သူဌေးတွေထဲမှာ မြန်မာနိုင်ငံကိုပြန်ကြည့်တာဆိုလို့ သူတစ်ယောက်ပဲ ရှိတယ်

Sharing is caring!

လူ ၁၀၀ ကျော်ကို လက်ခံစောင့်ရှောက်မှုပေးနိုင်မည့် Q CENTER FOOTBALL ACADEMY (MANDALAY) မကြာမီအသုံးပြုနိုင်တော့မည်။

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ကကြီးကြပ်၍ဧရာဝတီဖောင်ဒေးရှင်း၏ပံ့ပိုးကူညီမှုဖြင့်ဆောင်ရွက်သောCovid-19 Quarantine Center Football academy (Mandalay)ကိုမကြာမီရက်ပိုင်းတွင်စတင်အသုံးပြုနိုင်တော့မည်ဖြစ်ပြီး ယင်း၌Quarantine ဝင်မည့်သူဦးရေ၁၀၀ကျော်ကိုလက်ခံစောင့်ရှောက်မှုပေးနိုင်မည်ဖြစ်ကြောင်းသိရသည်။

“ဧရာဝတီဖောင်ဒေးရှင်းကအကူအညီးပေးလိုက်လို့တော်တော်အဆင်ပြေသွားပါတယ်၊Facilities အကုန်လုံးပြည့်စုံတယ်၊ဒီလိုနေရာမျိုးမှာထားရတာကောင်းပါတယ်၊ဇီးပင်ကြီးမှာလည်းလူအများကြီးဆံ့တယ်၊မန္တလာတက္ကသိုလ်မှာရှိတယ်ကန်တော်ကြီးသံဃာ့ဆေးရုံမှာရှိတယ်၊အဲဒါတွေအားလုံးတိုင်းဒေသကြီးရဲ့ဘတ်ဂျက်၊အလှူရှင်တွေရဲ့ငွေနဲ့ကျွေးမွေးနေတာပါ၊ဒီမှာတော့ဧရာဝတီဖောင်ဒေးရှင်းကအစအဆုံးတာဝန်ယူမှာပါ၊အစိုးရကကြီးကြပ်ပေးရုံပေါ့၊

ကျန်းမာရေးဝန်ထမ်းထားရမယ်၊Volunteerတွေရှာပေးရမယ်၊ဘယ်လိုလူတွေထားမယ်ဆိုတာကိုတော့ပြန်သုံးသပ်ရဦးမှာပါ၊မန္တလေးမှာအကုန်အဆင်သင့်ပြင်ထားပါတယ်၊ပြည်သူတွေစည်းကမ်းတွေလိုက်နာဖို့အရေးကြီးတယ်၊မလိုက်နာဘူးဆိုရင်တော့ကိုဗစ်ထိန်းချုပ်ရတာနည်းနည်းကြာမယ်၊အပြင်ထွက်တိုင်းမက်ခ်တပ်၊လက်ဆေး၊သန့်သန့်ရှင်းရှင်းနေကြဖို့လိုပါတယ်”ဟုမန္တလေးတိုင်းဒေသကြီးဝနျကွီးခြုပျဒေါကျတျာဇောျမွင့ျမောငျကပြောသည်။

အဆိုပါအဆောက်အအုံကိုQuarantine Center အဖြစ်အသုံးပြုနိုင်ရန်မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌဦးဇော်ဇော်ဦးဆောင်သည့်ဧရာဝတီဖောင်ဒေးရှင်းကကမကထပြုပံ့ပိုးဆောင်ရွက်ပေးခြင်းဖြစ်ပြီးယင်းစင်တာသို့ရောက်ရှိလာကြမည့်သူများအတွက်အစားအသောက်အစီအစဉ်များကိုပါကျခံလှူဒါန်းသွားမည်ဖြစ်သည်။ယင်းစင်တာသည်ချမ်းမြသာစည်မြို့နယ်၊၇၃လမ်း၊မန္တလာသီရိဘောလုံးကွင်းနှင့်ကပ်လျက်တွင်တည်ရှိသည်။

