ကနေဒါကတော့ ကိုဗစ်နဲ့ပတ်သက်ရင် ပြတ်ပြတ်သားသားပဲ ကိုင်တွယ်တယ်

Sharing is caring!

ကနေဒါကျန်းမာရေးဝန်ကြီးဌာနထံမှ ထောက်ခံချက်ရထားသည့် မည်သည့် ကိုဗစ် 19 ကာကွယ်ဆေးကိုမဆို ကနေဒါနိုင်ငံသား အားလုံးအား

အခမဲ့ ပေးသွားမည်ဟု ဝန်ကြီးချုပ် ဂျပ်စ်တင်ထရူးဒူးက အောက်တိုဘာလ၈ ရက်တွင် ပြောကြားခဲ့သည်။ ထောက်ခံချက်ရသည့် ကာကွယ်ဆေး ပေါ်သည်နှင့်တပြိုင်နက် ယင်းကာကွယ်ဆေးကို အခမဲ့ ရနိုင်၊ မရနိုင်၊ အချိန်မီ

ရနိုင်၊ မရနိုင်ကို နိုင်ငံသားများက စိုးရိမ်ပူပန်နေကြသဖြင့် ယင်းနှင့်ပတ်သက်ကာ ဖြေကြားပေးရန် အတိုက်အခံဘက်က မေးလာသည်ကို ဝန်ကြီးချုပ်က


ယင်းသို့ဖြေကြားသွားခြင်းဖြစ်သည်။ ကာကွယ်ဆေးကို နိုင်ငံတလွှားရှိ လူအားလုံး မျှတစွာရရှိရေးအတွက် မည်သို့မည်ပုံ ဖြန့်ဝေသင့်ကြောင်း ကျွမ်းကျင်သူအဖွဲ့နှင့် တိုင်ပင်ဆွေးနွေးနေသည်ဟု အတိုက်အခံ၏


မေးခွန်းကို ဖြေဆိုရာတွင် ဝန်ကြီးချုပ်က ထည့်သွင်းပြောကြားသွားသေး သည်။ ကနေဒါတွင် ပြီးခဲ့သည့်ခုနစ်ရက်အတွင်း တစ်နေ့လျှင် လူနာသစ် ၂ ၀၅၂ ဦး ပျမ်းမျှ တိုးလာနေသည်။

(GC , 10.10.21 ), ချယ်ရီ

Zawgyi

ကေနဒါကေတာ့ ကိုဗစ္နဲ႔ပတ္သက္ရင္ ျပတ္ျပတ္သားသားပဲ ကိုင္တြယ္တယ္

ကေနဒါက်န္းမာေရးဝန္ႀကီးဌာနထံမွ ေထာက္ခံခ်က္ရထားသည့္ မည္သည့္ ကိုဗစ္ 19 ကာကြယ္ေဆးကိုမဆို ကေနဒါႏိုင္ငံသား အားလုံးအား အခမဲ့ ေပးသြားမည္ဟု ဝန္ႀကီးခ်ဳပ္ ဂ်ပ္စ္တင္ထ႐ူးဒူးက ေအာက္တိုဘာလ


၈ ရက္တြင္ ေျပာၾကားခဲ့သည္။ ေထာက္ခံခ်က္ရသည့္ ကာကြယ္ေဆး ေပၚသည္ႏွင့္တၿပိဳင္နက္ ယင္းကာကြယ္ေဆးကို အခမဲ့ ရႏိုင္၊ မရႏိုင္၊ အခ်ိန္မီ ရႏိုင္၊ မရႏိုင္ကို ႏိုင္ငံသားမ်ားက စိုးရိမ္ပူပန္ေနၾကသျဖင့္ ယင္းႏွင့္ပတ္သက္ကာ

ေျဖၾကားေပးရန္ အတိုက္အခံဘက္က ေမးလာသည္ကို ဝန္ႀကီးခ်ဳပ္က ယင္းသို႔ေျဖၾကားသြားျခင္းျဖစ္သည္။ ကာကြယ္ေဆးကို ႏိုင္ငံတလႊားရွိ လူအားလုံး မွ်တစြာရရွိေရးအတြက္ မည္သို႔မည္ပုံ ျဖန႔္ေဝသင့္ေၾကာင္း ကြၽမ္းက်င္သူအ

ဖြဲ႕ႏွင့္ တိုင္ပင္ေဆြးေႏြးေနသည္ဟု အတိုက္အခံ၏ေမးခြန္းကို ေျဖဆိုရာတြင္ ဝန္ႀကီးခ်ဳပ္က ထည့္သြင္းေျပာၾကားသြားေသး သည္။ ကေနဒါတြင္ ၿပီးခဲ့သည့္ခုနစ္ရက္အတြင္း တစ္ေန႔လွ်င္ လူနာသစ္ ၂ ၀၅၂ ဦး ပ်မ္းမွ် တိုးလာေနသည္။
(GC , 10.10.21 ), ခ်ယ္ရီ

Add a Comment

Your email address will not be published. Required fields are marked *