ရုတ်တရက် အနံ့ပျောက်သွားခဲ့ရင် မတုန်လှုပ်ပါနဲ့

Sharing is caring!

အခုချိန်ဟာ အားလုံးက စိုးရိမ် ပူပန်နေကြတဲ့ အချိန်ကာလတစ်ခုလည်း ဖြစ်ပါတယ်။ သာမန်ဖျားနာတာကြောင့်ပဲ ဖြစ်စေ ၊ ကိုဗစ် ကူးစက်ခံရတာကြောင့်ပဲဖြစ်စေ ရုတ်တရက် အနံ့ပျောက်သွားခဲ့ရင် အထိတ်တလန့် မဖြစ်ကြ

ဘဲ တက်ကျွမ်းနားလည်သူကို အကြောင်းကြားပြီး ကုသမှုတွေကို ခံယူသင့်ပါတယ်။ အနံ့ပျောက်ပြီဆိုတာနှင့် စိုးရိမ်မနေဘဲ အနံ့ အမြန်ဆုံး ပြန်ရလာစေဖို့အတွက် လုပ်ဆောင်သင့်ပါတယ်။ အခုပြောပြပေးမယ့် နည်းလမ်းအချို့

ကတော့ သင့်ကို အန္တရာယ်မဖြစ်စေဘဲ အနံ့ကို ရက်ပိုင်း အတွင်း အမြန်ဆုံး ပြန်လည် ရလာစေမယ့် ကုသနည်းတွေပဲဖြစ်ပါတယ်။

၁။လေးညှင်းပွင့် ကို ရှုပါ။

လေးညှင့်ပွင့်ကို အချိန်တိုင်း ရှုနေခြင်းကလည်း ရက်ပိုင်းအတွင်း အနံ့ခံအာရုံ ပြန်ကောင်းလာဖို့အတွက် အထောက်အကူ ပြုစေနိုင်ပါတယ်။ လေးညှင်းပွင့်အနည်းငယ်ကို ဒီအတိုင်း ရှုနိုင်သလို ရေနွေးဆူဆူထဲကို လေးညှင့်

ပွင့်အနည်းငယ်ထည့်ပြီး ရေနွေးငွေ့ကို ရှုခြင်းဖြင့် လည်း အနံ့ခံအာရုံ ပြန်ကောင်းလာစေဖို့အတွက် အထောက်အကူဖြစ်စေနိုင်ပါတယ်။

၂။ပရုတ်ဆီ

ဒဏ်ကြေ လိမ်းဆေး ဖြစ်တဲ့ ပရုတ်ဆီကိုလည်း အနံ့ပြန်ရဖို့အတွက် ကုသရာမှာ သုံးနိုင်ပါတယ်။ ရေနွေးတစ်ခွက်ထဲကို ပရုတ်ဆီ အနည်းငယ်ထည့်ပေးပါ။ ထို့နောက် သံပုရာသီးကို အရည်လည်း ညှစ်ပြီး အခွံပါထည့်စိမ်ပေး

ပါ။ အနံ့ပြင်းပြင်းရဖို့လိုအပ်တာကြောင့် ပရုတ်ဆီရော သံပုရာ ခွံကိုပါ များများထည့်ပေးဖို့ လိုအပ်ပါတယ်။ပရုတ်ဆီ ရေနွေးငွေ့ကို မကြာခဏ ရှုပေးဖို့ လိုအပ်ပါတယ်။

၃။ချင်းလိမ်းပေးနိုင်ပါတယ်။

ချင်း ကလည်း အနံ့ပြန်ရဖို့အတွက် အထောက်အကူပေးနိုင်ပါသေးတယ်။ ချင်းကို သနပ်ခါးကျောက်ပြင်ပေါ်မှာ အနှစ်ရတဲ့ အထိ ရေအနည်းငယ်နှင့် သွေးပေးပါ။ အနှစ်များများ ရလာပြီဆိုရင်တော့ ချင်းအနှစ်ကို နှာခေါင်းထိပ်

