အောင်လအန်ဆန်ကို ၂ ချီ နဲ့ အပြတ်ထိုးမယ်ဆိုတဲ့ နယ်သားလန်သား ဒီရစ်ဒါ (ရုပ်သံ)

Sharing is caring!

  • အောက်တွင် ရုပ်သံဖိုင် ပါသည်

ONEChampionship၏ ဝိတ်တန်း(၂)ခုချန်ပီယံ အောင်လအန်ဆန်၏ မစ်ဒယ်ဝိတ်တန်း ကမ ္ဘာ့ချန်ပီယံစိန်ခေါ်ပွဲအား အောက်-တိုဘာ(၃၀)ရက်နေ့တွင် စင်ကာပူနိုင်ငံ၌ကျင်းပသွားမည်ဖြစ်ကြောင်း ONE Champ-ionship CEO ချက်ထရီက အတည်ပြုခဲ့သည်။

“Cကြားဖြန်သတင်းအနေနဲ့ ကျွန်တော်တို့ရဲ့ONE:Inside The Matrix ပြိုင်ပွဲမှာ ကမ ္ဘာ့ချန်ပီယံကာကွယ်ပွဲ(၄)ပွဲ ပါဝင်မယ့်အကြောင်းပြောကြားပါရစေ”ဟု ONE ChampionshipCEO ချက်ထရီက သူ၏ လူမှုကွန်ယက်စာမျက်နှာတွင် ဖော်ပြခဲ့သည်။ အဆိုပါပြိုင်ပွဲ ၏ အဓိကပွဲစဉ်အဖြစ် အောင်လအန်ဆန်နှင့် ဒီရိုက်ဒါတို့၏ မစ်ဒယ်ဝိတ်တန်း ကမ ္ဘာ့ချန်ပီယံကာကွယ်ပွဲကို သတ်မှတ်ထားကြောင်း သိရသည်။ အခြားချန်ပီယံလုပွဲများတွင် လိုက်ဝိန်ကမ ္ဘာ့ချန်ပီယံလုပွဲ၊ ဖယ်သာဝိတ်ကမ ္ဘာ့ချန်ပီယံလုပွဲနှင့်စတောဝိတ်ကမ ္ဘာ့ချန်ပီယံလုပွဲတို့ ပါဝင်သွားမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ချက်ထရီက အဆိုပါပွဲစဉ် နှင့်ပတ်သတ်၍ မိမိ၏ထုတ်-ပြန်ချက်များကို အာရုံစူးစိုက်ထားရန်နှင့် အလဲထိုးပွဲစဉ်များ များပြားနည်ဟု ပြောကြားခဲ့သည်။အောင်လအန်ဆန်သည် သူ၏ မစ်ဒယ်ဝိတ်-တန်း ကမ ္ဘာ့ချန်ပီယံကာကွယ်ပွဲကို ပြီးခဲ့သည့်ဖေဖော် ဝါရီလကတည်းက ထိုးသတ်ရန် စီစဉ်ခဲ့သော်လည်း ပြိုင်ဘက်များ ဒဏ်ရာရရှိခြင်းကြောင့်လည်းကောင်း၊ #COVID19 အခြေအနေများကြောင့်လည်းကောင်း ပွဲစဉ်ကို ရွှေ့ဆိုင်းခဲ့ရခြင်း ဖြစ်သည်။

ဒီရိုက်ဒါသည် ပြီးခဲ့သည့်ဖေဖော်ဝါရီလတွင် အောင်လအန်ဆန်အား စိန်ခေါ်ခဲ့သူဖြစ်ပြီး ဒဏ်ရာရရှိခဲ့သောကြောင့် ၎င်း-နေရာတွင် ရုရှားနိုင်ငံသား ဗစ်တာလီဘဂ်ဒက်ရှ်နှင့် အစားထိုးခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်းဗစ်တာလီမှာ လေ့ကျင့်နေစဉ်အတွင် ဒဏ်ရာရရှိ

ခဲ့သောကြောင့် မူလစိန်ခေါ်သူ ဒီရိုက်ဒါနှင့်ပြန်-လည်စီစဉ်ခဲ့ခြင်ဖြစ်ကြောင်း သိရသည်။ မူလစိန်ခေါ်ပွဲတွင် ဒီရိုက်ဒါက အောင်လအန်ဆန်အားဒုတိယအချီနှင့် တတိယအချီတွင် အလဲထိုးသွားမည်ဟု ပြောကြားထားသည်။ အောင်လအန်ဆန်သည် သူ၏ နောက်ဆုံးပွဲတွင် ဖိလစ်ပိုင်နိုင်ငံသား ဘရန်ဒန်ဗီရာကို အလဲထိုးကာ အနိုင်ရထားသည်။

