ကိုဗစ်ကာကွယ်ဆေး REMDESIVIR ရဲ့လက်တွေ့အစွမ်းထက်ပုံ

Sharing is caring!

ဖျားနေတာ ၅ ရက် 100 F ကျော်၊ အနံမရတာ ၃ ရက်၊ လူလည်းတော်တော်နုံး နေပြီ ၊ SPO2 – 93-94% ကျလာ ၊ ဆေး(သွေး)စစ်ချက်တွေကလည်း remdesivir contraindication မရှိ တော့ ကာ – အမ Professor ဒေါ်မိုးမိုး

စန်းက Antiviral treatment စမယ် ဆုံးဖြတ်ပါတယ်၊

ညပိုင်းမှာ iv remdesivir 200mg drip x 2 hours စသွင်းပါတယ်၊ တစ်ညလုံး ၁၀၃ ဖျား ပါတယ် ၊ O2 ရှူ နေရတယ် ၊၊

၂၈-၉-၂၀၂၀ နေ့လည် မှာ Day 2 remdesivir 100mg iv drips x 1 hour သွင်းပါတယ် ၊ ညနေမှာ fever တဖြေးဖြေး စကျလာတယ်၊ လူလည်း နေလို့ တော်တော်လေးစပေါ့လာတယ်၊ O2 ဖြုတ်ပြီး အိမ်သာ သွား ၊ သန်ရှင်းရေ

ခဏတဖြုတ် ထလုပ်လို့ရလာတယ်၊ ညလည်းကောင်းကောင်းအိပ်ပျော်တယ်။

၂၉-၉-၂၀၂၀ မနက် အိပ်ရာနိုးတော့ အဖျားမရှိတော့၊ အတော့ကို နေလို့ ကောင်းလာတယ် အနံ နဲနဲပြန်ရလာတယ်၊ အစားစားလို့တော့ မကောင်းသေး၊ O2 ဆက်ရှူနေရသေးတယ်၊ Day 3 remdesivir သွင်း ပါတယ်။

၃၀-၉-၂၀၂၀၊ ၁-၁၀-၂၀၂၀ ရက်တွေ Day 4, Day 5 remdesivir သွင်းပါတယ်၊ တော်တော် နေကောင်းလာပြီ၊ O2 မရှူရတော့ SPO2 – 97% ပြန်ရ ။

IV Antibiotics treatment ဆက်ပေးပါတယ်၊ inj Dexa တစ်ပတ်ပြည့်တော့ရပ်ပါတယ်။ DM ကိုတော့ insulin mixtard ပေးပါတယ် blood sugar ကောင်းပါတယ်။

ဆေးရုံမဆင်းခင်မှာ Chest X rays, swab, blood test တွေ recheck လုပ်ပေးပါတယ် ။ swab – negative ဖြစ်ပါတယ်။

ကျွန်တော် နေရ ground floor မှာ remdesivir treatment ယူရတဲ့ သူ ၃ ယောက်ရှိပါတယ် ၊ ကျွန်တော်က moderate severe COVID pneumonia ပါ၊ ဆရာဝန်ညီမလေး တစ်ယောက်က Severe Pneumonia ဆိုတော့

တော်တော်ဖြစ်တယ် အခုတော့ သူလည်း ကောင်းတော့ အတူတူ ဆေးရုံဆင်းရပါတယ်။ နောက်တစ်ယောက် ကျွန်တော့ အခန်းဖော်ပါ သူက mild pneumonia ဆိုပေမယ့် တဖြေးဖြေး ပိုပြီးဖြစ်လာတော့ remdesivir

treatment ပေးလိုက်ရတယ် Day 2 ရပြီး အဖျားမရှိတော့၊ တစ်ရက်ပြီးတစ်ရက် တိုးတက် လာပြီး အခု ၅ ရက်လုံးသွင်းပြီးသွားတော့ အတော်ကို နေကောင်းလာပြီ။

ကိုယ်တွေ့ ကြုံရတဲ့ remdesivir treatment အကြောင်း ပါ၊ ကျွန်တော်တို့ မြန်မာနိုင်ငံမှာလည်း ကမ္ဘာ့အဆင့် ကုသမှုတွေ ရပါတယ်။

ကျန်းမာရေးဝန်ထမ်းအင်အား လိုအပ်ချက်ကတော့ ကပ်ရောဂါကာလ တစ်ကမ္ဘာလုံးမှာ ကြုံတွေ့နေရတဲ့ ပြဿနာကြီးပါ၊ ကျွန်တော်တို့လို နိုင်ငံ မျိူးမှာ ဒီလိုကျန်းမာရေး ဝန်ထမ်းတွေဖြစ်ကြသည့် ဆရာဝန်၊သူနာပြု၊အခြားဓါတ်ခွဲ၊

ဓါတ်မှန်၊ ဆေးလူမှုဝန်ထမ်း၊ စီမံအုပ်ချူပ်ရေး၊ဝယ်ယူဖြန့်ဖြူးရေး၊ အထွေထွေ လုပ်သား အစ ဘက်စုံ ကို ရှိတဲ့ အင်အား နဲ့ ပိုပြီး ခက်ခက်ခဲခဲ ရင်ဆိုင် တိုက်ပွဲ ဝင်နေကြပါတယ် ။ အဆင်မပြေမှုတွေ လည်း အများကြီး ရှိနေတာပါ

