ကိုဗစ်ကာကွယ်ရေးကာလမှာ နေပူစာလှုံဖြစ်အောင် လှုံကြပါ
|ကိုဗစ်အတွက်အရေးကြီးတဲ့ ဗိုက်တာမင် D အကြောင်း ဖတ်ဖူးသမျှမျှဝေပါရစေ။ ကျမ်းမာရေးပညာရှင်တွေက ကိုဗစ် ကာကွယ်ရေး အားဆေးပေးရာမှာ Zinc အပြင် ဗိုက်တာမင် D ကို ပေးနေကြပါပြီ။
လူ့အရေပြားအောက်က အဆီကို နေရောင်ထိတဲ့အခါ အဆီက နေရောင်က UVB ကို စုတ်ယူပြီး ဗိုက်တာမင် D ချက်လုပ်ပြီး ခန္ဓာကိုယ်အနှံ့ D ကို ပို့ပေးတယ်။ ဗိုက်တာမင် D ဟာ ခန္ဓာကိုယ်ထဲဝင်လာတဲ့ ကယ်လ်စီယံ ကိုစုတ်ပေးတယ်၊ အရိုးတွေမာစေတယ်။ ခန္ဓာကိုယ် ထဲဝင်လာတဲ့ မကောင်းတဲ့ ဘက်တီးရီးယား နဲ့ ဗိုင်းရပ်စ် တွေကို ကာကွယ်တယ်။ ကင်ဆာကို တိုက်တယ်။ စိတ်ကျရောဂါ ကို ကာကွယ်တယ်။ ကြွက်သား ကို တောင့်တင်းစေတယ်။
ဗိုက်တာမင် D လျော့ရင် ခါးနာတယ်၊ စိတ်ကျရောဂါဖြစ်တယ်။ တခြားရောဂါတွေဝင်တယ်၊ ဆံပင်ကျွတ်တယ်။ ရောဂါစုံနဲ့ သေတတ်ပါတယ်။
ဒါကြောင့် ရှေးလူကြီးတွေ နေပူစာ လှုံကြတယ်၊ နေ့တိုင်း နေပူစာလှုံရင် လူကြီးတွေကျမ်းမာလာမယ်။ အခန်းထဲ အောင်းခိုင်းထားရင် ဗိုက်တာမင် D ချို့တဲ့ပြီး ရောဂါတခုပြီး တခု ဖြစ်မယ်။
နေရောင်မရရင် ငါး အသား နဲ့ ကြက်ဥ စားရပါတယ်။ ဒါပေမဲ့ နေရောင်ထဲက ရတာထက်နည်းပါတယ်။ နေ့တိုင်းစားနေဖို့ လိုပါတယ်။
၁၀ နာရီ မှ ၁၁ နာရီကြား နေ ( ဘယ်အချိန်ဖြစ်ဖြစ် နေ့ခင်းနေ) မှာ ၁၀ မိနစ် ကနေ နာရီဝက်ကြား ရပ်ပေးပါ။ နေပူပြင်းရင် ဆယ်မိနစ်လောက်ပဲ လိုပါတယ်။ နာရီဝက်လောက် နေက ရတဲ့ D ဟာ 20000 Iu အထိရနိုင်တယ်။ တပါတ်မှာ သုံးခါ အနည်းဆုံးနေရောင် ထိပေးရရင် တပါတ်စာ D လုံလောက်ပါတယ်။ ခန္ဓာကိုယ်အစိတ်အပိုင်းတခုကို နေရောင်တိုက်ရိုက်ရရင် ရပါပြီ။ တကိုယ်လုံးချွတ်စရာမလိုပါဘူး။
အသားညိုတဲ့ လူတွေဟာ ဖြူတဲ့လူတွေထက် နေထဲက ဗိုက်တာမင် D ရတာ နှေးတယ်။ နေထဲမှာ ပိုပြီးကြာကြာနေရပါတယ်။ အသားညိုမဲ တဲ့ လူတွေ ဟာ ဗိုက်တာမင် D လျော့နေတတ်ပါတယ်။
နေရောင်ထဲမှာမဟုတ်ပဲ အပြင်ထွက်နေရင်တောင် ဗိုက်တာမင် D ကိုသွယ်ဝိုက်ရပါတယ်။
ဗိုက်တာမင် D ကို မှန်ကတဆင့်ဝင်တဲ့ နေရောင်ကနေ လုံးဝ မရပါဘူး။ နေနဲ့တိုက်ရိုက်ထိတွေ့မှ ရတာပါ။
နေပူစာ လှုံဖြစ်အောင် လှုံကြပါ။ နေ့တိုင်းလှုံလေ ကောင်းလေပါ။ ခန္ဓာကိုယ်အတွက်အရေးကြီးတဲ့ ဗိုက်တာမင် တမျိုး အလကား ရတာပေါ့။ သောင်းချီပေးရတဲ့ ဗိုက်တာမင် D ဆေး တွေဝယ်စရာမလိုတော့ဘူးပေါ့။
ကျမ်းမာကြပါစေ။
