ကားပါမစ်ထုတ်ပေးဖို့ နိုင်ငံ့ဝန်ထမ်းတွေ စာရင်းစကောက်နေပါပြီ
|ပြည်သူ့ ဝန်ထမ်းကောင်းဆုတံဆိပ်ရ နိုင်ငံ့ဝန်ထမ်းများအား ကားဝယ်ယူတင်သွင်းခွင့်ပြုရန် အသက် ၅၇ နှစ်အထက်ရှိသည့် ပင်စင်ယူရန် (၃) နှစ်အလိုဖြစ်သော ဝန်ထမ်းများ စာရင်းစတင်ကောက်ခံနေပြီဖြစ်ကြောင်း
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ အောက်တိုဘာ ၁၀ ရက် ယနေ့မနက် သိရသည်။
ပြည်သူ့ဝန်ထမ်းနှင့် နိုင်ငံ့ဝန်ထမ်းများအား မော်တော်ယာဉ် ဝယ်ယူခွင့်ပြုရန် ဝန်ကြီးဌာနအသီးသီးရှိ ကားဝယ်ယူခွင့် ရမည့် သတ်မှတ်ထားသည့်အချက်အလက်များနှင့် ကိုက်ညီသည့် ဝန်ထမ်းများ စာရင်းကောက်ခံနေပြီး
ကားဝယ်ယူရာတွင် အခွန်သက်သာခွင့်များအား သက်ဆိုင်ရာဝန်ကြီးဌာနများမှ ထုတ်ပြန်ကြေညာပေးမည်ဖြစ်သည်။
“အခုလက်ရှိကတော့ ပြည်သူ့ဝန်ထမ်းကောင်း ဆုတံဆိပ်ရ ဝန်ထမ်းစာရင်းတွေကောက်နေပါတယ်။ ကားဝယ်ယူရင် အခွန်သက်သာခွင့်က သက်ဆိုင်တဲ့ဝန်ကြီးဌာနကပဲ ထုတ်ပြန်ပေးမှာပါ။ ဘယ်အချိန်စပေးမယ်ဆိုတာ
တော့ မသိရသေးပါဘူး။ ကြေညာချက်ထဲ ဖော်ပြထားတဲ့အတိုင်း သတ်မှတ်ချက်ထဲပါတဲ့ ဝန်ထမ်းစာရင်းတွေကတော့ ပြုစုနေပါတယ်။”ဟု စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ အကြီးတန်းအရာရှိတစ်ဦးက
အောက်တိုဘာ ၁၀ ရက်တွင် မြန်မာတိုင်းမ်သို့ပြောကြားသည်။
ထိုကဲ့သို့ ပြည်သူ့ဝန်ထမ်းနှင့် နိုင်ငံ့ဝန်ထမ်းများအား မော်တော်ယာဉ်ဝယ်ယူခွင့်ပြုရာတွင် ခွင့်ပြုမည့်ငွေပမာဏအား ရာထူးအဆင့်အလိုက် ခွဲခြားသတ်မှတ်ထားပြီး အမြဲတမ်းအတွင်း/ ညွှန်ကြားရေးမှူးချုပ် ရာထူးအတွက် သိန်း
၅၀၀ နှင့်ညီမျှသော CIF တန်ဖိုး၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူး၊ လက်ထောက်ညွှန်ကြားရေးမှူးရာထူးများအတွက် သိန်း ၃၀၀ နှင့် ညီမျှသော CIF တန်ဖိုး၊ လက်ထောက်ညွှန်ကြားရေးမှူးနှင့် အောက် ရာထူးများ
အတွက် သိန်း ၃၀၀ နှင့် ညီမျှသော စက်ရုံထုတ်ရောင်းဈေးအတိုင်း ရာထူးအဆင့်အလိုက်ဝယ်ယူခွင့်ပြုသွားမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်ဝယ်ရေးဝန်ကြီးဌာနက အသိပေးကြေညာထားသည်။
MMT
Zawgyi