ဒါပေမယ့် အကောင်းဆုံးဖြစ် တောင့်ထားပြီးလုပ်နေကြပါ။

ကျွန်တော်တို့ စိတ်ဆရာဝန်တွေကလည်း ဆေးရုံတက်နေချိန်မှာ တောင် ဖုန်း၊ Viber ၊ messenger နဲ့ လူနာတွေကို ကုသပေးရပါတယ်။ ဆေးရုံထဲမှာလည်း မိဘဆွေမျိူး ဆုံးပါး သွားတဲ့(ဆရာဝန်)လူနာတွေ ကို Counseling

လုပ်ပေးရတယ်။ စိတ်ဖေါက် သူ ၊ ကြောင်နေ သူတွေကုသ ပေးနေရတယ် ။ တစ်ယောက်ဆို အိမ်သာထဲမှာ ၄-၅ နာရီ ဝင်နေလို့ ဆရာကြည်မင်းထွန်း သွား ချော့ပြီး ခေါ်ထုပ်ပေးရတယ် အထဲမှာ ရေတွေရွဲပြီး အဝတ်မပါ

ချမ်းတုန်နေတာ ၊၊

ဒီ အတွေ့ကြုံမျှဝေ ရင်းနဲ့ ပြောချင်တာကတော့

COVID တိုက်ပွဲဝင် ရှေ့တန်း၊ နောက်တန်း ၊ Volunteersတွေ ၊ အလှူရှင်တွေ၊ positive patents၊ Q ဝင်ရသူ တွေ၊ ပြည်သူ တစ်ဦးချင်းစီတိုင်း လေးစား ဂုဏ်ပြုလျက် ပါ ခင်ဗျ ။

ဒီ ကပ်ရောဂါကာလကြီးကို ကျွန်တော်တို့ အတူတူလက်တွဲရင်ဆိုင် ကျော်ဖြတ်ကြရအောင်

CREDIT Dr Sun Lin

Zawgyi

ကိုဗစ္ကာကြယ္ေဆး REMDESIVIR ရဲ႕လက္ေတြ႔အစြမ္းထက္ပံု

ဖ်ားေနတာ ၅ ရက္ 100 F ေက်ာ္၊ အနံမရတာ ၃ ရက္၊ လူလည္းေတာ္ေတာ္ႏုံး ေနၿပီ ၊ SPO2 – 93-94% က်လာ ၊ ေဆး(ေသြး)စစ္ခ်က္ေတြကလည္း remdesivir contraindication မရွိ ေတာ့ ကာ – အမ Professor ေဒၚမိုးမိုးစန္းက Antiviral treatment စမယ္ ဆုံးျဖတ္ပါတယ္၊

ညပိုင္းမွာ iv remdesivir 200mg drip x 2 hours စသြင္းပါတယ္၊ တစ္ညလုံး ၁၀၃ ဖ်ား ပါတယ္ ၊ O2 ရႉ ေနရတယ္ ၊၊

၂၈-၉-၂၀၂၀ ေန႔လည္ မွာ Day 2 remdesivir 100mg iv drips x 1 hour သြင္းပါတယ္ ၊ ညေနမွာ fever တေျဖးေျဖး စက်လာတယ္၊ လူလည္း ေနလို႔ ေတာ္ေတာ္ေလးစေပါ့လာတယ္၊ O2 ျဖဳတ္ၿပီး အိမ္သာ သြား ၊ သန္ရွင္းေရ ခဏတျဖဳတ္ ထလုပ္လို႔ရလာတယ္၊ ညလည္းေကာင္းေကာင္းအိပ္ေပ်ာ္တယ္။

၂၉-၉-၂၀၂၀ မနက္ အိပ္ရာႏိုးေတာ့ အဖ်ားမရွိေတာ့၊ အေတာ့ကို ေနလို႔ ေကာင္းလာတယ္ အနံ နဲနဲျပန္ရလာတယ္၊ အစားစားလို႔ေတာ့ မေကာင္းေသး၊ O2 ဆက္ရႉေနရေသးတယ္၊ Day 3 remdesivir သြင္း ပါတယ္။

၃၀-၉-၂၀၂၀၊ ၁-၁၀-၂၀၂၀ ရက္ေတြ Day 4, Day 5 remdesivir သြင္းပါတယ္၊ ေတာ္ေတာ္ ေနေကာင္းလာၿပီ၊ O2 မရႉရေတာ့ SPO2 – 97% ျပန္ရ ။

IV Antibiotics treatment ဆက္ေပးပါတယ္၊ inj Dexa တစ္ပတ္ျပည့္ေတာ့ရပ္ပါတယ္။ DM ကိုေတာ့ insulin mixtard ေပးပါတယ္ blood sugar ေကာင္းပါတယ္။

