အိမ်/အဆောင် ပိုင်ရှင်များ ကိုဗစ်ကာလ ငှားရမ်းခ မယူဖို့ အလုပ်သမားနှင့် လူဝင်မှုကြီးကြပ်ရေး ဝန်ကြီး မေတ္တာရပ်ခံ

Sharing is caring!

အဆောင်ပိုင်ရှင်များ၊ အိမ်ပိုင်ရှင်များအနေ ဖြင့် အဆောင်ငှားခ၊ အိမ်ငှားခကို စောင့် ဆိုင်းပေးပါရန် အလုပ်သမား၊လဝကဝန်ကြီးဦးသိန်းဆွေက မေတ္တာ ရပ်ခံလိုက်သည်ဟုသိရသည်။မနေ့ကအွန်လိုင်းမှတဆင့် ပြုလုပ်သော အလုပ်သမားအဖွဲ့အ စည်း များမှကိုယ် စာ းလှယ်များ၊မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအဖွဲ့ချုပ်တို့မှ တာဝန်ရှိသူများနှင့် ညှိနှိုင်းဆွေးနွေးစဉ် ပြည်ဘထောင်စုဝန်ကြီး ဦးသိန်းဆွေက မေတ္တာ ရပ်ခံခဲ့ခြင်းဖြစ်သည်ဟုသိရသည်။CTUM အဖွဲ့ချုပ်အဖွဲ့ဝင် ဒေါ်နှင်းသဇင်က

“အဆောင်နေ၊အငှားနေတဲ့ အလုပ်သမားတွေ အခက်အခဲမရှိစေဖို့ အတွက် ပြည် ထောင်စုဝန်ကြီးက သူမေတ္တာရပ်ခံတယ်ပေါ့”ဟု အစည်းအဝေးတွင်ပြောကြားခဲ့မှုအား ပြန်ပြောပြသည်။ပြည်ထောင်စုဝန်ကြီးက မေတ္တာရပ်ခံခဲ့သလို ရန်ကုန်တိုင်းအစိုးရအဖွဲ့ကလည်းသက်ဆိုင်ရာ ရပ်/ကျေး အုပ်ချုပ်ရေး၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးများနှင့် ပူးပေါင်းပြီး အဆောင်ပိုင်ရှင်များ၊ အိမ်ပိုင်ရှင်များအနေဖြင့်အလုပ်သမားများ၏ အဆောင်ငှားခ၊ အိမ်ငှားခကို စောင့်ဆိုင်းပေးဖို့အရေး ဆောင်ရွက် သွားရန်ရှိနေကြောင်းလည်းသိရ

သည်။ကိုဗစ်ရောဂါ ကာလရှည်ကြာလာနှင့်အမျှ လူစုလူဝေးမှတဆင့် ကူးစက်မှု လျှော့ကျစေရန် အစိုးရက အလုပ်ဌာနများကို ယာယီများကို ယာယီပိတ်စေခြင်းဆောင်ရွက်နေရသည်။ထောက်ပံ့မှုများပြုလုပ်နေသော်လည်း အလုပ်မလုပ်ရ၍ ပုံမှန်လစာ မျိုးမရသည့် အတွက်ကြောင့် အလုပ်သမားများနှင့် ၎င်းတို့၏ မိသားစုဝင်များ အကျပ်အတည်းအခက်အခဲများဖြစ်ပေါ်နေလျှက်ရှိသည်။အများစုမှာ အဆောင်နှင့်အိမ်များ ငှားရမ်းနေထိုင်နေကြရ၍ အဆောင်ခ၊အိမ်ငှားခများ လစဉ် မပေးနိုင်သည့်အနေအထားများပါ ရင်ဆိုင်နေကြ

ရသည်။အချို့သော အဆောင်ပိုင်ရှင် များက အ ဆောင်ခမယူဘဲ ငွေနဲ့ စားစရာများထောက် ပံ့နေသော်လည်း အချို့မှာမူ အဆောင်ခ၊အိမ်ငှားခများ တောင်းခံနေလျှက်ရှိ၍အ လုပ်သမားများ တစ်ပူပေါ် နှစ်ပူဆင့် အခက် အခဲများနှင့် ရင်ဆိုင်နေကြရသည်ဟုသိရသည်။

