မြန်မာပြည်ကို ကာကွယ်ဆေးရောက်ရင် ဒီလူတွေကို ဦးစားပေးပါ့မယ်
Sharing is caring!
ကာကွယ်ဆေးရခဲ့ရင်တောင် ခုလက်ရှိဆောင်ရွက်နေတဲ့ ရောဂါကာကွယ်ရေးနည်းလမ်းတွေ ဆက်လက်လုပ်ဆောင်နေရအုံးမှာဖြစ်ပါတယ် ဘာလို့ဆိုတော့ ကာကွယ်ဆေးက လူအားလုံးကို ပေးနိုင်မှာ မဟုတ်သေးလို့ပါပဲ။သို့သော် အန္တရာယ်နဲ့အမြဲရင်ဆိုင်နေရတဲ့
ကျန်းမာရေးဝန်ထမ်းတွေ အသက်ကြီးသူတွေ နောက်ခံရောဂါရှိသူတွေ နိုင်ငံတော်ယန္တရားအတွက် မရှိမဖြစ်သူတွေကတော့ ပထမဦးစားပေး ဖြစ်ပါတယ်။ နိုင်ငံလူဦးရေရဲ့ ၂၀% ကတော့ ရဖို့ရှိပါတယ် ဒါဆိုရင်တော့ ဖြစ်ပွားမှု သေဆုံးမှု လျော့ကျမှာ အသေအချာပါပဲ
။ ဆက်ပြီး အားတင်းထားကြစို့ရဲ့။
“ကိုဗစ်အတွက် ကာကွယ်ဆေး အလှမ်းမဝေးတော့ပါ”ကိုဗစ်ရောဂါအတွက် ကာကွယ်ဆေးကို ယခု ၂၀၂၀ နှစ်ကုန်ပိုင်းတွင် ရရှိနိုင်လိမ့်မည်ဟု WHO ၏ အကြီးအကဲ Dr. Tedros က ဆိုင်းမဆင့်ဗုံမပါ ပြောကြားလိုက်သည်ဟု CGTN သတင်းဌာနက ယနေ့ (၆/၁
၀/၂၀၂၀)၂၂:၁၂ အချိန်တွင် ဖော်ပြထားသည်ကို တွေ့ရပါသည်..။WHO အကြီးအကဲသည် နှစ်ရက်ကြာကျင်းပသည့် ကိုဗစ်ကာကွယ်ထိန်းချုပ်ရေးအတွက် ထိပ်တန်းအစည်းအဝေးတွင် ပြောကြားလိုက်ခြင်းဖြစ်ပါသည်။‘ကျွန်တော်တို့အားလုံး ကာကွယ်ဆေး ကိုလိုအ
ပ်နေကြတယ် ခုဆိုရင် ဒီနှစ်ကုန်ပိုင်းမှာ ကာကွယ်ဆေးရရှိဖို့ မျှော်လင့်လို့ရနေပါပြီ’ ဟု ပြောကြားလိုက်ခြင်းဖြစ်ပါသည်.. ဒါ့ကြောင့်မျှော်လင့်ချက်ကတော့ အမှန်တကယ်ဖြစ်လာတော့မှာပါ။
လက်ရှိအချိန်တွင် ကာကွယ်ဆေး ၉ မျိုးသည် WHO ဦးဆောင်သည့် ကမ္ဘာလုံးဆိုင်ရာ ကာကွယ်ဆေးရရှိရေးဆောင်ရွက်နေသည့် COVAX အဖွဲ့အစည်း၏ ဦးဆောင်မှုအောက်တွင် ရရှိရန် နီးစပ်လျက်ရှိပြီး ၂၀၂၁ အကုန်တွင် ကာကွယ်ဆေး ၂ ဘီလီယမ် ဖြန့်ဖြူး
နိုင်ဖို့ ရည်ရွယ်ထားပါသည်(တသုတ်ပြီးတသုတ် ဖြန့်မည်ဖြစ်ပါသည် ၂၀၂၁ ကုန်တွင် စီးပွားရေးအသင့်အတင့်နှင့် ဖွံ့ဖြိုးမှုနည်းသောတိုင်းပြည် ၉၂ နိုင်ငံကို နှစ်ဘီလီယံ ဖြန့်ဖြူးနိုင်ရန်ရည်ရွယ်ခြင်းဖြစ်ပါသည်) (ဤနေရာတွင် ကာကွယ်ဆေးကို ရရှိသည်နှင့် အခြား
နိုင်ငံများနည်းတူ အမြန်ဆုံးရရှိနိုင်ဖို့အတွက်လည်း သက်ဆိုင်ရာအဖွဲ့အစည်း နိုင်ငံများနှင့် ချိတ်ဆက်ဆောင်ရွက်ထားရှိပါသည်)
Zawgyi Version
Add a Comment
Your email address will not be published.