အဖြစ်ဆိုးလွန်းလှပါတယ် ကလေးရယ်
|ပန်းတနော်မြို့နယ်တွင် ဖခင်ဖြစ်သူ၏ ဖုန်းကိုပျက်အောင် ယူဆော့မိသည့် အသက် ၁၂ နှစ် အရွယ် မိန်းကလေးတစ်ဦး အဆိပ်သောက်သေဆုံး ဧရာဝတီတိုင်းဒေသကြီး၊ ပန်းတနော်မြို့နယ်၊တောကျောင်းကျေးရွာအုပ်စု၊ ကျွန်း
ဒိပ်ကျေးရွာတွင် အောက်တိုဘာလ ၉ ရက်နေ့ ညပိုင်းက အသက် ၁၂ နှစ်အရွယ် မိန်းကလေးတစ်ဦး အဆိပ်သောက်၍ သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။
ကျွန်းဒိပ်ကျေးရွာနေ ရာအိမ်မှုးတစ်ဦး၏ သမီးဖြစ်သူ အသက် ၁၂ နှစ်အရွယ် မိန်းကလေးသည် အဖေဖြစ်သူ၏ ဖုန်းကိုဆော့ရာမှ ပျက်သွား၍ အဖေဖြစ်သူ ဆူမှာစိုးသဖြင့် ည ၁၀ နာရီ ဝန်းကျင်ခန့်တွင် အဆိပ်သောက်ရာ
သေဆုံးခဲ့ကြောင်း တောကျောင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှုးရုံးမှ သိရသည်။
“သေဆုံးတာကတော့ ဆေးရုံမှာခင်ဗျ၊။ သူ့အဖေရဲ့ ဖုန်းကိုဆော့ပြီး ပြန်ပြင်လို့မရလို့ ကလေးကငယ်တော့ ကြောက်ကြောက်နဲ့ အဆိပ်သောက် လိုက်တယ်ထင်တယ်၊သူ့အဖေက မသိလိုက်ဘူး”ဟု တောကျောင်းကျေးရွာ
အုပ်ချုပ်ရေးမှုး ဦးအောင်ကြည်က ဧရာဝတီတိုင်းမ် ကိုပြောသည်။
အဆိုပါဖြစ်စဉ်ကို ဒေါင့်ကြီးနယ်မြေ ရဲစခန်းက သေမှုသေခင်းဖွင့်၍ စစ်ဆေးဆောင်ရွက်လျက် ရှိကြောင်းသိရသည်။
ဓါတ်ပုံ-အောင်သန်းဌေး(ဧရာဝတီတိုင်းမ်)
Zawgyi
အျဖစ္ဆိုးလြန္းလွပါတယ္ ကေလးရယ္
ပန္းတေနာ္ၿမိဳ႕နယ္တြင္ ဖခင္ျဖစ္သူ၏ ဖုန္းကိုပ်က္ေအာင္ ယူေဆာ့မိသည့္ အသက္ ၁၂ ႏွစ္ အ႐ြယ္ မိန္းကေလးတစ္ဦး အဆိပ္ေသာက္ေသဆုံး
ဧရာဝတီတိုင္းေဒသႀကီး၊ ပန္းတေနာ္ၿမိဳ႕နယ္၊ေတာေက်ာင္းေက်း႐ြာအုပ္စု၊ ကြၽန္းဒိပ္ေက်း႐ြာတြင္ ေအာက္တိုဘာလ ၉ ရက္ေန႔ ညပိုင္းက အသက္ ၁၂ ႏွစ္အ႐ြယ္ မိန္းကေလးတစ္ဦး အဆိပ္ေသာက္၍ ေသဆုံးခဲ့ေၾကာင္း သတင္းရ
ရွိသည္။
ကြၽန္းဒိပ္ေက်း႐ြာေန ရာအိမ္မႈးတစ္ဦး၏ သမီးျဖစ္သူ အသက္ ၁၂ ႏွစ္အ႐ြယ္ မိန္းကေလးသည္ အေဖျဖစ္သူ၏ ဖုန္းကိုေဆာ့ရာမွ ပ်က္သြား၍ အေဖျဖစ္သူ ဆူမွာစိုးသျဖင့္ ည ၁၀ နာရီ ဝန္းက်င္ခန႔္တြင္ အဆိပ္ေသာက္ရာ ေသဆုံး
ခဲ့ေၾကာင္း ေတာေက်ာင္းေက်း႐ြာအုပ္စု အုပ္ခ်ဳပ္ေရးမႈး႐ုံးမွ သိရသည္။
“ေသဆုံးတာကေတာ့ ေဆး႐ုံမွာခင္ဗ်၊။ သူ႔အေဖရဲ႕ ဖုန္းကိုေဆာ့ၿပီး ျပန္ျပင္လို႔မရလို႔ ကေလးကငယ္ေတာ့ ေၾကာက္ေၾကာက္နဲ႔ အဆိပ္ေသာက္ လိုက္တယ္ထင္တယ္၊သူ႔အေဖက မသိလိုက္ဘူး”ဟု ေတာေက်ာင္းေက်း႐ြာ အုပ္ခ်ဳ
ပ္ေရးမႈး ဦးေအာင္ၾကည္က ဧရာဝတီတိုင္းမ္ ကိုေျပာသည္။
အဆိုပါျဖစ္စဥ္ကို ေဒါင့္ႀကီးနယ္ေျမ ရဲစခန္းက ေသမႈေသခင္းဖြင့္၍ စစ္ေဆးေဆာင္႐ြက္လ်က္ ရွိေၾကာင္းသိရသည္။
ဓါတ္ပုံ-ေအာင္သန္းေဌး(ဧရာဝတီတိုင္းမ္)