Zawgyi
ကိုဗစ္ကာကြယ္ေရးကာလမွာ ေနပူစာလႈံျဖစ္ေအာင္ လႈံၾကပါ
ကိုဗစ္အတြက္အေရးႀကီးတဲ့ ဗိုက္တာမင္ D အေၾကာင္း ဖတ္ဖူးသမွ်မွ်ေဝပါရေစ။ က်မ္းမာေရးပညာရွင္ေတြက ကိုဗစ္ ကာကြယ္ေရး အားေဆးေပးရာမွာ Zinc အျပင္ ဗိုက္တာမင္ D ကို ေပးေနၾကပါၿပီ။
လူ႔အေရျပားေအာက္က အဆီကို ေနေရာင္ထိတဲ့အခါ အဆီက ေနေရာင္က UVB ကို စုတ္ယူၿပီး ဗိုက္တာမင္ D ခ်က္လုပ္ၿပီး ခႏၶာကိုယ္အႏွံ႔ D ကို ပို႔ေပးတယ္။ ဗိုက္တာမင္ D ဟာ ခႏၶာကိုယ္ထဲဝင္လာတဲ့ ကယ္လ္စီယံ ကိုစုတ္ေပးတယ္၊ အ႐ိုးေတြမာေစတယ္။ ခႏၶာကိုယ္ ထဲဝင္လာတဲ့ မေကာင္းတဲ့ ဘက္တီးရီးယား နဲ႔ ဗိုင္းရပ္စ္ ေတြကို ကာကြယ္တယ္။ ကင္ဆာကို တိုက္တယ္။ စိတ္က်ေရာဂါ ကို ကာကြယ္တယ္။ ႂကြက္သား ကို ေတာင့္တင္းေစတယ္။
ဗိုက္တာမင္ D ေလ်ာ့ရင္ ခါးနာတယ္၊ စိတ္က်ေရာဂါျဖစ္တယ္။ တျခားေရာဂါေတြဝင္တယ္၊ ဆံပင္ကြၽတ္တယ္။ ေရာဂါစုံနဲ႔ ေသတတ္ပါတယ္။
ဒါေၾကာင့္ ေရွးလူႀကီးေတြ ေနပူစာ လႈံၾကတယ္၊ ေန႔တိုင္း ေနပူစာလႈံရင္ လူႀကီးေတြက်မ္းမာလာမယ္။ အခန္းထဲ ေအာင္းခိုင္းထားရင္ ဗိုက္တာမင္ D ခ်ိဳ႕တဲ့ၿပီး ေရာဂါတခုၿပီး တခု ျဖစ္မယ္။
ေနေရာင္မရရင္ ငါး အသား နဲ႔ ၾကက္ဥ စားရပါတယ္။ ဒါေပမဲ့ ေနေရာင္ထဲက ရတာထက္နည္းပါတယ္။ ေန႔တိုင္းစားေနဖို႔ လိုပါတယ္။
၁၀ နာရီ မွ ၁၁ နာရီၾကား ေန ( ဘယ္အခ်ိန္ျဖစ္ျဖစ္ ေန႔ခင္းေန) မွာ ၁၀ မိနစ္ ကေန နာရီဝက္ၾကား ရပ္ေပးပါ။ ေနပူျပင္းရင္ ဆယ္မိနစ္ေလာက္ပဲ လိုပါတယ္။ နာရီဝက္ေလာက္ ေနက ရတဲ့ D ဟာ 20000 Iu အထိရႏိုင္တယ္။ တပါတ္မွာ သုံးခါ အနည္းဆုံးေနေရာင္ ထိေပးရရင္ တပါတ္စာ D လုံေလာက္ပါတယ္။ ခႏၶာကိုယ္အစိတ္အပိုင္းတခုကို ေနေရာင္တိုက္႐ိုက္ရရင္ ရပါၿပီ။ တကိုယ္လုံးခြၽတ္စရာမလိုပါဘူး။
အသားညိဳတဲ့ လူေတြဟာ ျဖဴတဲ့လူေတြထက္ ေနထဲက ဗိုက္တာမင္ D ရတာ ေႏွးတယ္။ ေနထဲမွာ ပိုၿပီးၾကာၾကာေနရပါတယ္။ အသားညိဳမဲ တဲ့ လူေတြ ဟာ ဗိုက္တာမင္ D ေလ်ာ့ေနတတ္ပါတယ္။
ေနေရာင္ထဲမွာမဟုတ္ပဲ အျပင္ထြက္ေနရင္ေတာင္ ဗိုက္တာမင္ D ကိုသြယ္ဝိုက္ရပါတယ္။
ဗိုက္တာမင္ D ကို မွန္ကတဆင့္ဝင္တဲ့ ေနေရာင္ကေန လုံးဝ မရပါဘူး။ ေနနဲ႔တိုက္႐ိုက္ထိေတြ႕မွ ရတာပါ။
ေနပူစာ လႈံျဖစ္ေအာင္ လႈံၾကပါ။ ေန႔တိုင္းလႈံေလ ေကာင္းေလပါ။ ခႏၶာကိုယ္အတြက္အေရးႀကီးတဲ့ ဗိုက္တာမင္ တမ်ိဳး အလကား ရတာေပါ့။ ေသာင္းခ်ီေပးရတဲ့ ဗိုက္တာမင္ D ေဆး ေတြဝယ္စရာမလိုေတာ့ဘူးေပါ့။
က်မ္းမာၾကပါေစ။