ငွေမကုန်ပဲ အိမ်မှာတင် လိုးရှင်းလေး အလွယ်လုပ်လို့ရပြီ
Sharing is caring!
Chemical အရောအနှောတွေ မပါဝင်ဘဲ သဘာ၀ ပစ္စည်းတွေသုံးပြီးတော့ လိုရှင်းလေးလုပ်ကြည့်ရအောင်။ ကိုယ်တိုင်လုပ်တာဆိုတော့ ကိုယ်ကြိုက်တဲ့ အနံ့လေးတွေနဲ့ လုပ်လို့ရပါတယ်။ အဲဒီတော့ စေးကပ်ခြင်းလည်းမရှိဘဲ
အစိုဓာတ်ကိုပေးနိုင်မယ့် လိုးရှင်းလေးကို ပြုလုပ်နိုင်မယ့် အလွယ်ဆုံးနည်းလမ်းလေးကိုပြောပေးပါမယ်။
Skincare. Woman taking care of her dry complexion.ပါဝင်တဲ့ပစ္စည်းတွေကတော့
ကြိတ်စက် သို့ Blenderဖန်ဇလုံဇွန်းဒယ်အိုးထည့်ဖို့ဘူးရှားစောင်းလက်ပက်ရည် (၁) ခွက်ပျားဖယောင်း (၁) ခွက်စာမက်မွန်စေ့ဆီ သို့ JoJoba ဆီ သို့ အယ်လမွန်စေ့ဆီ (၁) ခွက်စာ
ဗီတာမင် E အဆီ – လက်ဖက်ရည်ဇွန်း (၁) ဇွန်းအမွှေးဆီ Essential Oil – (၁၅) စက် (မိမိနှစ်သက်ရာ ရနံ့)
လုပ်နည်းအဆင့်ဆင့်
အဆင့် (၁) – ဖန်ဇလုံခွက်ထဲကို ရှားစောင်းလက်ပက်ရည်ရယ်၊ ဗီတာမင် E အဆီရယ်၊ Essential Oil တို့ကို ဇွန်းလေးနဲ့ ရောနှောပါ။
အဆင့် (၂) – အရောအနှော ထည့်ထားတဲ့ ဖန်ဇလုံကို ရေနွေးထည့်ထားတဲ့ နောက်ဇလုံ တစ်ခု ထဲသို့ထည့်ပြီး အနွေးပေးပါ။
အဆင့် (၃) – ပျားဖယောင်းကို ဒယ်အိုးထဲထည့်အပူပေးပါ။ အပူပေးရင်း လုံးဝအရည်ပျော်သွားသည်အထိ ဖြေညှင်းစွာမွှေပေးပါ။
အဆင့်(၄) – အရည်ပျော်သွားတဲ့ ပျားဖယောင်းကို အအေးခံပါ။ ပျော့ပျော့အိအိလေး ဖြစ်နေလိမ့်မယ်နော်။
အဆင့်(၅) – ပထမက အနွေးပေးထားတဲ့ အရောအနှောကို တစ်စတစ်စဆီထည့်ပေးရင်း ပျားဖယောင်းနဲ့ နှံ့စပ်အောင်ရောပေးပါနော်။ Blender ကို အသုံးပြုနိုင်သလို လက်နဲ့ သုံးပြီးလည်းကြိတ်ပေးနိုင်ပါတယ်။ လုံးဝရောနှော
သွားဖို့ဆိုရင်တော့ (၁၀)မိနစ်မှ (၁၅)မိနစ်ထိကြာပါတယ်နော်။
လုံးဝရောနှောသွားပြီဆိုရင်တော့ ဘူးသန့်သန့်လေးထဲလှယ်ထည့်ရင်း (၂)လလောက်ကျော်လောက် ရေခဲသေတ္တာထဲ အအေးခံထားပါနော်။ ဒါပြီးရင်တော့ သုံးလို့ရပါပြီ။ ဘူးလှလှလေးတွေနဲ့ လည်း လက်ဆောင်ပေးနိုင်မှာပါ
တယ်။ ဒီလိုရှင်းလေးက အသားခြောက်တဲ့ လူတွေအတွက် လုံးဝကောင်းစေပြီး ကပ်စေးကပ်စေးဖြစ်မှာ မဟုတ်ပါဘူး။ ကဲ ဒါဆိုရင်တော့ DIY Lotion လေး လုပ်လိုက်ကြရအောင်။
Ref – DIY Natural
Zawgyi Version
လုပ်နည်းအဆင့်ဆင့်
Ref – DIY Natural
Add a Comment
Your email address will not be published. Required fields are marked *