အကောင်းဆုံးဝိတ်ထိန်းနည်း
|ဝိတ်ထိန်းပြီးတော့ ကျန်းမာရေးထိန်းသိမ်းချင်တဲ့လူတွေအတွက် အာဟာရပညာရှင်တွေအနေနဲ့ သတ်မှတ်ထားတဲ့ အစာစားနည်းတစ်ခုရှိနေပါတယ်။ သင့်ရဲ့ပန်းကန်တစ်ချပ်တည်းမှာ ပါဝင်သင့်တဲ့ အစားအသောက်ဓာတ်
တွေကို ဖော်ပြပေးလိုက်ပါတယ်။
အသီးအရွက် ၄၀%
ပန်းကန်ထဲမှာ အသီးအရွက်စားသုံးမှုနှုန်းဟာ အများဆုံးပါဝင်နေရပါမယ်။ ဖိုက်ဘာဓာတ်နဲ့ ဗီတာမင်ဓာတ်ပေါကြွယ်ဝတဲ့ အစိမ်းရောင်၊ အဝါ သို့မဟုတ် လိမ္မော်နဲ့ အနီတို့ပါဝင်တဲ့ အသီးအရွက်သုံးမျိုးကို စားုံးပေးသင့်ပါ
တယ်။
အသီးအနှံ ၁၀%
သင့်ရဲ့တစ်နပ်စာထဲမှာ အသီးအနှံတစ်မျိုးမျိုးကို ထည့်သွင်းစားသုံးပေးသင့်ပါတယ်။ အထူးသဖြင့် အရည်ရွှမ်းပြီး ဗီတာမင်စီပေါကြွယ်ဝတဲ့ အသီးအနှံတွေကို စားသုံးပေးပါ။
CARBS ၂၅%
Carbohydrate လို့ခေါ်တဲ့ CARBS တွေဟာလည်း တစ်နည်းတစ်ဖုံတော့ လူ့ခန္ဓာကိုယ်အတွက် စွမ်းအင်ကို ထုတ်ပေးနေတတ်ပါတယ်။ ဆန်လုံးညို၊ ပေါင်မုန့်ကြမ်း၊ ပေါင်မုန့်ညိုတွေကို စားပေးနိုင်ပါတယ်။ ဒါပေမဲ့လည်း
ထမင်းဖြစ်တဲ့ ဆန်ချောနဲ့ ပေါင်မုန့်ဖြူကတော့ ဝိတ်ကတ်စေနိုင်တဲ့အတွက် ရှောင်ရှားသင့်ပါတယ်။
ပရိုတင်း ၂၅%
ငါး၊ အသားအမျိုးမျိုး၊ ပဲအမျိုးမျိုးနဲ့ ချိစ့်တွေ၊ ကြက်ဥနဲ့ အာလူးတို့ကို စားနိုင်ပါတယ်။ ပရိုတင်းဟာ ကြွက်သားတည်ဆောက်မှုကို အားပေးပြီးတော့ လူ့ခန္ဓာကိုယ်အတွက် လိုအပ်တဲ့အားအင်ကိုလည်း ပေးစွမ်းနိုင်ပါတယ်။
ဒါကတော့ ဟားဗတ်တက္ကသိုလ်ရဲ့ Healthy Eating Plate နမူနာပဲဖြစ်ပါတယ်။
penny
Zawgyi
ဖော်ပြပေးလိုက်ပါတယ်။
အသီးအရွက် ၄၀%
အသီးအနှံ ၁၀%
CARBS ၂၅%
ပရိုတင်း ၂၅%
penny