ ပတ္သက္ၿပီး မျဖစ္သင့္ေၾကာင္း သူ႔ရဲ႕လူမႈကြန္ရက္စာမ်က္ႏွာမွာ မွ်ေဝလာပါတယ္။“ဒီလိုကာလမွာ အျပင္ထြက္ လူစု
လူေဝးနဲ႔ မဲဆြယ္ သူေတြ အင္အားျပသူေတြ ဘယ္သူ႔ကိုမဆို ကန႔္ကြက္ပါတယ္ ( မလုပ္သင့္ေသးေသာ အခ်ိန္မို႔ပါ )အင္အားျပရင္း အင္အားေလ်ာ့သြားမယ့္ အေနအထားပါဗ်ာ…ေနာက္တစ္ခုက ဘယ္သူ ပိုးေတြ႕လို႔တဲ့ ဘယ္အဖြဲ႕တဲ့
ဆိုၿပီးကိုယ္နဲ႔ အျမင္မတူသူ အယူအဆမတူသူ ကိုယ္အဆင္မေျပတဲ့သူ ပိုးေတြ႕ရင္ လူသားမဆန္စြာ ဝမ္းသာသလို ေရးတဲ့သူေတြ အားလုံး ကို လုံးဝ လုံးဝရႈတ္ခ်ပါတယ္။ လူသား ဆန္ျခင္း ဆိုတာ အေရာင္ကာလာ မခြဲရဘူး။သူ႔ဒုကၡ
ကိုယ့္ဒုကၡပါ သူ႔တဲ မီးေလာင္႐ုံနဲ႔ ကိုယ့္အိမ္က တိုက္ျဖစ္မလာဘူးဗ်။ ေမတၱာအစစ္ဆိုတာ အားလုံးအေပၚထားႏိုင္ရမယ္က႐ုဏာဆိုတာ အားလုံးအေပၚထားႏိုင္ပါေစ။ မုဒိတာ ဆိုတာ အ ကုန္လုံးအေပၚ ပြားႏိုင္ရမယ္။ဥေပကၡာဆို
တာ ဆိုးျခင္းေကာင္းျခင္းႏွစ္ခုလုံးကို လ်စ္လ်ဴ႐ူ ႏိုင္ရမယ္ မဟုတ္ပါလားဗ်ာ ” ဆိုၿပီး သူ႔ရဲ႕အျမင္ေလးကို ေရးသားခဲ့ပါတယ္။အခုလိုအခ်ိန္မွာ လူသားဆန္စြာနဲ႔ တစ္ေယာက္နဲ႔တစ္ေယာက္ မခြဲျခားဘဲ ေရာဂါဆိုးႀကီးကို တြန္းလွန္ၾကဖို႔က
ႏိုင္ငံသားတိုင္းရဲ႕အဓိကတာဝန္အျဖစ္သတ္မွတ္ထားတဲ့ ဖိုးခ်စ္ရဲ႕အေတြးေလးကို ပရိသတ္ႀကီးအတြက္ ျပန္လည္မွ်ေဝေပးလိုက္ပါတယ္ေနာ္။ဆယ္လီကမာၻSwelsone News
Zawgyi Version