KBZ ဘဏ်ခွဲမှ ဝန်ထမ်းဟုပြောပြီး ဆရာဝန်မတစ်ဦးထံမှ ကျပ် သိန်း ၅၀ လိမ်လည်ထုတ်ယူ

Sharing is caring!

ဗဟန်းမြို့နယ်နေဆရာဝန်မတစ်ဦးထံမှ ဘဏ်အကောင့် လျှိုဝက်နံပါတ် တောင်းယူကာ ကျပ် သိန်း ၅၀ လိမ်လည်ထုတ်ယူသွားသူကို မြဝတီမြို့ တွင်ဖမ်းဆီးရမိခဲ့ကြောင်း အောက်တိုဘာ ၁၀ ရင်နေ့တွင် ရဲတပ်ဖွဲ့မှသိရသည်။

စက်တင်ဘာ ၂၀ ရက်နေ့ ညနေပိုင်း တွင် ရန်ကုန်မြို့ပြည်သူ့ဆေးရုံကြီးမှ ဆရာဝန်မတစ်ဦးထံသို့ အမျိုးသားတစ်ဦးက ဖုန်းဖြင့်ဆက်သွယ်၍၎င်းမှာ မင်းရဲကျော်စွာ လမ်းရှိ KBZ ဘဏ်ခွဲမှ ဝန်ထမ်းတစ်ဦး ဖြစ်ကြောင်းပြောပြီး

ဒေါက်တာအသုံးပြုနေသည့် KBZ pay အကောင့်မှာ အဆင့်-၂ အဆင့်သာရှိသဖြင့် အဆင့် ၃ အဆင့်သို့ ပြောင်းလဲမှသာ ငွေသွင်း/ထုတ်အဆင်ပြေနိုင်မည်ဟု ပြောဆိုကာ KBZ pay အကောင့်၏ password ကိုတောင်းခံခဲ့

သည်။

ဆရာဝန်မဖြစ်သူကလည်းယုံကြည်၍ password ပေးခဲ့သည်။ထို့နောက် ၎င်း၏ KBZ Pay အကောင့်ကို ပြန်လည်စစ်ဆေးခဲ့ရာ ထည့်သွင်းထားသည့် ကျပ် ၅၃ သိန်း အနက် ငွေကျပ်သိန်း ၅၀ အား U Chit San အမည်ပါ

ဘဏ်အကောင့်သို့ လွှဲပြောင်းထုတ်ယူခဲ့ကြောင်း စစ်ဆေးသိရှိရသောကြောင့်အရေးယူပေးရန်တိုင်ကြားခဲ့သည်။

ဗဟန်းမြို့မရဲစခန်း၏ (ပ)၁၁၀၈/၂၀ ၂၀၊ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဂ)အရ အမှုဖွင့် စုံစမ်းခဲ့ရာ ပြစ်မှူကျုးလွန်သူ U Chit San အကောင့်အမည်ပိုင်ရှင်မှာ မြဝတီမြို့တွင် ရှိနေသောကြောင့် ဗဟန်းမြို့မရဲစခန်းက ပြစ်မှူကျူး

တိမ်းရှောင်နေသူကို ကူညီဖမ်းဆီးပေးရန်အတွက် အောက်တိုဘာ ၇ ရက်နေ့တွင်မြဝတီမြို့မရဲစခန်းသို့ ချိတ်ဆက် အကူညီတောင်းခဲ့သည်။

မြဝတီမြို့မရဲစခန်းမှ ဒုရဲအုပ် မင်းမင်းထွန်း နှင့် အဖွဲ့က မြဝတီမြို့ အမှတ်(၄) ရပ်ကွက်၊ ပဒုမ္မာလမ်းတွင် နေထိုင်သူ ငွေလွဲ/ ငွေထုတ်လုပ်ငန်းလုပ်ကိုင်သူ ကိုချစ်စံ (၃၇) နှစ် ဖြစ်ကြောင်း စုံစမ်းသိရသဖြင့် ဖမ်းဆီးအရေးယူခဲ့

သည်။

၎င်းကို စစ်ဆေးချက်အရ ဘဏ်ဝန်းထမ်းအယောင် ဆရာဝန် အမျိုးသမီး၏ အကောင့်မှ ငွေကျပ် သိန်း ၅၀ ကို လိမ်လည်ထုတ် ယူခဲ့ကြောင်း ထွက်ဆိုခဲ့သည်။

