ကိုဗစ်ကြောင့် သေဆုံးသူ များလာရတဲ့ အကြောင်းအရင်း

Sharing is caring!

ကိုဗစ်ကြောင့် သေဆုံးသူ များလာရတဲ့ အကြောင်းအရင်း

Covid ကြောင့် အသက်ဆုံးရတဲ့သူတွေ ခပ်စိတ်စိတ်တွေ့လာရပါပြီ ။ အခြေနေဆိုးတဲ့သူတွေလည်း များများလာပါတယ်။ နိုင်ငံရေးပေါ်ပင်စကားနဲ့ပြောရရင် တပ်လှန့်ဖို့အချိန်တန်ပြီ။ လေ့လာကြည့်ရင် Covid သေဆုံးလူနာတွေ

အများစုက ဆေးရုံတက်ပြီးမှ တဖြည်းဖြည်း အမောဖောက်သေဆုံးသွားတာထက် အမောဖောက်ပြီးမှ ဆေးရုံရောက်လာပြီး ရောက်လာချင်း (သို့မဟုတ်) အမောဖောက်၍ ဆေးရုံတက်ပြီးသိပ်မကြာဘူး သေဆုံးရတာတွေ မျာများ

လာတာတွေ့ရပါတယ်။

Covid လူနာတွေကို လေ့လာကြည့်လိုက်ရင် တခြားသောရောရောဂါတွေနဲ့မတူဘဲ ထူးကဲချက်တစ်ခုက သိသိသာသာတွေ့ရပါတယ်။ ဒါက  Silent Hypoxemia ဟုခေါ်သော တိတ်တခိုးသွေးတွင်းအောက်ဆီဂျင်ကျခြင်း (

သို့မဟုတ် ) တိတ်တခိုး လူသတ်သမားဆိုသူပါ ။

ပုံမှန်လူကောင်းတွေမှာ လက်ထိပ်တိုင်းအောက်ဆီဂျင်စက်ကလေးနဲ့ တိုင်းလိုက်ရင် သွေးတွင်းအောက်ဆီဂျင်က ၉၉% ၉၈% ၉၇% ၉၆% ၉၅% စသဖြင့် အသီးသီးတွေ့ရပါတယ်။ ဒါကပုံမှန်ပါ။ လူတစ်ယောက်   ဘာရောဂါပဲ

ဖြစ်ဖြစ် အဆုတ်ရောဂါဘယ်လိုအခြေနေကြောင့်ဖြစ်ဖြစ် သွေးတွင်းအောက်ဆီဂျင်ပမာဏက စက်ကလေးနဲ့တိုင်းလိုက်ရင် ၈၅% ကနေ ၉၀% လောက်ထိဖြစ်လာပြီဆိုရင်တော့ ချက်ချင်း မောဟိုက်လာပါတယ်။ နေ့တဓူအလုပ်တွေကို မလုပ်နိုင်တော့ပါဘူး။

သို့သော် Covid အဆုတ်ရောင်လူနာအများစုမှာတော့ ဒါနဲ့မတူဘဲ ထူးကဲတာတစ်ခုတွေ့ပါရတယ် ။ အောက်ဆီဂျင် ၇၀-၈၀% ပတ်ဝန်းကျင်ကျဆင်းနေသော်လည်း ပထမ ၁ ရက်လောက်မှာ သိပ်ပြီးမောဟိုက်မနေတာပါ။ လူကအေးအေးဆေးဆေးပဲ။ နေ့တဓူဝအလုပ်တွေ ရေချိုး အိမ်သာသွား အဝတ်လဲ အစာစား အေးအေးဆေးဆေးပဲ ။ မောလားလို့မေးတော့ မမောဘူးတဲ့။ မယုံရလောက်အောင် အံ့သြရပါတယ်။ ဒါကြောင့် Silent Hypoxemia လို့ ဆေးပညာရှင်တွေက သုံးကြတာပါ။

အဲဒါလေးကို မမောဘူး လူကနေကောင်းနေတယ်ဆိုပြီး အောက်ဆီဂျင် အချိန်မီမပေးလိုက်မိဘူးဆိုရင် အဲဒီမှာ ဇာတ်လမ်းကစတော့တာပဲ။ မောတဲ့လက္ခဏာစပေါ်ပြီ။ ငါမောပြီ။ ငါ့ကို ဆေးရုံပို့ပါတော့။ ဆရာ ကျတော်မောပြီဆိုတာနဲ့ မလွယ်တော့ပါ။ အဲဒီလူတွေက တကယ်မလွယ်တော့ပါ ။ ဆေးလိပ်လည်းတို နေလည်းညိုပါပြီ။