ဝတစ်ဝိုက် လိမ်းပေးရမှာပဲဖြစ်ပါတယ်။ချင်းကို သွေးလိမ်းတဲ့ အခါပူတတ်တာကြောင့် နှခေါင်းအတွင်းထဲ အထိတော့ မလိမ်းလိုက်ပါနဲ့နော်။

၄။သံပုရာသီးရှုပေးပါ။

သံပုရာသီး အလုံးလိုက်ကို ဖိချေပေးပြီး တစ်နေကုန် သံပုရာသီး ပဲ ရှုခြင်းဖြင့် လည်း ရက်ပိုင်း အတွင်း အနံ့ပြန်ရနိုင်ပါတယ်။

အခုပြောပြပေးခဲ့တဲ့ နည်းလမ်းလေးတွေက အနံ့ပျောက်နေတဲ့ လူတွေအတွက် ရက်ပိုင်းအတွင်း အနံ့ပြန်ရစေဖို့အတွက် နည်းလမ်ကောင်းလေးတွေပဲဖြစ်ပါတယ်။ အနံ့စတင်ပျောက်ပြီဆိုတာနှင့် Self Isolation ကို အထူး

သတိထားဆောင်ရွက်သင့်တာဖြစ်ပြီး ကိုယ့်ကိုကိုယ်လည်း ဂရုတစိုက် စောင့်ကြည့်သင့်ပါတယ်။အားလုံးပဲ ကျန်းမာရေးကို ဂရုစိုက်ကြပါနော်။

Zawgyi

႐ုတ္တရက္ အနံ႔ေပ်ာက္သြားခဲ့ရင္ မတုန္လႈပ္ပါနဲ႔

အခုခ်ိန္ဟာ အားလုံးက စိုးရိမ္ ပူပန္ေနၾကတဲ့ အခ်ိန္ကာလတစ္ခုလည္း ျဖစ္ပါတယ္။ သာမန္ဖ်ားနာတာေၾကာင့္ပဲ ျဖစ္ေစ ၊ ကိုဗစ္ ကူးစက္ခံရတာေၾကာင့္ပဲျဖစ္ေစ ႐ုတ္တရက္ အနံ႔ေပ်ာက္သြားခဲ့ရင္ အထိတ္တလန႔္ မျဖစ္ၾကဘဲ တ

က္ကြၽမ္းနားလည္သူကို အေၾကာင္းၾကားၿပီး ကုသမႈေတြကို ခံယူသင့္ပါတယ္။ အနံ႔ေပ်ာက္ၿပီဆိုတာႏွင့္ စိုးရိမ္မေနဘဲ အနံ႔ အျမန္ဆုံး ျပန္ရလာေစဖို႔အတြက္ လုပ္ေဆာင္သင့္ပါတယ္။ အခုေျပာျပေပးမယ့္ နည္းလမ္းအခ်ိဳ႕ကေတာ့

သင့္ကို အႏၲရာယ္မျဖစ္ေစဘဲ အနံ႔ကို ရက္ပိုင္း အတြင္း အျမန္ဆုံး ျပန္လည္ ရလာေစမယ့္ ကုသနည္းေတြပဲျဖစ္ပါတယ္။

၁။ေလးညႇင္းပြင့္ ကို ရႈပါ။

ေလးညႇင့္ပြင့္ကို အခ်ိန္တိုင္း ရႈေနျခင္းကလည္း ရက္ပိုင္းအတြင္း အနံ႔ခံအာ႐ုံ ျပန္ေကာင္းလာဖို႔အတြက္ အေထာက္အကူ ျပဳေစႏိုင္ပါတယ္။ ေလးညႇင္းပြင့္အနည္းငယ္ကို ဒီအတိုင္း ရႈႏိုင္သလို ေရေႏြးဆူဆူထဲကို ေလးညႇင့္ပြင့္အန