ေဆး႐ုံမဆင္းခင္မွာ Chest X rays, swab, blood test ေတြ recheck လုပ္ေပးပါတယ္ ။ swab – negative ျဖစ္ပါတယ္။

ကြၽန္ေတာ္ ေနရ ground floor မွာ remdesivir treatment ယူရတဲ့ သူ ၃ ေယာက္ရွိပါတယ္ ၊ ကြၽန္ေတာ္က moderate severe COVID pneumonia ပါ၊ ဆရာဝန္ညီမေလး တစ္ေယာက္က Severe Pneumonia ဆိုေတာ့ေတာ္ေတာ္ျဖစ္တယ္ အခုေတာ့ သူလည္း ေကာင္းေတာ့ အတူတူ ေဆး႐ုံဆင္းရပါတယ္။ ေနာက္တစ္ေယာက္ ကြၽန္ေတာ့ အခန္းေဖာ္ပါ သူက mild pneumonia ဆိုေပမယ့္ တေျဖးေျဖး ပိုၿပီးျဖစ္လာေတာ့ remdesivir treatment ေပးလိုက္ရတယ္ Day 2 ရၿပီး အဖ်ားမရွိေတာ့၊ တစ္ရက္ၿပီးတစ္ရက္ တိုးတက္ လာၿပီး အခု ၅ ရက္လုံးသြင္းၿပီးသြားေတာ့ အေတာ္ကို ေနေကာင္းလာၿပီ။

ကိုယ္ေတြ႕ ႀကဳံရတဲ့ remdesivir treatment အေၾကာင္း ပါ၊ ကြၽန္ေတာ္တို႔ ျမန္မာႏိုင္ငံမွာလည္း ကမာၻ႔အဆင့္ ကုသမႈေတြ ရပါတယ္။

က်န္းမာေရးဝန္ထမ္းအင္အား လိုအပ္ခ်က္ကေတာ့ ကပ္ေရာဂါကာလ တစ္ကမာၻလုံးမွာ ႀကဳံေတြ႕ေနရတဲ့ ျပႆနာႀကီးပါ၊ ကြၽန္ေတာ္တို႔လို ႏိုင္ငံ မ်ိဴးမွာ ဒီလိုက်န္းမာေရး ဝန္ထမ္းေတြျဖစ္ၾကသည့္ ဆရာဝန္၊သူနာျပဳ၊အျခားဓါတ္ခြဲ၊ဓါတ္မွန္၊ ေဆးလူမႈဝန္ထမ္း၊ စီမံအုပ္ခ်ဴပ္ေရး၊ဝယ္ယူျဖန္႔ျဖဴးေရး၊ အေထြေထြ လုပ္သား အစ ဘက္စုံ ကို ရွိတဲ့ အင္အား နဲ႔ ပိုၿပီး ခက္ခက္ခဲခဲ ရင္ဆိုင္ တိုက္ပြဲ ဝင္ေနၾကပါတယ္ ။ အဆင္မေျပမႈေတြ လည္း အမ်ားႀကီး ရွိေနတာပါ ဒါေပမယ့္ အေကာင္းဆုံးျဖစ္ ေတာင့္ထားၿပီးလုပ္ေနၾကပါ။

ကြၽန္ေတာ္တို႔ စိတ္ဆရာဝန္ေတြကလည္း ေဆး႐ုံတက္ေနခ်ိန္မွာ ေတာင္ ဖုန္း၊ Viber ၊ messenger နဲ႔ လူနာေတြကို ကုသေပးရပါတယ္။ ေဆး႐ုံထဲမွာလည္း မိဘေဆြမ်ိဴး ဆုံးပါး သြားတဲ့(ဆရာဝန္)လူနာေတြ ကို Counseling လုပ္ေပးရတယ္။ စိတ္ေဖါက္ သူ ၊ ေၾကာင္ေန သူေတြကုသ ေပးေနရတယ္ ။ တစ္ေယာက္ဆို အိမ္သာထဲမွာ ၄-၅ နာရီ ဝင္ေနလို႔ ဆရာၾကည္မင္းထြန္း သြား ေခ်ာ့ၿပီး ေခၚထုပ္ေပးရတယ္ အထဲမွာ ေရေတြ႐ြဲၿပီး အဝတ္မပါ ခ်မ္းတုန္ေနတာ ၊၊

ဒီ အေတြ႕ႀကဳံမွ်ေဝ ရင္းနဲ႔ ေျပာခ်င္တာကေတာ့
COVID တိုက္ပြဲဝင္ ေရွ႕တန္း၊ ေနာက္တန္း ၊ Volunteersေတြ ၊ အလႉရွင္ေတြ၊ positive patents၊ Q ဝင္ရသူ ေတြ၊ ျပည္သူ တစ္ဦးခ်င္းစီတိုင္း ေလးစား ဂုဏ္ျပဳလ်က္ ပါ ခင္ဗ် ။

ဒီ ကပ္ေရာဂါကာလႀကီးကို ကြၽန္ေတာ္တို႔ အတူတူလက္တြဲရင္ဆိုင္ ေက်ာ္ျဖတ္ၾကရေအာင္

Add a Comment

Your email address will not be published.