  • ရုပ်သံဖိုင်အား ကြည့်ရန် နှိပ်ပါ

Zawgyi Version

  • ေအာက္တြင္ ႐ုပ္သံဖိုင္ ပါသည္

ONEChampionship၏ ဝိတ္တန္း(၂)ခုခ်န္ပီယံ ေအာင္လအန္ဆန္၏ မစ္ဒယ္ဝိတ္တန္း ကမ ၻာ့ခ်န္ပီယံစိန္ေခၚပြဲအား ေအာက္-တိုဘာ(၃၀)ရက္ေန႔တြင္ စင္ကာပူႏိုင္ငံ၌က်င္းပသြားမည္ျဖစ္ေၾကာင္း ONE Champ-ionship CEO ခ်က္ထရီက အတည္ျပဳခဲ့သည္။

“Cၾကားျဖန္သတင္းအေနနဲ႔ ကြၽန္ေတာ္တို႔ရဲ႕ONE:Inside The Matrix ၿပိဳင္ပြဲမွာ ကမ ၻာ့ခ်န္ပီယံကာကြယ္ပြဲ(၄)ပြဲ ပါဝင္မယ့္အေၾကာင္းေျပာၾကားပါရေစ”ဟု ONE ChampionshipCEO ခ်က္ထရီက သူ၏ လူမႈကြန္ယက္စာမ်က္ႏွာတြင္ ေဖာ္ျပခဲ့သည္။ အဆိုပါၿပိဳင္ပြဲ ၏ အဓိကပြဲစဥ္အျဖစ္ ေအာင္လအန္ဆန္ႏွင့္ ဒီ႐ိုက္ဒါတို႔၏ မစ္ဒယ္ဝိတ္တန္း ကမ ၻာ့ခ်န္ပီယံကာကြယ္ပြဲကို သတ္မွတ္ထားေၾကာင္း သိရသည္။ အျခားခ်န္ပီယံလုပြဲမ်ားတြင္ လိုက္ဝိန္ကမ ၻာ့ခ်န္ပီယံလုပြဲ၊ ဖယ္သာဝိတ္ကမ ၻာ့ခ်န္ပီယံလုပြဲႏွင့္စေတာဝိတ္ကမ ၻာ့ခ်န္ပီယံလုပြဲတို႔ ပါဝင္သြားမည္ျဖစ္ေၾကာင္း သိရသည္။

ထို႔ျပင္ ခ်က္ထရီက အဆိုပါပြဲစဥ္ ႏွင့္ပတ္သတ္၍ မိမိ၏ထုတ္-ျပန္ခ်က္မ်ားကို အာ႐ုံစူးစိုက္ထားရန္ႏွင့္ အလဲထိုးပြဲစဥ္မ်ား မ်ားျပားနည္ဟု ေျပာၾကားခဲ့သည္။ေအာင္လအန္ဆန္သည္ သူ၏ မစ္ဒယ္ဝိတ္-တန္း ကမ ၻာ့ခ်န္ပီယံကာကြယ္ပြဲကို ၿပီးခဲ့သည့္ေဖေဖာ္ ဝါရီလကတည္းက ထိုးသတ္ရန္ စီစဥ္ခဲ့ေသာ္လည္း ၿပိဳင္ဘက္မ်ား ဒဏ္ရာရရွိျခင္းေၾကာင့္လည္းေကာင္း၊ #COVID19 အေျခအေနမ်ားေၾကာင့္လည္းေကာင္း ပြဲစဥ္ကို ေ႐ႊ႕ဆိုင္းခဲ့ရျခင္း ျဖစ္သည္။

ဒီ႐ိုက္ဒါသည္ ၿပီးခဲ့သည့္ေဖေဖာ္ဝါရီလတြင္ ေအာင္လအန္ဆန္အား စိန္ေခၚခဲ့သူျဖစ္ၿပီး ဒဏ္ရာရရွိခဲ့ေသာေၾကာင့္ ၎-ေနရာတြင္ ႐ုရွားႏိုင္ငံသား ဗစ္တာလီဘဂ္ဒက္ရွ္ႏွင့္ အစားထိုးခဲ့ျခင္း ျဖစ္သည္။ သို႔ေသာ္လည္းဗစ္တာလီမွာ ေလ့က်င့္ေနစဥ္အတြင္ ဒဏ္ရာရရွိ

ခဲ့ေသာေၾကာင့္ မူလစိန္ေခၚသူ ဒီ႐ိုက္ဒါႏွင့္ျပန္-လည္စီစဥ္ခဲ့ျခင္ျဖစ္ေၾကာင္း သိရသည္။ မူလစိန္ေခၚပြဲတြင္ ဒီ႐ိုက္ဒါက ေအာင္လအန္ဆန္အားဒုတိယအခ်ီႏွင့္ တတိယအခ်ီတြင္ အလဲထိုးသြားမည္ဟု ေျပာၾကားထားသည္။ ေအာင္လအန္ဆန္သည္ သူ၏ ေနာက္ဆုံးပြဲတြင္ ဖိလစ္ပိုင္ႏိုင္ငံသား ဘရန္ဒန္ဗီရာကို အလဲထိုးကာ အႏိုင္ရထားသည္။

  • ႐ုပ္သံဖိုင္အား ၾကည့္ရန္ ႏွိပ္ပါ

Add a Comment

Your email address will not be published.