ကိုဗစ်ဆေးကို ဝယ်ယူဖို့အကြောင်း သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးပြောပြီ

Sharing is caring!

အိန္ဒိယကမှာယူနေတဲ့ ကိုဗစ်ဆေးကို ဘတ်ဂျတ်အကန့်အသတ်မရှိ ဆက်လက်ဝယ်ယူမည်

မြန်မာနိုင်ငံအတွင်းက ပြင်းထန်ကိုဗစ်လူနာတွေအတွက် အသုံးပြုနေတဲ့ ကိုဗစ်ဆေးကို ထပ်မံဝယ်ယူဖို့အစိုးရ အနေနဲ့ ဘတ်ဂျက်အကန့်အသတ်မရှိအသုံးပြုသွားမှာဖြစ်တယ်လို့သိရပါတယ်။

ဒီကနေ့ပြုလုပ်နဲ့ သမ္မအိမ်တော် သတင်းစာရှင်းလင်းပွဲမှာ သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောကြားသွားတာဖြစ်ပြီး အိန္ဒိယနိုင်ငံဘက်ကရောင်းနိုင်တဲ့ ပမာဏအထိကို ရသလောက် ဝယ်ယူမှာဖြစ်တယ်လို့ ပြော

ပါတယ်။

အိန္ဒိယကထုတ်လုပ်တဲ့ Remdesivir ဆေးက တန်ကြေးအားဖြင့် ထိုးဆေးတစ်လုံးကို ကန်ဒေါ်လာ ၅၀ ဝန်း ကျင်ရှိတယ်လို့လည်း သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးကဆိုပါတယ်။

“ Remdesivir ဆေးက အိန္ဒိယနိုင်ငံကလည်း ထုတ်သလို တခြားနိုင်ငံတော်တော်များများကလည်း ထုတ်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့က အရည်အသွေးအရဆိုရင် အာမခံချက်ရှိတဲ့ အိန္ဒိယနိုင်ငံကပဲထပ်ပြီးမှာမယ်။

သူ့မှာ ဘယ်လောက်ရောင်းနိုင်မလဲ ရောင်းနိုင်သမျှထပ်ဝယ်မယ်။ ဒါနဲ့ပတ်သက်ပြီး ဘတ်ဂျက်အကန့် အသတ်မရှိပါဘူး”လို့ သမ္မရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးကပြောပါတယ်။လက်ရှိ ကိုဗစ်လူနာတွေကိုလည်း

Remdesivir ဆေးနဲ့ ကုသမှုတွေပေးလျှက်ရှိပြီး ပြီးခဲ့တဲ့အောက်တိုဘာလ (၅)ရက်နေ့ကမှ အိန္ဒိယနိုင်ငံက ကိုယ်စားလှယ်အဖွဲ့ မြန်မာနိုင်ငံကို လာရောက်စဉ်အတွင်းကလည်း ထိုးဆေးအလုံး (၃၀၀၀)လှူဒါန်းခဲ့ပါသေးတယ်။

Remdesivir ဆေးက COVID-19 လူနာတွေ အရေးပေါ်အခြေအနေအတွက် ကုသဆေးအဖြစ် အသုံးပြုရန် အမေရိကန် FDA (Food and Drug Administration) က မေလ ၁ ရက်နေ့မှာ တရားဝင် ခွင့်ပြုပေးထားတဲ့ ဆေးဖြစ်

ပါတယ်။နိုင်ငံတွင်းက ကိုဗစ်လူနာတွေကို နိုင်ငံတကာက လှူဒါန်းတဲ့ကာကွယ်ဆေးတွေအပါအဝင်အခြားလိုအပ်တဲ့ဆေးဝါးတွေကို ဝယ်ယူကုသမှုတွေပေးနေသလို သွေးရည်ကြည်ကုထုံးနည်းနဲ့လည်း ကုသမှုတွေပေးနေပါ

တယ်။ သွေးရည်ကြည်နဲ့ ကုထုံးနည်းကလည်း အောင်မြင်မှုတွေရှိနေတဲ့အတွက်နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကလည်း ရောဂါပျောက်ကင်းသူတွေကို သွေးရည်ကြည်လှူဒါန်းရန်အတွက် တောင်း