MMT

KBZ ဘဏ္ခြဲမွ ဝန္ထမ္းဟုေျပာၿပီး ဆရာဝန္မတစ္ဦးထံမွ က်ပ္ သိန္း ၅၀ လိမ္လည္ထုတ္ယူ

ဗဟန္းၿမိဳ႕နယ္ေနဆရာဝန္မတစ္ဦးထံမွ ဘဏ္အေကာင့္ လွ်ိဳဝက္နံပါတ္ ေတာင္းယူကာ က်ပ္ သိန္း ၅၀ လိမ္လည္ထုတ္ယူသြားသူကို ျမဝတီၿမိဳ႕ တြင္ဖမ္းဆီးရမိခဲ့ေၾကာင္း ေအာက္တိုဘာ ၁၀ ရင္ေန႔တြင္ ရဲတပ္ဖြဲ႕မွသိရသည္။

စက္တင္ဘာ ၂၀ ရက္ေန႔ ညေနပိုင္း တြင္ ရန္ကုန္ၿမိဳ႕ျပည္သူ႔ေဆး႐ုံႀကီးမွ ဆရာဝန္မတစ္ဦးထံသို႔ အမ်ိဳးသားတစ္ဦးက ဖုန္းျဖင့္ဆက္သြယ္၍၎မွာ မင္းရဲေက်ာ္စြာ လမ္းရွိ KBZ ဘဏ္ခြဲမွ ဝန္ထမ္းတစ္ဦး ျဖစ္ေၾကာင္းေျပာၿပီး ေဒါက္

တာအသုံးျပဳေနသည့္ KBZ pay အေကာင့္မွာ အဆင့္-၂ အဆင့္သာရွိသျဖင့္ အဆင့္ ၃ အဆင့္သို႔ ေျပာင္းလဲမွသာ ေငြသြင္း/ထုတ္အဆင္ေျပႏိုင္မည္ဟု ေျပာဆိုကာ KBZ pay အေကာင့္၏ password ကိုေတာင္းခံခဲ့သည္။

ဆရာဝန္မျဖစ္သူကလည္းယုံၾကည္၍ password ေပးခဲ့သည္။ထို႔ေနာက္ ၎၏ KBZ Pay အေကာင့္ကို ျပန္လည္စစ္ေဆးခဲ့ရာ ထည့္သြင္းထားသည့္ က်ပ္ ၅၃ သိန္း အနက္ ေငြက်ပ္သိန္း ၅၀ အား U Chit San အမည္ပါဘဏ္အေ

ကာင့္သို႔ လႊဲေျပာင္းထုတ္ယူခဲ့ေၾကာင္း စစ္ေဆးသိရွိရေသာေၾကာင့္အေရးယူေပးရန္တိုင္ၾကားခဲ့သည္။

ဗဟန္းၿမိဳ႕မရဲစခန္း၏ (ပ)၁၁၀၈/၂၀ ၂၀၊ဆက္သြယ္ေရးဥပေဒပုဒ္မ ၆၆(ဂ)အရ အမႈဖြင့္ စုံစမ္းခဲ့ရာ ျပစ္မႉက်ဳးလြန္သူ U Chit San အေကာင့္အမည္ပိုင္ရွင္မွာ ျမဝတီၿမိဳ႕တြင္ ရွိေနေသာေၾကာင့္ ဗဟန္းၿမိဳ႕မရဲစခန္းက ျပစ္မႉက်ဴးတိ

မ္းေရွာင္ေနသူကို ကူညီဖမ္းဆီးေပးရန္အတြက္ ေအာက္တိုဘာ ၇ ရက္ေန႔တြင္ျမဝတီၿမိဳ႕မရဲစခန္းသို႔ ခ်ိတ္ဆက္ အကူညီေတာင္းခဲ့သည္။

ျမဝတီၿမိဳ႕မရဲစခန္းမွ ဒုရဲအုပ္ မင္းမင္းထြန္း ႏွင့္ အဖြဲ႕က ျမဝတီၿမိဳ႕ အမွတ္(၄) ရပ္ကြက္၊ ပဒုမၼာလမ္းတြင္ ေနထိုင္သူ ေငြလြဲ/ ေငြထုတ္လုပ္ငန္းလုပ္ကိုင္သူ ကိုခ်စ္စံ (၃၇) ႏွစ္ ျဖစ္ေၾကာင္း စုံစမ္းသိရသျဖင့္ ဖမ္းဆီးအေရးယူခဲ့သည္။

၎ကို စစ္ေဆးခ်က္အရ ဘဏ္ဝန္းထမ္းအေယာင္ ဆရာဝန္ အမ်ိဳးသမီး၏ အေကာင့္မွ ေငြက်ပ္ သိန္း ၅၀ ကို လိမ္လည္ထုတ္ ယူခဲ့ေၾကာင္း ထြက္ဆိုခဲ့သည္။

MMT

Add a Comment

Your email address will not be published. Required fields are marked *