ကိုဗစ်ကာလမှာ အနုပညာရှင်တွေကိုငွေပေးပျော်ပါးကြတဲ့အကြောင်း ပြောပြလာတဲ့ အလှမယ်ထက်ထက်ထွန်း

Sharing is caring!

ထက်ထက်ထွန်းကတော့ လူသိများထင်ရှားတဲ့ အလှမယ်တစ်ဦးဖြစ်သလို ရုပ်ရှင်သရုပ်ဆောင်တစ်ဦးအဖြစ်လည်း ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိထားသူတစ်ဦးပါယခုရက်ပိုင်းမီဒီယာတွေ့ဆုံမှုတစ်ခုမှာတော့ ထက်ထက်ထွန်း လက်ရှိ ကိုဗစ်ကာလမှာ အနုပညာရှင်တွေကို ငွေနဲ့ပေါက်ပြီး ပျော်ပါးဖို့ကမ်းလှမ်းခံရတာတွေရှိနေတယ်ဆိုတဲ့အကြောင်း ဖွင့်ဟလာခဲ့တာဖြစ်ပါတယ်ထက်ထက်ထွန်းက “ဒါကအခုမှ မဟုတ်ပါဘူး…ဟိုးအရင်ကတည်းကလည်း ဒီလိုငွေနဲ့ပေါက်ပြီး ကမ်းလှမ်းတာမျိုးတွေ ဒါမှမဟုတ်လည်း ဟိုကငွေနဲ့မပေါက်

ရင်တောင်မှ ကိုယ်ကအပေါက်ခံချင်လို့တိုးဝင်တာမျိုးတွေ ဒါက ခေတ်အဆက်ဆက်မှာရှိခဲ့တာကြီးပဲပေါ့နော် အခုကတော့ အဲ့လိုအတွေးမျိုးမရှိတဲ့သူတွေတောင်မှ အဲ့လိုအတွေးတွေဖြစ်လာစေတဲ့ အကြပ်အတည်းကာလကြီးထဲမှာဆိုတော့ ဒါမျိုးကရှိနေမှာပါပဲ အဓိကက
တော့ ကိုယ့်စိတ်ပဲပေါ့နော် ကိုယ့်ကိုကိုယ်ဘယ်လောက် Limit ထားထားလဲဆိုတဲ့ အပေါ်ပဲ မူတည်ပါတယ်ရှိတဲ့သူတွေကတော့ သူတို့ရှိတဲ့အရာကိုအသုံးပြုပြီးတော့ ဝယ်ယူဖို့ရယူဖို့ ကြိုးစားကြမှာပဲပေါ့ ဒါကတော့ သဘာဝပဲဖြစ်တဲ့အတွက် သူတို့ကိုလည်း အပြစ်မတင်

ချင်ပါဘူး အလကားလည်းမုဒိမ်းကျင့် အဓမ္မယူတာလည်းမဟုတ်ဘူးပေါ့နော် တန်ရာတန်ကြေးတစ်ခုသတ်မှတ်ပြီးတော့ မေးတဲ့အခါမှာ တစ်ဖက်က သဘောတူညီချက်ရမှသာ ရယူတာဖြစ်တဲ့အတွက်ကြောင့် ရယူလိုတဲ့သူတွေကို ထက်ကတော့ အပြစ်မတင်ချင်ဘူး အားလုံးကတော့ သူ့ဘဝနဲ့သူ့ကံရောင်းသူဝယ်သူအကျိုးတည့်နေတာလို့ပဲ မြင်ချင်ပါတယ်အဲ့လိုတွေထက်စာလို့ရှိရင် သက်ငယ်မုဒိန်းတို့ အလိုမတူပဲမုဒိမ်းကျင့်တာတို့ကို ပိုရွံတယ် အနုပညာရှင်ဆိုတာကနဂိုတည်းက အမြဲတမ်းပြင်ဆင်နေရပြီး အကုန်အကျများနေတဲ့သူ

တွေဖြစ်တဲ့အတွက် ငွေကြေးတတ်နိုင်တဲ့သူတွေရဲ့ ပစ်မှတ်ဖြစ်နေတာပေါ့ ဒီမှာမှ လိုအပ်နေတဲ့ခံယူချက်မခိုင်မာတဲ့ အနုပညာရှင်မိန်းကလေးတွေက ခံယူချက်နဲ့ စိတ်ဓာတ်မခိုင်မာတဲ့အခါ သူတို့ အတွက်အခွင့်အရေးပိုများတာပေါ့ ” လို့ပြောလာခဲ့တာပါ ပရိသတ်ကြီးရေ
ထက်ထက်ထွန်းကတော့ အနုပညာရှင်တွေကို ငွေပေးပြီး ပျော်ပါးဖို့ ကြံစည်မှုတွေရှိနေတဲ့ အကြောင်း ဖွင့်ဟာခဲ့တာပဲဖြစ်ပါတယ်နော်။လူမှုကွန်ယက်မှာရေပန်းစားနေတာကြောင့်တင်ဆက်ပေးလိုက်ရပါတယ်နော်။

Crerdit- SYLVIDEO

Zawgyi Version





Crerdit- SYLVIDEO

Add a Comment

Your email address will not be published. Required fields are marked *