“ဘောလုံးအကယ်ဒမီမှာQuarantine Centre ထားဖို့ဝန်ကြီးချုပ်နဲ့အဖွဲ့ချုပ်ဥက္ကဋ္ဌဦးဇော်ဇော်တို့ဆက်သွယ်ပြီးလုပ်တဲ့အချိန်မှာလိုတာတွေအကုန်ပြင်ဆင်ထားပေးပါတယ်၊အောက်ထပ်မှာဦးရေ၃၀ထားလို့ရတယ်၊အလယ်ထပ်က၄၀၊အပေါ်ထပ်မှာ၃၀ထားနိုင်မယ်၊အခန်းအချို့လည်းလိုအပ်ရင်သုံးနိုင်အောင်လုပ်ထားပါတယ်၊ကုတင်နဲ့အိပ်ရာတွေအသစ်လဲဖို့ဧရာဝတီဖောင်ဒေးရှင်းကလုပ်ပေးပါတယ်၊အခန်းဖွဲ့စည်းပုံတွေလည်းဆောင်ရွက်နေပါတယ်၊

တစ်ကိုယ်ရည်သုံးပစ္စည်းတွေလည်းထားဖို့စီစဉ်နေပါတယ်၊လျှပ်စစ်မီးအပြည့်အဝရဖို့နဲ့မီးစက်လည်းအရန်ထားပေးထားပါတယ်၊အဲယားကွန်းအဖွဲ့ကအဲယားကွန်းအလုံး၄၀လောက်ပြုပြင်ထိန်းသိမ်းတာကိုလုပ်အားဒါနစေတနာနဲ့လှူပါတယ်၊လျှပ်စစ်အဖွဲ့ကလည်းလျှပ်စစ်နဲ့ပတ်သက်တာတွေစစ်ဆေးဆောင်ရွက်ပေးပါတယ်၊

CCTVကင်မရာတတ်တဲ့အဖွဲ့ကအခမဲ့လာတပ်ဆင်ထားပါတယ်၊လမ်းမီးတွေလည်းအခမဲ့တပ်ဆင်ပေးထားပါပြီ၊မြို့တော်စည်ပင်ကအခန်းသန့်ရှင်းရေးတွေပတ်ဝန်းကျင်သန့်ရှင်းရေးတွေ၊အမှိုက်ပုံးထားတာတွေကအစလူအင်အားနဲ့ဆောင်ရွက်နေကြတဲ့အတွက်ဝမ်းသာရပါတယ်”ဟု ဘောလုံးအကယ်ဒမီမန္တလေးကျောင်းအုပ်ကြီးဦးစိုးညွန့်ကပြောပြသည်။

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့်တိုင်းဒေသကြီးအတွင်းCoronavirus Disease 2019 (COVID-19)ထိန်းချုပ်ရေးနှင့်အရေးပေါ်တုန့်ပြန်ရေးကော်မတီလုပ်ငန်းများပိုမိုဆောင်ရွက်နိုင်ရန်အတွက်Quarantine Centre များတိုးချဲသည့်ခြင်း၊ အတည်ပြုPositive လူနာကုသရန်ကန်တော်နဒီဆေးရုံ၊ကုတင်၃၀၀ဆံ့သင်ကြားရေးဆေးရုံတို့အပြင်ပြင်ဦးလွင်ခရိုင်အတွင်းဗဟိုဝန်ထမ်းတက္ကသိုလ်ရှိကုတင်၅၀ဆံ့ဆေးရုံတို့ကိုလည်းလျာထားဆောင်ရွက်ထားပြီးဖြစ်ကြောင်း၊လိုအပ်ပါကသင့်လျောမည့်နေရာများတွင်ပြင်ဆင်ဆောင်ရွက်ရန်စီမံထားကြောင်းသိရသည်။

Credit:IPRD Mandalay District





ကျန်းမာရေးဝန်ထမ်းထားရမယ်၊Volunteerတွေရှာပေးရမယ်၊ဘယ်လိုလူတွေထားမယ်ဆိုတာကိုတော့ပြန်သုံးသပ်ရဦးမှာပါ၊မန္တလေးမှာအကုန်အဆင်သင့်ပြင်ထားပါတယ်၊ပြည်သူတွေစည်းကမ်းတွေလိုက်နာဖို့အရေးကြီးတယ်၊မလိုက်နာဘူးဆိုရင်တော့ကိုဗစ်ထိန်းချုပ်ရတာနည်းနည်းကြာမယ်၊အပြင်ထွက်တိုင်းမက်ခ်တပ်၊လက်ဆေး၊သန့်သန့်ရှင်းရှင်းနေကြဖို့လိုပါတယ်”ဟုမန္တလေးတိုင်းဒေသကြီးဝနျကွီးခြုပျဒေါကျတျာဇျောမွငျ့မောငျကပြောသည်။







Add a Comment

Your email address will not be published. Required fields are marked *