ဆရာလေး ၇၇ ပါး ကိုဗစ်ရောဂါပိုးကူး

Sharing is caring!

မရမ်းကုန်းမြို့နယ်အတွင်းရှိ ရွှေမြိုင်သီရိသီလရှင်ကျောင်းတိုက်မှ ဆရာလေး ၇၇ပါးမှာ ကိုဗစ်-၁၉ရောဂါပိုးတွေ့ ရှိခဲ့ကြောင်း ရန်ကုန်တိုင်း လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဒေါ်မိုးမိုးစုကြည်ရဲ့ ပြောဆို ချက်အရ သိရပါတယ်။

အောက်တိုဘာလ ၈ရက်နေ့ ညနေပိုင်းအချိန်က ကျန်းမာရေးဝန်ကြီးဌာနရဲ့ ကိုဗစ်-၁၉အတည်ပြုလူနာစာရင်း ၁၄၀၀ဦးရဲ့ မြို့နယ်အလိုက်တွေ့ရှိခဲ့မှုအခြေအနေ ထုတ်ပြန်ခဲ့ရာမှာ မရမ်းကုန်းမြို့နယ်မှ ၂၁၇ဦး ပါဝင်ခဲ့တာဖြစ် ပါတယ်။

ထိုသို့ မရမ်းကုန်းမြို့နယ်အတွင်း ကိုဗစ်-၁၉အတည်ပြုလူနာ ၂၁၇ဦးစာရင်းအနက် ရွှေမြိုင်သီရိသီလရှင်ကျောင်း တိုက်မှ ဆရာလေး ၇၇ပါးပါဝင်ခဲ့သလို ကျောင်းအတွင်းရှိ လူပုဂ္ဂိုလ် ၆ဦးမှာလည်း ကိုဗစ်ရောဂါပိုးတွေ့ရှိခဲ့တယ် လို့ ဆိုပါတယ်။

ယခုကဲ့သို့ ကိုဗစ်-၁၉ရောဂါပိုးတွေ့ရှိခဲ့သည့် စာသင်တိုက်မှ ဆရာလေး ၇၇ပါးအပါအဝင် လူပုဂ္ဂိုလ် ၆ဦးတို့မှာ အသွားအလာကန့်သတ်စောင့်ကြည့်ထားပြီး Quarantine Center များသို့ ဝင်ရောက်နေကြသူများဖြစ်တယ်လို့ လည်း သိရပါတယ်။

ထို့ကိုဗစ်-၁၉ရောဂါပိုးတွေ့ရှိခဲ့သည့် ရွှေမြိုင်သီရိသီလရှင်စာသင်တိုက်အား ဆောက်လုပ်ရေးဆိုင်ရာလုပ်ငန်းရှင်များအသင်းချုပ်မှ ဆေးဝါးနဲ့ အခြားသောဝေယျာဝစ္စကိစ္စများကို တာဝန်ယူလှူဒါန်းသွားမယ်လို့ ပြောဆိုထားတာလည်းဖြစ်ပါတယ်။

Zawgyi

ဆရာေလး ၇၇ ပါး ကိုဗစ္ေရာဂါပိုးကူး

မရမ္းကုန္းၿမိဳ႕နယ္အတြင္းရွိ ေ႐ႊၿမိဳင္သီရိသီလရွင္ေက်ာင္းတိုက္မွ ဆရာေလး ၇၇ပါးမွာ ကိုဗစ္-၁၉ေရာဂါပိုးေတြ႕ ရွိခဲ့ေၾကာင္း ရန္ကုန္တိုင္း လူဝင္မႈႀကီးၾကပ္ေရးႏွင့္ လူ႔စြမ္းအားအရင္းအျမစ္ဝန္ႀကီး ေဒၚမိုးမိုးစုၾကည္ရဲ႕ ေျပာဆို ခ်က္အရ သိရပါတယ္။

ေအာက္တိုဘာလ ၈ရက္ေန႔ ညေနပိုင္းအခ်ိန္က က်န္းမာေရးဝန္ႀကီးဌာနရဲ႕ ကိုဗစ္-၁၉အတည္ျပဳလူနာစာရင္း ၁၄၀၀ဦးရဲ႕ ၿမိဳ႕နယ္အလိုက္ေတြ႕ရွိခဲ့မႈအေျခအေန ထုတ္ျပန္ခဲ့ရာမွာ မရမ္းကုန္းၿမိဳ႕နယ္မွ ၂၁၇ဦး ပါဝင္ခဲ့တာျဖစ္ ပါတယ္။

ထိုသို႔ မရမ္းကုန္းၿမိဳ႕နယ္အတြင္း ကိုဗစ္-၁၉အတည္ျပဳလူနာ ၂၁၇ဦးစာရင္းအနက္ ေ႐ႊၿမိဳင္သီရိသီလရွင္ေက်ာင္း တိုက္မွ ဆရာေလး ၇၇ပါးပါဝင္ခဲ့သလို ေက်ာင္းအတြင္းရွိ လူပုဂၢိဳလ္ ၆ဦးမွာလည္း ကိုဗစ္ေရာဂါပိုးေတြ႕ရွိခဲ့တယ္ လို႔ ဆိုပါတယ္။

ယခုကဲ့သို႔ ကိုဗစ္-၁၉ေရာဂါပိုးေတြ႕ရွိခဲ့သည့္ စာသင္တိုက္မွ ဆရာေလး ၇၇ပါးအပါအဝင္ လူပုဂၢိဳလ္ ၆ဦးတို႔မွာ အသြားအလာကန႔္သတ္ေစာင့္ၾကည့္ထားၿပီး Quarantine Center မ်ားသို႔ ဝင္ေရာက္ေနၾကသူမ်ားျဖစ္တယ္လို႔ လည္း သိရပါတယ္။

ထို႔ကိုဗစ္-၁၉ေရာဂါပိုးေတြ႕ရွိခဲ့သည့္ ေ႐ႊၿမိဳင္သီရိသီလရွင္စာသင္တိုက္အား ေဆာက္လုပ္ေရးဆိုင္ရာလုပ္ငန္းရွင္မ်ားအသင္းခ်ဳပ္မွ ေဆးဝါးနဲ႔ အျခားေသာေဝယ်ာဝစၥကိစၥမ်ားကို တာဝန္ယူလႉဒါန္းသြားမယ္လို႔ ေျပာဆိုထားတာလည္းျဖစ္ပါတယ္။

Add a Comment

Your email address will not be published.