ကားပါမစ္ထုတ္ေပးဖို႔ ႏိုင္ငံ့ဝန္ထမ္းေတြ စာရင္းစေကာက္ေနပါၿပီ
ျပည္သူ႔ ဝန္ထမ္းေကာင္းဆုတံဆိပ္ရ ႏိုင္ငံ့ဝန္ထမ္းမ်ားအား ကားဝယ္ယူတင္သြင္းခြင့္ျပဳရန္ အသက္ ၅၇ ႏွစ္အထက္ရွိသည့္ ပင္စင္ယူရန္ (၃) ႏွစ္အလိုျဖစ္ေသာ ဝန္ထမ္းမ်ား စာရင္းစတင္ေကာက္ခံေနၿပီျဖစ္ေၾကာင္း စီးပြားေရးႏွင့္
ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီးဌာနမွ ေအာက္တိုဘာ ၁၀ ရက္ ယေန႔မနက္ သိရသည္။
ျပည္သူ႔ဝန္ထမ္းႏွင့္ ႏိုင္ငံ့ဝန္ထမ္းမ်ားအား ေမာ္ေတာ္ယာဥ္ ဝယ္ယူခြင့္ျပဳရန္ ဝန္ႀကီးဌာနအသီးသီးရွိ ကားဝယ္ယူခြင့္ ရမည့္ သတ္မွတ္ထားသည့္အခ်က္အလက္မ်ားႏွင့္ ကိုက္ညီသည့္ ဝန္ထမ္းမ်ား စာရင္းေကာက္ခံေနၿပီး ကားဝယ္
ယူရာတြင္ အခြန္သက္သာခြင့္မ်ားအား သက္ဆိုင္ရာဝန္ႀကီးဌာနမ်ားမွ ထုတ္ျပန္ေၾကညာေပးမည္ျဖစ္သည္။
“အခုလက္ရွိကေတာ့ ျပည္သူ႔ဝန္ထမ္းေကာင္း ဆုတံဆိပ္ရ ဝန္ထမ္းစာရင္းေတြေကာက္ေနပါတယ္။ ကားဝယ္ယူရင္ အခြန္သက္သာခြင့္က သက္ဆိုင္တဲ့ဝန္ႀကီးဌာနကပဲ ထုတ္ျပန္ေပးမွာပါ။ ဘယ္အခ်ိန္စေပးမယ္ဆိုတာေတာ့ မသိ
ရေသးပါဘူး။ ေၾကညာခ်က္ထဲ ေဖာ္ျပထားတဲ့အတိုင္း သတ္မွတ္ခ်က္ထဲပါတဲ့ ဝန္ထမ္းစာရင္းေတြကေတာ့ ျပဳစုေနပါတယ္။”ဟု စီးပြားေရးႏွင့္ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီးဌာနမွ အႀကီးတန္းအရာရွိတစ္ဦးက ေအာက္တိုဘာ ၁၀
ရက္တြင္ ျမန္မာတိုင္းမ္သို႔ေျပာၾကားသည္။
ထိုကဲ့သို႔ ျပည္သူ႔ဝန္ထမ္းႏွင့္ ႏိုင္ငံ့ဝန္ထမ္းမ်ားအား ေမာ္ေတာ္ယာဥ္ဝယ္ယူခြင့္ျပဳရာတြင္ ခြင့္ျပဳမည့္ေငြပမာဏအား ရာထူးအဆင့္အလိုက္ ခြဲျခားသတ္မွတ္ထားၿပီး အၿမဲတမ္းအတြင္း/ ၫႊန္ၾကားေရးမႉးခ်ဳပ္ ရာထူးအတြက္ သိန္း ၅၀၀
ႏွင့္ညီမွ်ေသာ CIF တန္ဖိုး၊ ဒုတိယၫႊန္ၾကားေရးမႉးခ်ဳပ္၊ ၫႊန္ၾကားေရးမႉး၊ လက္ေထာက္ၫႊန္ၾကားေရးမႉးရာထူးမ်ားအတြက္ သိန္း ၃၀၀ ႏွင့္ ညီမွ်ေသာ CIF တန္ဖိုး၊ လက္ေထာက္ၫႊန္ၾကားေရးမႉးႏွင့္ ေအာက္ ရာထူးမ်ားအတြက္ သိ
န္း ၃၀၀ ႏွင့္ ညီမွ်ေသာ စက္႐ုံထုတ္ေရာင္းေဈးအတိုင္း ရာထူးအဆင့္အလိုက္ဝယ္ယူခြင့္ျပဳသြားမည္ျဖစ္ေၾကာင္း စီးပြားေရးႏွင့္ ကူးသန္းေရာင္ဝယ္ေရးဝန္ႀကီးဌာနက အသိေပးေၾကညာထားသည္။
MMT