လူပြောများနေတဲ့ မြန်မာ့နိုင်ငံက ကမ္ဘာ့ဧရာမ ခြေရာကြီး
|မြန်မာနိုင်ငံမှာရှိနေတဲ့ ဧရာမ ခြေရာပုံ Foot print ကြီးက ကူမဲ -ရွာငံ-ဝမ်းတွင်း ဖိုခနောက်ဆိုင်ပုံ ကြားမှာရှိပြီး ကင်းတားဆည် ၏ မြောက်ဖက် မိုင် ၂၀ လောက်မှာရှိပါတယ်။ကမ္ဘာ့ပထဝီမြေကြောအရ ဖြစ်ပေါ်နေတဲ့ ခြေရာပုံကြီးက တော်တော်လေးစိတ်ဝင်စား
စရာကောင်းပါတယ်။ ခြေချောင်း တွေ ဦးတည်ချက်က အိန္ဒိယဖက်ကို ဦးတည်ပြီး ခြေဖနောင့် က တရုတ်ပြည်ဖက်ကို ဦးတည်ထားတဲ့ ပုံပန်းသဏ္ဌာန် ဖြစ်နေပါတယ်။ခြေရာပုံက မြေခွက်မဟုတ်ဘဲ ကုန်းမြင့်ပုံဖြစ်နေတာကိုတွေ့ရပါတယ်။Goggle map အရ ကြည့်
မယ်ဆို 21°14’32.9″N 96°19’41.7″E လောက်မှာရှိပါတယ်။မြန်မာနိုင်ငံ ရဲ့ Centre လို့တောင်ပြောလို့ရပါတယ်။ ခြေရာ အရှည်အားဖြင့် အနည်းဆုံး ၂ မိုင်ဝန်းကျင်လောက်ရှိမယ်ခန့်မှန်းရပါတယ်။ဒီမြင်ကွင်က View from above အပေါ်ကကြည့် မှသာမြင်
ရမှာဖြစ်ပါတယ်။ဥပမာ ။ ဆီးရီးယား တို့ ဆော်ဒီအာရေးဗျ တို့မှာ မြင်ရတဲ့ စက်ဝိုင်းပုံ သဏ္ဌာန် ကျောက်တုံးအစီအမံတွေက လည်းအပေါ်ကကြည့်မှမြင်ရတာပါ။သို့သော် လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀၀၀ ခန့်က လူလုပ် စက်ဝိုင်းကျောက်တုံးအစီအမံတွေက သတ္တဝါ
ကြီးတွေကို ဖမ်းဖို့ ထောင်ချောက်တွေသာဖြစ်တယ်လို့ သုသေသီတွေက ဆုံးဖြတ်ခဲ့ကြပါတယ်။သို့သော် မြန်မာနိုင်ငံက ခြေရာပုံလောက်တော့ စိတ်ဝင်စားစရာမကောင်းဘူးလို့ထင်ပါတယ်။ Artificial နဲ့ Nature နဲ့ကတော့ကွာပါတယ်။ဘာဘဲဖြစ်ဖြစ် မြန်မာနိုင်ငံ
အသည်းပုံ “ရိခ်ရေကန်” ကတော့ ကမ္ဘာကျော်လူသိများပါတယ်။ အခုမြင်နေရတဲ့ ခြေရာပုံကလည်းနောက်များမှာ ကမ္ဘာကသိလာမှာပါ။
Zawgyi Version
ျမန္မာႏိုင္ငံမွာရွိေနတဲ့ ဧရာမ ေျခရာပုံ Foot print ႀကီးက ကူမဲ -႐ြာငံ-ဝမ္းတြင္း ဖိုခေနာက္ဆိုင္ပုံ ၾကားမွာရွိၿပီး ကင္းတားဆည္ ၏ ေျမာက္ဖက္ မိုင္ ၂၀ ေလာက္မွာရွိပါတယ္။ကမာၻ႔ပထဝီေျမေၾကာအရ ျဖစ္ေပၚေနတဲ့ ေျခရာပုံႀကီးက ေတာ္ေတာ္ေလးစိတ္ဝင္စား
စရာေကာင္းပါတယ္။ ေျခေခ်ာင္း ေတြ ဦးတည္ခ်က္က အိႏၵိယဖက္ကို ဦးတည္ၿပီး ေျခဖေနာင့္ က တ႐ုတ္ျပည္ဖက္ကို ဦးတည္ထားတဲ့ ပုံပန္းသဏၭာန္ ျဖစ္ေနပါတယ္။ေျခရာပုံက ေျမခြက္မဟုတ္ဘဲ ကုန္းျမင့္ပုံျဖစ္ေနတာကိုေတြ႕ရပါတယ္။Goggle map အရ ၾကည့္
မယ္ဆို 21°14’32.9″N 96°19’41.7″E ေလာက္မွာရွိပါတယ္။ျမန္မာႏိုင္ငံ ရဲ႕ Centre လို႔ေတာင္ေျပာလို႔ရပါတယ္။ ေျခရာ အရွည္အားျဖင့္ အနည္းဆုံး ၂ မိုင္ဝန္းက်င္ေလာက္ရွိမယ္ခန႔္မွန္းရပါတယ္။ဒီျမင္ကြင္က View from above အေပၚကၾကည့္ မွသာျမင္
ရမွာျဖစ္ပါတယ္။ဥပမာ ။ ဆီးရီးယား တို႔ ေဆာ္ဒီအာေရးဗ် တို႔မွာ ျမင္ရတဲ့ စက္ဝိုင္းပုံ သဏၭာန္ ေက်ာက္တုံးအစီအမံေတြက လည္းအေပၚကၾကည့္မွျမင္ရတာပါ။သို႔ေသာ္ လြန္ခဲ့တဲ့ ႏွစ္ေပါင္း ၂၀၀၀ ခန႔္က လူလုပ္ စက္ဝိုင္းေက်ာက္တုံးအစီအမံေတြက သတၱဝါ
ႀကီးေတြကို ဖမ္းဖို႔ ေထာင္ေခ်ာက္ေတြသာျဖစ္တယ္လို႔ သုေသသီေတြက ဆုံးျဖတ္ခဲ့ၾကပါတယ္။သို႔ေသာ္ ျမန္မာႏိုင္ငံက ေျခရာပုံေလာက္ေတာ့ စိတ္ဝင္စားစရာမေကာင္းဘူးလို႔ထင္ပါတယ္။ Artificial နဲ႔ Nature နဲ႔ကေတာ့ကြာပါတယ္။ဘာဘဲျဖစ္ျဖစ္ ျမန္မာႏိုင္ငံ
အသည္းပုံ “ရိခ္ေရကန္” ကေတာ့ ကမာၻေက်ာ္လူသိမ်ားပါတယ္။ အခုျမင္ေနရတဲ့ ေျခရာပုံကလည္းေနာက္မ်ားမွာ ကမာၻကသိလာမွာပါ။