ကိုမင်း/Myanmar Harp

Zawgyi Version

အေဆာင္ပိုင္ရွင္မ်ား၊ အိမ္ပိုင္ရွင္မ်ားအေန ျဖင့္ အေဆာင္ငွားခ၊ အိမ္ငွားခကို ေစာင့္ ဆိုင္းေပးပါရန္ အလုပ္သမား၊လဝကဝန္ႀကီးဦးသိန္းေဆြက ေမတၱာ ရပ္ခံလိုက္သည္ဟုသိရသည္။မေန႔ကအြန္လိုင္းမွတဆင့္ ျပဳလုပ္ေသာ အလုပ္သမားအဖြဲ႕အ စည္း မ်ားမွကိုယ္ စာ းလွယ္မ်ား၊ျမန္မာႏိုင္ငံ ကုန္သည္မ်ားႏွင့္ စက္မႈလက္မႈ လုပ္ငန္းရွင္မ်ားအဖြဲ႕ခ်ဳပ္တို႔မွ တာဝန္ရွိသူမ်ားႏွင့္ ညႇိႏႈိင္းေဆြးေႏြးစဥ္ ျပည္ဘေထာင္စုဝန္ႀကီး ဦးသိန္းေဆြက ေမတၱာ ရပ္ခံခဲ့ျခင္းျဖစ္သည္ဟုသိရသည္။CTUM အဖြဲ႕ခ်ဳပ္အဖြဲ႕ဝင္ ေဒၚႏွင္းသဇင္က

“အေဆာင္ေန၊အငွားေနတဲ့ အလုပ္သမားေတြ အခက္အခဲမရွိေစဖို႔ အတြက္ ျပည္ ေထာင္စုဝန္ႀကီးက သူေမတၱာရပ္ခံတယ္ေပါ့”ဟု အစည္းအေဝးတြင္ေျပာၾကားခဲ့မႈအား ျပန္ေျပာျပသည္။ျပည္ေထာင္စုဝန္ႀကီးက ေမတၱာရပ္ခံခဲ့သလို ရန္ကုန္တိုင္းအစိုးရအဖြဲ႕ကလည္းသက္ဆိုင္ရာ ရပ္/ေက်း အုပ္ခ်ဳပ္ေရး၊ ၿမိဳ႕နယ္ အေထြေထြအုပ္ခ်ဳပ္ေရးမ်ားႏွင့္ ပူးေပါင္းၿပီး အေဆာင္ပိုင္ရွင္မ်ား၊ အိမ္ပိုင္ရွင္မ်ားအေနျဖင့္အလုပ္သမားမ်ား၏ အေဆာင္ငွားခ၊ အိမ္ငွားခကို ေစာင့္ဆိုင္းေပးဖို႔အေရး ေဆာင္႐ြက္ သြားရန္ရွိေနေၾကာင္းလည္းသိရ

သည္။ကိုဗစ္ေရာဂါ ကာလရွည္ၾကာလာႏွင့္အမွ် လူစုလူေဝးမွတဆင့္ ကူးစက္မႈ ေလွ်ာ့က်ေစရန္ အစိုးရက အလုပ္ဌာနမ်ားကို ယာယီမ်ားကို ယာယီပိတ္ေစျခင္းေဆာင္႐ြက္ေနရသည္။ေထာက္ပံ့မႈမ်ားျပဳလုပ္ေနေသာ္လည္း အလုပ္မလုပ္ရ၍ ပုံမွန္လစာ မ်ိဳးမရသည့္ အတြက္ေၾကာင့္ အလုပ္သမားမ်ားႏွင့္ ၎တို႔၏ မိသားစုဝင္မ်ား အက်ပ္အတည္းအခက္အခဲမ်ားျဖစ္ေပၚေနလွ်က္ရွိသည္။အမ်ားစုမွာ အေဆာင္ႏွင့္အိမ္မ်ား ငွားရမ္းေနထိုင္ေနၾကရ၍ အေဆာင္ခ၊အိမ္ငွားခမ်ား လစဥ္ မေပးႏိုင္သည့္အေနအထားမ်ားပါ ရင္ဆိုင္ေနၾက

ရသည္။အခ်ိဳ႕ေသာ အေဆာင္ပိုင္ရွင္ မ်ားက အ ေဆာင္ခမယူဘဲ ေငြနဲ႔ စားစရာမ်ားေထာက္ ပံ့ေနေသာ္လည္း အခ်ိဳ႕မွာမူ အေဆာင္ခ၊အိမ္ငွားခမ်ား ေတာင္းခံေနလွ်က္ရွိ၍အ လုပ္သမားမ်ား တစ္ပူေပၚ ႏွစ္ပူဆင့္ အခက္ အခဲမ်ားႏွင့္ ရင္ဆိုင္ေနၾကရသည္ဟုသိရသည္။

ကိုမင္း/Myanmar Harp

Add a Comment

Your email address will not be published.