ကြက်ဥခွံတွေ ဘယ်လောက်အသုံးဝင်လဲဆိုတာ အခုမှပဲ သိတော့တယ်

Sharing is caring!

ကြက်ဥကတော့ နေ့စဉ် စားသောက်စရာတွေထဲမှာ အရေးပါတဲ့ စားသောက်စရာ တစ်ခု ဖြစ်ပါတယ်။ ကြက်ဥကို အသုံးပြုပြီး ဟင်းပွဲများစွာ ပြုလုပ်နိုင်သလို တခြားသော ဟင်းပွဲတွေအတွက်လည်း အရေးပါတဲ့ ပါဝင်ပစ္စည်း ဖြစ်ပါတယ်။ ကြက်ဥရဲ့ စားနိုင်တဲ့ အပိုင်းတင် အသုံးပြုနိုင်တာ မဟုတ်ဘဲ ကြက်ဥအခွံကလည်း အသုံးဝင်ပါသေးတယ်။ ကြက်ဥအခွံတွေကို လွှင့်ပစ်မယ့်အစား အခုလို အရာတွေအတွက် အသုံးပြုနိုင်ပါတယ်နော်။

၁။ ကော်ဖီနှပ်ရင် သုံးနိုင်တယ်

ကော်ဖီမှုန့်ကို နှပ်သောက်တတ်တဲ့သူတွေအတွက် ဒီနည်းကို အသုံးပြုနိုင်ပါတယ်။ ကြက်ဥခွံတွေကို ကြိတ်ခြေပြီး ကော်ဖီစက်နဲ့ နှပ်တဲ့အခါ ကော်ဖီမှုန့်နဲ့အတူ ရောနှပ်လိုက်တဲ့အခါ အခါးလည်း သက်သာသွားသလို အနံ့လည်း ပိုသင်းလာစေပါတယ်။ ဒီနည်းကိုတော့ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာတည်းက အသုံးပြုခဲ့ကြပါတယ်။

၂။ အပင်ကို သန်စွမ်းစေဖို့

ကြက်ဥခွံမှာ ကယ်ဆီယမ်ဓာတ်တွေ ကြွယ်ဝလို့ အပင်တွေအတွက် အားဖြည့်တဲ့အခါ အသုံးပြုနိုင်ပါတယ်။ နည်းလမ်းကတော့ ကြက်ဥကို ချေပြီး အပင်စိုက်ထားတဲ့ မြေကြီးနဲ့ ရောနှောပေးဖို့ ပါပဲ။

၃။ ပျိုးပင်တွေ စိုက်နိုင်တယ်

အပင်အသေးလေးတွေကို ပျိုးပင်အဖြစ် အပင်ခွဲတဲ့အခါမှာ ကြက်ဥခွံအတွင်းကို မြေဆွေးနဲ့အတူ ထည့်စိုက်ထားလို့ ရပါတယ်။ ဒါ့အပြင် မျိုးစေ့တွေကနေ အပင်အဖြစ် ပျိုးတဲ့အခါလည်း အသုံးပြုနိုင်ပါတယ်။ တစ်နေရာမှာ ကျကျနန စိုက်တော့မယ်ဆိုရင်လည်း မြေကြီးထဲ မြုပ်ပေးလိုက်ရုံပါပဲ။ ကြက်ဥက မြေနဲ့အတူ ဆွေးသွားသလို သင့်အပင်ကို အားဖြည့်ပေးနိုင်ပါတယ်။

၄။ အဝတ်တွေကို ဖြူအောင်

အဝတ်လျှော်တဲ့အခါမှာ ကြက်ဥခွံတွေကို ခြေပြီး သံပရိုသီး နှစ်စိတ်ခန့်နဲ့အတူ အဝတ်လျှော်တဲ့ အိတ်သေးသေးထဲ ထည့်ပြီး အဝတ်လျှော်စက်ထဲကို အဝတ်တွေနဲ့ အတူ ထည့်လိုက်တဲ့အခါ သင့်အင်္ကျီ အဖြူတွေ အရောင်မလွင့်အောင် ပြုလုပ်ပေးနိုင်ပါတယ်။

၅။ အသားအရေ လှဖို့

ကြက်ဥခွံနဲ့ ပန်းသီးရှာလကာရည်ကို သုံးပြီးတော့လည်း အသားအရေကို လှပအောင် ပြုလုပ်နိုင်ပါတယ်။ ကြက်ဥခွံ ၂ ခွံကို ကြိတ်ခြေပြီး ပန်းသီးရှာလကာရည် အနည်းငယ်နဲ့ ခွက်တစ်ခုထဲမှာ ၅ ရက်ကြာအောင် စိမ်ထားပါ။ ပြီးရင်တော့ ဒီအရည်ကို cotton pad နဲ့ စွတ်ပြီး မျက်နှာပေါ်ကို လိမ်းပေးလို့ ရပါတယ်။ မိနစ်အနည်းငယ်ကြာရင် ရေပြန်ဆေးချလိုက်ပါ။ မျက်နှာပေါ်က အပေါက်တွေ၊ ဆဲလ်သေတွေနဲ့ မဲှ့ခြောက်တွေကို ဖယ်ရှားပေးနိုင်လို့ အနည်းဆုံး တစ်ပတ်ကို နှစ်ကြိမ်လောက် ပြုလုပ်ပေးသင့်ပါတယ်။

