ကိုဗစ်ကိုနိုင်တဲ့ ရမ်ဒက်ဆဗီယာဆေး

Sharing is caring!

ဗိုင်းရပ်စ်ပိုးများကို ချေဖျက်သုတ်သင် နိုင်စွမ်းရှိသည့် ရမ်ဒက်ဆဗီယာဆေး က ကိုဗစ်-၁၉ ကူးစက်ခံရသည့်လူနာ များကို ရောဂါမြန်မြန်ပျောက်ကင်းစေနိုင်ပြီး ရောဂါလက္ခဏာပြင်းထန်သည့် အခြေအနေမရောက်အောင်

ကြိုတင် ကာကွယ်ပေးနိုင်ကြောင်း အမေရိကန် ပြည်ထောင်စုရှိ သုတေသနပညာရှင် များက ပြောကြားသည်။

အမေရိကန် ပြည်ထောင်စု ကျန်းမာရေးအင်စတီကျုမှ သုတေ သနပညာရှင်များ ဦးဆောင်သည့် လေ့လာမှုအဖွဲ့သည် ၎င်းတို့လုပ် ဆောင်နေသည့် လက်တွေ့စမ်းသပ် မှုဆိုင်ရာ နောက်ဆုံးအစီရင်ခံစာ တစ်စောင်ကို နယူး

အင်္ဂလန်ဂျာနယ်၌ အောက်တိုဘာ ၈ ရက်က ပုံနှိပ် ဖော်ပြခဲ့သည်။

သုတေသနပညာရှင်များသည် အမေရိကန်နှင့် ဂျပန်အပါအဝင် နိုင်ငံပေါင်း ၁၀ ၌ ကိုဗစ် – ၁၉ ကူးစက်ခံရပြီး ဆေးရုံတက်နေရသည့် အရွယ်ရောက်ပြီးသူ အယောက် ၁၀၀၀ ခန့်ကို စမ်းသပ်ခဲ့သည်။ အဆိုပါ လူနာ များကို ရမ်

ဒက်ဆဗီယာ သို့မဟုတ် အာနိသင်မရှိသည့် ဆေးလုံးအတုကို ၁၀ ရက်နှင့်အထက်ပေးခဲ့ရာ ရမ်ဒက် ဆဗီယာ ဆေးပေးသည့် လူနာများတွင် ၁၀ ရက်အကြာ၌ ရောဂါပျောက်ကင်း ပြီး အာနိသင်မဲ့ဆေးလုံး ပေးသူများ မှာ ၁၅

ရက်အကြာတွင် ရောဂါ ပျောက်ကင်းကြောင်း သိရသည်။

ထို့ပြင် ရမ်ဒက်ဆဗီယာ ဆေး ပေးသည့် လူနာအုပ်စုမှာ အာနိသင် မရှိသည့်ဆေး ပေးထားသည့် လူနာ အုပ်စုနှင့် ယှဉ်လျှင် ၁၅ ရက်မြောက် နေ့တွင် ကျန်းမာရေးအခြေအနေ ပိုမို တိုးတက်ကောင်းမွန်မှုကို ပြသလျက် ရှိ

ကြောင်း လေ့လာသူများက ပြော သည်။

အမေရိကန်သမ္မတ ဒေါ်နယ် ထရမ့်သည် မကြာသေးမီက ကိုဗစ်-၁၉ ကူးစက်ခံရပြီးနောက် ရမ်ဒက် ဆဗီယာဆေးဖြင့် ကုသမှုခံယူခဲ့ ကြောင်း သိရသည်။

အင်န်အိတ်ခ်ျကေ

Zawgyi









ထို့ပြင် ရမ်ဒက်ဆဗီယာ ဆေး ပေးသည့် လူနာအုပ်စုမှာ အာနိသင် မရှိသည့်ဆေး ပေးထားသည့် လူနာ အုပ်စုနှင့် ယှဉ်လျှင် ၁၅ ရက်မြောက် နေ့တွင် ကျန်းမာရေးအခြေအနေ ပိုမို တိုးတက်ကောင်းမွန်မှုကို ပြသလျက် ရှိကြောင်းေ

လ့လာသူများက ပြော သည်။


အင်န်အိတ်ခ်ျကေ

Add a Comment

Your email address will not be published. Required fields are marked *