ည္းငယ္ထည့္ၿပီး ေရေႏြးေငြ႕ကို ရႈျခင္းျဖင့္ လည္း အနံ႔ခံအာ႐ုံ ျပန္ေကာင္းလာေစဖို႔အတြက္ အေထာက္အကူျဖစ္ေစႏိုင္ပါတယ္။

၂။ပ႐ုတ္ဆီ

ဒဏ္ေၾက လိမ္းေဆး ျဖစ္တဲ့ ပ႐ုတ္ဆီကိုလည္း အနံ႔ျပန္ရဖို႔အတြက္ ကုသရာမွာ သုံးႏိုင္ပါတယ္။ ေရေႏြးတစ္ခြက္ထဲကို ပ႐ုတ္ဆီ အနည္းငယ္ထည့္ေပးပါ။ ထို႔ေနာက္ သံပုရာသီးကို အရည္လည္း ညႇစ္ၿပီး အခြံပါထည့္စိမ္ေပးပါ။ အနံ႔ျ

ပင္းျပင္းရဖို႔လိုအပ္တာေၾကာင့္ ပ႐ုတ္ဆီေရာ သံပုရာ ခြံကိုပါ မ်ားမ်ားထည့္ေပးဖို႔ လိုအပ္ပါတယ္။ပ႐ုတ္ဆီ ေရေႏြးေငြ႕ကို မၾကာခဏ ရႈေပးဖို႔ လိုအပ္ပါတယ္။

၃။ခ်င္းလိမ္းေပးႏိုင္ပါတယ္။

ခ်င္း ကလည္း အနံ႔ျပန္ရဖို႔အတြက္ အေထာက္အကူေပးႏိုင္ပါေသးတယ္။ ခ်င္းကို သနပ္ခါးေက်ာက္ျပင္ေပၚမွာ အႏွစ္ရတဲ့ အထိ ေရအနည္းငယ္ႏွင့္ ေသြးေပးပါ။ အႏွစ္မ်ားမ်ား ရလာၿပီဆိုရင္ေတာ့ ခ်င္းအႏွစ္ကို ႏွာေခါင္းထိပ္ဝတစ္

ဝိုက္ လိမ္းေပးရမွာပဲျဖစ္ပါတယ္။ခ်င္းကို ေသြးလိမ္းတဲ့ အခါပူတတ္တာေၾကာင့္ ႏွေခါင္းအတြင္းထဲ အထိေတာ့ မလိမ္းလိုက္ပါနဲ႔ေနာ္။

၄။သံပုရာသီးရႈေပးပါ။

သံပုရာသီး အလုံးလိုက္ကို ဖိေခ်ေပးၿပီး တစ္ေနကုန္ သံပုရာသီး ပဲ ရႈျခင္းျဖင့္ လည္း ရက္ပိုင္း အတြင္း အနံ႔ျပန္ရႏိုင္ပါတယ္။

အခုေျပာျပေပးခဲ့တဲ့ နည္းလမ္းေလးေတြက အနံ႔ေပ်ာက္ေနတဲ့ လူေတြအတြက္ ရက္ပိုင္းအတြင္း အနံ႔ျပန္ရေစဖို႔အတြက္ နည္းလမ္ေကာင္းေလးေတြပဲျဖစ္ပါတယ္။ အနံ႔စတင္ေပ်ာက္ၿပီဆိုတာႏွင့္ Self Isolation ကို အထူးသတိ

ထားေဆာင္႐ြက္သင့္တာျဖစ္ၿပီး ကိုယ့္ကိုကိုယ္လည္း ဂ႐ုတစိုက္ ေစာင့္ၾကည့္သင့္ပါတယ္။အားလုံးပဲ က်န္းမာေရးကို ဂ႐ုစိုက္ၾကပါေနာ္။

Add a Comment

Your email address will not be published. Required fields are marked *