Kham

Zawgyi

ၾကက္ဥခြံေတြ ဘယ္ေလာက္အသံုးဝင္လဲဆိုတာ အခုမွပဲ သိေတာ့တယ္

ဘယ္ေနရာေတြမွာ အသံုးဝင္တာလဲ

ၾကက္ဥကေတာ့ ေန႔စဥ္ စားေသာက္စရာေတြထဲမွာ အေရးပါတဲ့ စားေသာက္စရာ တစ္ခု ျဖစ္ပါတယ္။ ၾကက္ဥကို အသံုးျပဳၿပီး ဟင္းပြဲမ်ားစြာ ျပဳလုပ္ႏိုင္သလို တျခားေသာ ဟင္းပြဲေတြအတြက္လည္း အေရးပါတဲ့ ပါဝင္ပစၥည္း ျဖစ္ပါတယ္။ ၾကက္ဥရဲ႕ စားႏိုင္တဲ့ အပိုင္းတင္ အသံုးျပဳႏိုင္တာ မဟုတ္ဘဲ ၾကက္ဥအခြံကလည္း အသံုးဝင္ပါေသးတယ္။ ၾကက္ဥအခြံေတြကို လႊင့္ပစ္မယ့္အစား အခုလို အရာေတြအတြက္ အသံုးျပဳႏိုင္ပါတယ္ေနာ္။

၁။ ေကာ္ဖီႏွပ္ရင္ သံုးႏိုင္တယ္

ေကာ္ဖီမႈန္႔ကို ႏွပ္ေသာက္တတ္တဲ့သူေတြအတြက္ ဒီနည္းကို အသံုးျပဳႏိုင္ပါတယ္။ ၾကက္ဥခြံေတြကို ႀကိတ္ေျခၿပီး ေကာ္ဖီစက္နဲ႔ ႏွပ္တဲ့အခါ ေကာ္ဖီမႈန္႔နဲ႔အတူ ေရာႏွပ္လိုက္တဲ့အခါ အခါးလည္း သက္သာသြားသလို အနံ႔လည္း ပိုသင္းလာေစပါတယ္။ ဒီနည္းကိုေတာ့ လြန္ခဲ့တဲ့ ႏွစ္ေပါင္းမ်ားစြာတည္းက အသံုးျပဳခဲ့ၾကပါတယ္။

၂။ အပင္ကို သန္စြမ္းေစဖို႔

ၾကက္ဥခြံမွာ ကယ္ဆီယမ္ဓာတ္ေတြ ႂကြယ္ဝလုိ႔ အပင္ေတြအတြက္ အားျဖည့္တဲ့အခါ အသံုးျပဳႏိုင္ပါတယ္။ နည္းလမ္းကေတာ့ ၾကက္ဥကို ေခ်ၿပီး အပင္စိုက္ထားတဲ့ ေျမႀကီးနဲ႔ ေရာေႏွာေပးဖို႔ ပါပဲ။

၃။ ပ်ိဳးပင္ေတြ စိုက္ႏိုင္တယ္

အပင္အေသးေလးေတြကို ပ်ိဳးပင္အျဖစ္ အပင္ခြဲတဲ့အခါမွာ ၾကက္ဥခြံအတြင္းကို ေျမေဆြးနဲ႔အတူ ထည့္စိုက္ထားလို႔ ရပါတယ္။ ဒါ့အျပင္ မ်ိဳးေစ့ေတြကေန အပင္အျဖစ္ ပ်ိဳးတဲ့အခါလည္း အသံုးျပဳႏိုင္ပါတယ္။ တစ္ေနရာမွာ က်က်နန စိုက္ေတာ့မယ္ဆိုရင္လည္း ေျမႀကီးထဲ ၿမဳပ္ေပးလိုက္ရံုပါပဲ။ ၾကက္ဥက ေျမနဲ႔အတူ ေဆြးသြားသလို သင့္အပင္ကို အားျဖည့္ေပးႏိုင္ပါတယ္။

၄။ အဝတ္ေတြကို ျဖဴေအာင္

အဝတ္ေလွ်ာ္တဲ့အခါမွာ ၾကက္ဥခြံေတြကို ေျခၿပီး သံပရိုသီး ႏွစ္စိတ္ခန္႔နဲ႔အတူ အဝတ္ေလွ်ာ္တဲ့ အိတ္ေသးေသးထဲ ထည့္ၿပီး အဝတ္ေလွ်ာ္စက္ထဲကို အဝတ္ေတြနဲ႔ အတူ ထည့္လိုက္တဲ့အခါ သင့္အက်ႌ အျဖဴေတြ အေရာင္မလြင့္ေအာင္ ျပဳလုပ္ေပးႏိုင္ပါတယ္။

၅။ အသားအေရ လွဖို႔

ၾကက္ဥခြံနဲ႔ ပန္းသီးရွာလကာရည္ကို သံုးၿပီးေတာ့လည္း အသားအေရကို လွပေအာင္ ျပဳလုပ္ႏိုင္ပါတယ္။ ၾကက္ဥခြံ ၂ ခြံကို ႀကိတ္ေျခၿပီး ပန္းသီးရွာလကာရည္ အနည္းငယ္နဲ႔ ခြက္တစ္ခုထဲမွာ ၅ ရက္ၾကာေအာင္ စိမ္ထားပါ။ ၿပီးရင္ေတာ့ ဒီအရည္ကို cotton pad နဲ႔ စြတ္ၿပီး မ်က္ႏွာေပၚကို လိမ္းေပးလို႔ ရပါတယ္။ မိနစ္အနည္းငယ္ၾကာရင္ ေရျပန္ေဆးခ်လိုက္ပါ။ မ်က္ႏွာေပၚက အေပါက္ေတြ၊ ဆဲလ္ေသေတြနဲ႔ မဲွ႔ေျခာက္ေတြကို ဖယ္ရွားေပးႏိုင္လို႔ အနည္းဆံုး တစ္ပတ္ကို ႏွစ္ႀကိမ္ေလာက္ ျပဳလုပ္ေပးသင့္ပါတယ္။

Kham

Add a Comment

Your email address will not be published. Required fields are marked *