ဝ တဲ့သူတွေ ကိုဗစ်ကူးစက်နိုင်ခြေပိုများကြောင်း အမေရိကန် CDC အဖွဲ့ကြီးက ထုတ်ပြန်
|ပုံမှန်ထက်ပိုဝသူနဲ့ အဝလွန်သူတွေမှာ ကိုဗစ်ကူးစက်နိုင်ခြေ ပိုများတယ်လို့ အမေရိကန် CDC အဖွဲ့ကြီးက ထုတ်ပြန်လိုက်ပါတယ်။ ခုလို သတိပေး ချက်ကို US CDC website မှာထုတ်ပြန်ထားတာဖြစ်ပါတယ်။ အရင်တုန်း
ကတော့ အဝလွန်သူတွေသာ စိုးရိမ်ရတယ်ပြောခဲ့ပေမယ့် ခုတော့ ပုံမှန်ထက်ဝသူတွေကို ထည့်သွင်းလာတာဖြစ်ပါတယ်။ ကိုယ်အလေးချိန်အချိုးအစား BMI နဲ့တွက်ရင် 25-30 ကြား စိုးရိမ်ရတယ်လို့ ပြောပါတယ်။ အမေရိ
ကန် ဒေါ်နယ်ထရန့် ကိုဗစ်ကူးစက်ချိန်က BMI ဟာ 30.5 ရှိပါတယ်။
ဆေးပညာရှင်တွေကတော့ အဝလွန်မှုဟာ ရောဂါခုခံတဲ့ ကိုယ်ခံအားစနစ်ကို ယုတ်လျော့စေတယ်လို့ဆိုပါတယ်။ အဝလွန်တဲ့အခါ အဆုတ်အားနည်းစေပြီး အိပ်ပျော်နေစဉ် အသက်ရှုရပ်တာတွေဖြစ်စေနိုင်ပါတယ်လို့ UNO
ဒေါက်တာဘယ်ရီပေါ့ကင်းက ဆိုပါတယ်။ အဝလွန်တာနဲ့ ကိုဗစ်ရောဂါဆက်စပ်မှုကို ဖော်ထုတ်ဖို့ စာတမ်းပေါင်း ၇၅ ခုကို လေ့လာပြီး ICU တွေအထိပါ သွားရောက်ခဲ့တယ်လို့ ဒေါက်တာဘယ်ရီပြောပါတယ်။ ထို့အပြင် ကိုဗစ်
ကာကွယ်ဆေးတွေအနေနဲ့ တုတ်ကွေးကာကွယ်ဆေးလို လူအမျိုးအစားပေါင်းစုံအတွက် စဉ်းစားပြီးထုတ်သင့်တယ်လို့ အကြံပေးထားပါတယ်။
Ref – Mirror News
Zawgyi
ဆးတွေအနေနဲ့ တုတ်ကွေးကာကွယ်ဆေးလို လူအမျိုးအစားပေါင်းစုံအတွက် စဉ်းစားပြီးထုတ်သင့်တယ်လို့ အကြံပေးထားပါတယ်။
Ref – Mirror News