ဆိုမှုလုပ်ထားပါတယ်။

Zawgyi

ကိုဗစ္ေဆးကို ၀ယ္ယူဖို႔အေၾကာင္း သမၼတ႐ုံးေျပာေရးဆိုခြင့္ရွိသူ ဦးေဇာ္ေဌးေျပာၿပီ

အိႏၵိယကမွာယူေနတဲ့ ကိုဗစ္ေဆးကို ဘတ္ဂ်တ္အကန႔္အသတ္မရွိ ဆက္လက္ဝယ္ယူမည္

ျမန္မာႏိုင္ငံအတြင္းက ျပင္းထန္ကိုဗစ္လူနာေတြအတြက္ အသုံးျပဳေနတဲ့ ကိုဗစ္ေဆးကို ထပ္မံဝယ္ယူဖို႔အစိုးရ အေနနဲ႔ ဘတ္ဂ်က္အကန႔္အသတ္မရွိအသုံးျပဳသြားမွာျဖစ္တယ္လို႔သိရပါတယ္။

ဒီကေန႔ျပဳလုပ္နဲ႔ သမၼအိမ္ေတာ္ သတင္းစာရွင္းလင္းပြဲမွာ သမၼတ႐ုံးေျပာေရးဆိုခြင့္ရွိသူ ဦးေဇာ္ေဌးက ေျပာၾကားသြားတာျဖစ္ၿပီး အိႏၵိယႏိုင္ငံဘက္ကေရာင္းႏိုင္တဲ့ ပမာဏအထိကို ရသေလာက္ ဝယ္ယူမွာျဖစ္တယ္လို႔ ေျပာပါတယ္။

အိႏၵိယကထုတ္လုပ္တဲ့ Remdesivir ေဆးက တန္ေၾကးအားျဖင့္ ထိုးေဆးတစ္လုံးကို ကန္ေဒၚလာ ၅၀ ဝန္း က်င္ရွိတယ္လို႔လည္း သမၼတ႐ုံးေျပာေရးဆိုခြင့္ရွိသူ ဦးေဇာ္ေဌးကဆိုပါတယ္။

“ Remdesivir ေဆးက အိႏၵိယႏိုင္ငံကလည္း ထုတ္သလို တျခားႏိုင္ငံေတာ္ေတာ္မ်ားမ်ားကလည္း ထုတ္ပါတယ္။ ဒါေပမယ့္ ကြၽန္ေတာ္တို႔က အရည္အေသြးအရဆိုရင္ အာမခံခ်က္ရွိတဲ့ အိႏၵိယႏိုင္ငံကပဲထပ္ၿပီးမွာမယ္။

သူ႔မွာ ဘယ္ေလာက္ေရာင္းႏိုင္မလဲ ေရာင္းႏိုင္သမွ်ထပ္ဝယ္မယ္။ ဒါနဲ႔ပတ္သက္ၿပီး ဘတ္ဂ်က္အကန႔္ အသတ္မရွိပါဘူး”လို႔ သမၼ႐ုံးေျပာေရးဆိုခြင့္ရွိသူ ဦးေဇာ္ေဌးကေျပာပါတယ္။လက္ရွိ ကိုဗစ္လူနာေတြကိုလည္း Remdesivir ေ

ဆးနဲ႔ ကုသမႈေတြေပးလွ်က္ရွိၿပီး ၿပီးခဲ့တဲ့ေအာက္တိုဘာလ (၅)ရက္ေန႔ကမွ အိႏၵိယႏိုင္ငံက ကိုယ္စားလွယ္အဖြဲ႕ ျမန္မာႏိုင္ငံကို လာေရာက္စဥ္အတြင္းကလည္း ထိုးေဆးအလုံး (၃၀၀၀)လႉဒါန္းခဲ့ပါေသးတယ္။Remdesivir ေဆးက

COVID-19 လူနာေတြ အေရးေပၚအေျခအေနအတြက္ ကုသေဆးအျဖစ္ အသုံးျပဳရန္အေမရိကန္ FDA (Food and Drug Administration) က ေမလ ၁ ရက္ေန႔မွာ တရားဝင္ ခြင့္ျပဳေပးထားတဲ့ ေဆးျဖစ္ပါတယ္။ႏိုင္ငံတြင္းက

ကိုဗစ္လူနာေတြကို ႏိုင္ငံတကာက လႉဒါန္းတဲ့ကာကြယ္ေဆးေတြအပါအဝင္အျခားလိုအပ္တဲ့ေဆးဝါးေတြကို ဝယ္ယူကုသမႈေတြေပးေနသလို ေသြးရည္ၾကည္ကုထုံးနည္းနဲ႔လည္း ကုသမႈေတြေပးေနပါတယ္။

ေသြးရည္ၾကည္နဲ႔ ကုထုံးနည္းကလည္း ေအာင္ျမင္မႈေတြရွိေနတဲ့အတြက္ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ကလည္း ေရာဂါေပ်ာက္ကင္းသူေတြကို ေသြးရည္ၾကည္လႉဒါန္းရန္အတြက္ ေတာင္းဆိုမႈလုပ္ထားပါတယ္။

Add a Comment

Your email address will not be published. Required fields are marked *