စက်ရုံ အလုပ်ရုံ သမားတွေ ရမည့် လူမှုဖူလုံကြေး ၄၀ % တွက်ချက်နည်း
|(၂၄.၉.၂၀၂၀) မှ (၇.၁၀.၂၀၂၀) အထိပိတ်တဲ့ လုပ်ငန်းတွေက ဝန်ထမ်းတွေ လူမှုဖူလုံရေး ၄၀% တွက်နည်းအကြမ်းဖျင်းပြောပြပါမယ်ဘယ်သူတွေရမလဲ? – ၆ လပိုင်း ၂၀၂၀ အထိနောက်ဆုံး ဖူလုံရေးထည့်သွင်းထားပြီး၂၃.၉.
၂၀ ၂၀ အထိ အလုပ်လုပ်ခဲ့သူတွေရပါမယ်.. အလုပ်ပိတ်ထားတဲ့ အလုပ်က ဝန်ထမ်းတွေပေါ့.. ကြေငြာစာမှာပြန်ဖတ်ကြည့်နော်..အလုပ်ရှင်က လစာပေးထားရင်ရောရာလား? – ၁၄ ရက်ပိတ်ရက်မှာ အလုပ်ရှင်က လစာအပြည့်
ပေးထားရင် ၄၀% ကိုအလုပ်ရှင်က ယူလို့ရပါတယ်.. အလုပ်ရှင်က လစာမပေးရင် ၄၀% ခံစားခွင့်ရှိပါတယ်.. ဝန်ထမ်းက တစ်ဖက်ပဲခံစားခွင့်ရှိပါတယ်..အလုပ်ပိတ်တဲ့ထဲမပါတဲ့ စက်ရုံတွေ ရောရလား? – မရပါဘူး.. ဒါဆိုဘယ်
လိုတွက်ရတာလဲ?ဥပမာ လစာ (၂) သိန်းနဲ့ သွင်းထားသူဆိုရင်.. ၂၀၀၀၀၀(လစာ) ÷ ၃၀(ရက်) = ၆၆၆၆ (တစ်ရက်စာ).. တစ်ရက်စာ ၆၆၆၆ ကျပ် x ၁၄(ရက်) = ၉၃၃၃၃ ကျပ်ရပါ မယ်.. ၁၄ ရက်စာ ၄၀% က ဒီလို
တွက်ပါတယ်.. ၉၃၃၃၃ ကျပ် x ၄၀% = ၃၇၃၃၃ ကျပ်ရပါမယ်.. ဒါက ၁၄ ရက်စာပါ.. ကျန်တဲ့အလုပ်ဆင်းရတဲ့ ၁၆ ရက်က အလုပ်ရှင်ကပေးပါလိမ့်မယ်..အစိုးရရဲ့ ရည်ရွယ်ချက်က ပိတ်လို့ လစာမရလိုက်သူတွေအတွက်
ရည်ရွယ်ပါတယ်.. အလုပ်ရှင်က လူမှုဖူလုံရေးမဆောင်ထားရင် အလုပ်ရှင်မှာတာဝန်ရှိပါတယ်။
အားလုံး ရှင်းကြမယ်ထင်ပါတယ်။
Aung Sithu (HR ဘဝ)
Zawgyi Version
Aung Sithu (HR ဘဝ)