အဲဒါကြောင့်ပဲ Covid မှာ ရောက်သေတွေများလာရတာပါ။ ဖျားတာ ချောင်းဆိုးတာ အနံ့ပျောက်တာလောက်ပဲဆိုပြီး အိမ်မှာ အမူမဲ့အမှတ်မဲ့အလေးမထား ကြိတ်ကုနေပြီး Silent Hypoxemia ကို လွတ်သွားပြီးမှ မောဟိုက်လာပြီးမှ အောက်ဆီဂျင်ဇောက်ထိုးကျလာပြီးမှ ဆေးရုံရောက်လာရင်တော့ မလွယ်တော့ပါ။

ဒါဟာ Covid 19 ရောဂါရဲ့ ထူးခြားချက်ပါ။ ရောက်သေဖြစ်နေရခြင်း အကြောင်းရင်းပါ။ဒါကြောင့် ဖျားနေတာ ချောင်းဆိုးနေတာ လေးရက်ငါးရက်ရှိနေပြီ။ အသက်ကလည်းကြီးပြီ။ အခံရောဂါကလည်းရှိနေ ကြိတ်ကုနေရင်တော့ တိတ်တခိုးလူသတ်သမား Silent hypoxemia in Covid 19 ကြောင့် ဆရာမနိုင်နှစ်ဆောင်ပြိုင် ဖြစ်ဖို့များသွားပါပြီ။

Credit:Dr Daw Mar Mar Kyi

Zawgyi

ကိုဗစ္ေၾကာင့္ ေသဆုံးသူ မ်ားလာရတဲ့ အေၾကာင္းအရင္း

Covid ေၾကာင့္ အသက္ဆုံးရတဲ့သူေတြ ခပ္စိတ္စိတ္ေတြ႕လာရပါၿပီ ။ အေျခေနဆိုးတဲ့သူေတြလည္း မ်ားမ်ားလာပါတယ္။ ႏိုင္ငံေရးေပၚပင္စကားနဲ႔ေျပာရရင္ တပ္လွန႔္ဖို႔အခ်ိန္တန္ၿပီ။ ေလ့လာၾကည့္ရင္ Covid ေသဆုံးလူနာေတြအမ်ားစုက ေဆး႐ုံတက္ၿပီးမွ တျဖည္းျဖည္း အေမာေဖာက္ေသဆုံးသြားတာထက္ အေမာေဖာက္ၿပီးမွ ေဆး႐ုံေရာက္လာၿပီး ေရာက္လာခ်င္း (သို႔မဟုတ္) အေမာေဖာက္၍ ေဆး႐ုံတက္ၿပီးသိပ္မၾကာဘူး ေသဆုံးရတာေတြ မ်ားမ်ားလာတာေတြ႕ရပါတယ္။

Covid လူနာေတြကို ေလ့လာၾကည့္လိုက္ရင္ တျခားေသာေရာေရာဂါေတြနဲ႔မတူဘဲ ထူးကဲခ်က္တစ္ခုက သိသိသာသာေတြ႕ရပါတယ္။ ဒါက  Silent Hypoxemia ဟုေခၚေသာ တိတ္တခိုးေသြးတြင္းေအာက္ဆီဂ်င္က်ျခင္း ( သို႔မဟုတ္ ) တိတ္တခိုး လူသတ္သမားဆိုသူပါ ။

ပုံမွန္လူေကာင္းေတြမွာ လက္ထိပ္တိုင္းေအာက္ဆီဂ်င္စက္ကေလးနဲ႔ တိုင္းလိုက္ရင္ ေသြးတြင္းေအာက္ဆီဂ်င္က ၉၉% ၉၈% ၉၇% ၉၆% ၉၅% စသျဖင့္ အသီးသီးေတြ႕ရပါတယ္။ ဒါကပုံမွန္ပါ။ လူတစ္ေယာက္ ဘာေရာဂါပဲျဖစ္ျဖစ္ အဆုတ္ေရာဂါဘယ္လိုအေျခေနေၾကာင့္ျဖစ္ျဖစ္ ေသြးတြင္းေအာက္ဆီဂ်င္ပမာဏက စက္ကေလးနဲ႔တိုင္းလိုက္ရင္ ၈၅% ကေန ၉၀% ေလာက္ထိျဖစ္လာၿပီဆိုရင္ေတာ့ ခ်က္ခ်င္း ေမာဟိုက္လာပါတယ္။ ေန႔တဓူဝအလုပ္ေတြကို မလုပ္ႏိုင္ေတာ့ပါဘူး။

သို႔ေသာ္ Covid အဆုတ္ေရာင္လူနာအမ်ားစုမွာေတာ့ ဒါနဲ႔မတူဘဲ ထူးကဲတာတစ္ခုေတြ႕ပါရတယ္ ။ ေအာက္ဆီဂ်င္ ၇၀-၈၀% ပတ္ဝန္းက်င္က်ဆင္းေနေသာ္လည္း ပထမ ၁ ရက္ေလာက္မွာ သိပ္ၿပီးေမာဟိုက္မေနတာပါ။ လူကေအးေအးေဆးေဆးပဲ။ ေန႔တဓူဝအလုပ္ေတြ ေရခ်ိဳး အိမ္သာသြား အဝတ္လဲ အစာစား ေအးေအးေဆးေဆးပဲ ။ ေမာလားလို႔ေမးေတာ့ မေမာဘူးတဲ့။ မယုံရေလာက္ေအာင္ အံ့ၾသရပါတယ္။ ဒါေၾကာင့္ Silent Hypoxemia လို႔ ေဆးပညာရွင္ေတြက သုံးၾကတာပါ။

အဲဒါေလးကို မေမာဘူး လူကေနေကာင္းေနတယ္ဆိုၿပီး ေအာက္ဆီဂ်င္ အခ်ိန္မီမေပးလိုက္မိဘူးဆိုရင္ အဲဒီမွာ ဇာတ္လမ္းကစေတာ့တာပဲ။ ေမာတဲ့လကၡဏာစေပၚၿပီ။ ငါေမာၿပီ။ ငါ့ကို ေဆး႐ုံပို႔ပါေတာ့။ ဆရာ က်ေတာ္ေမာၿပီဆိုတာနဲ႔ မလြယ္ေတာ့ပါ။ အဲဒီလူေတြက တကယ္မလြယ္ေတာ့ပါ ။ ေဆးလိပ္လည္းတို ေနလည္းညိဳပါၿပီ။

အဲဒါေၾကာင့္ပဲ Covid မွာ ေရာက္ေသေတြမ်ားလာရတာပါ။ ဖ်ားတာ ေခ်ာင္းဆိုးတာ အနံ႔ေပ်ာက္တာေလာက္ပဲဆိုၿပီး အိမ္မွာ အမူမဲ့အမွတ္မဲ့အေလးမထား ႀကိတ္ကုေနၿပီး Silent Hypoxemia ကို လြတ္သြားၿပီးမွ ေမာဟိုက္လာၿပီးမွ ေအာက္ဆီဂ်င္ေဇာက္ထိုးက်လာၿပီးမွ ေဆး႐ုံေရာက္လာရင္ေတာ့ မလြယ္ေတာ့ပါ။

ဒါဟာ Covid 19 ေရာဂါရဲ႕ ထူးျခားခ်က္ပါ။ ေရာက္ေသျဖစ္ေနရျခင္း အေၾကာင္းရင္းပါ။ဒါေၾကာင့္ ဖ်ားေနတာ ေခ်ာင္းဆိုးေနတာ ေလးရက္ငါးရက္ရွိေနၿပီ။ အသက္ကလည္းႀကီးၿပီ။ အခံေရာဂါကလည္းရွိေန ႀကိတ္ကုေနရင္ေတာ့ တိတ္တခိုးလူသတ္သမား Silent hypoxemia in Covid 19 ေၾကာင့္ ဆရာမႏိုင္ႏွစ္ေဆာင္ၿပိဳင္ ျဖစ္ဖို႔မ်ားသြားပါၿပီ။

Credit:Dr Daw Mar Mar Kyi

Add a Comment

Your email address will not be published. Required fields are marked *