တောင်သူလယ်သမားတွေအတွက် ဝမ်းသာစရာသတင်းပါ

Sharing is caring!

မိုးစပါးပေါ်ချိန် တိုင်းဒေသကြီးနှင့် ပြည်နယ်ငါးခုက မိုးစပါးဈေးနှုန်းတွေ အခြေခံရည်ညွှန်းစပါးဈေးနှုန်းအောက် လျော့ကျပါက အစိုးရက ဝယ်ယူပေးသွားဖို့ ပြင်ဆင်ထားတယ်လို့ စီးပွားရေးနှင့်ကူးသန်းရောင်း ဝယ်ရေး

ဝန်ကြီးဌာနက တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

အဲလို ဝယ်ယူဖို့အတွက် ငွေကျပ်(၂၀) ဘီလီယံကို တင်ပြတောင်းခံထားပြီး ရန်ကုန်တိုင်း၊ ရခိုင်ပြည်နယ်၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်းနှင့် တနင်္သာရီတိုင်းတို့မှာ ဝယ်ယူပေးသွားဖို့ ပြင်ဆင်ထားတယ်လို့ စီးပွားရေးနှင့်

ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက လက်ထောက် အတွင်းဝန် ဦးခင်မောင်လွင်က ပြောပါတယ်။

“ မိုးစပါးကတော့ အခုထွက်နေပြီ။ ဈေးနှုန်းကလည်း အခြေခံဈေးနှုန်းထက် မြင့်နေသေးတယ်။ ကျမယ်ဆိုရင်လည်း ဝန်ကြီးဌာနက ဝယ်ယူဖို့ ပြင်ဆင်နေပါတယ်” လို့ ဦးခင်မောင်လွင်က ပြောပါတယ်။

မိုးစပါးဈေး အခြေခံရည်ညွှန်းစပါးဈေးနှုန်းအောက် လျော့ကျလာပါက ဝယ်ယူနိုင်ဖို့အတွက် တင်ဒါခေါ်ယူမှု တွေကိုလည်း မကြာမီအချိန်အတွင်း ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ အခြေခံရည်ညွှန်း စပါးဈေးနှုန်း

တင်း(၁၀၀)ကို ငွေကျပ် (၅၂၀၀၀၀) သတ်မှတ်ထားတာကို တောင်သူလယ်သမား အခွင့်အရေး ကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေးဦးဆောင်အဖွဲ့က ဇူလိုင်(၂၃) ရက်က ထုတ်ပြန် ထားတာဖြစ်ပါတယ်။ ၂၀၁၈ ခုနှစ်နှင့်

၂၀၁၉ ခုနှစ် တွေရဲ့ အခြေခံရည်ညွှန်းစပါးဈေးနှုန်းတွေဟာ တင်း(၁၀၀)ကို ကျပ် (၅၀၀၀၀၀) ဖြစ်ပြီး အခုနှစ်မှာတော့ စပါးတင်း(၁၀၀)ကို ကျပ်( ၅၂၀၀၀၀) အထိ တိုးမြှင့် သတ်မှတ်ခဲ့တာ ဖြစ်ပါတယ်။

သတ်မှတ်ထားတဲ့ အခြေခံရည်ညွှန်းစပါး ဈေးနှုန်းဟာ (၂၀၂၀) ပြည့်နှစ်နဲ့ (၂၀၂၁) ခုနှစ် မိုးစပါးတို့ အတွက် ရည်ရွယ်သတ်မှတ်တာဖြစ်ပြီး နိုင်ငံအတွင်း နှစ်စဉ် စပါး ဧကပေါင်း (၁၃)သိန်း စိုက်ပျိုးတယ်လို့ သိရပါတယ်။

သတင်း-မင်းမောင်မောင်

ONM

Zawgyi

ေတာင္သူလယ္သမားေတြအတြက္ ဝမ္းသာစရာသတင္းပါ

မိုးစပါးေပၚခ်ိန္ တိုင္းေဒသႀကီးႏွင့္ ျပည္နယ္ငါးခုက မိုးစပါးေဈးႏႈန္းေတြ အေျခခံရည္ၫႊန္းစပါးေဈးႏႈန္းေအာက္ ေလ်ာ့က်ပါက အစိုးရက ဝယ္ယူေပးသြားဖို႔ ျပင္ဆင္ထားတယ္လို႔ စီးပြားေရးႏွင့္ကူးသန္းေရာင္း ဝယ္ေရး ဝန္ႀကီးဌာနက

တာဝန္ရွိသူတစ္ဦးက ေျပာပါတယ္။

အဲလို ဝယ္ယူဖို႔အတြက္ ေငြက်ပ္(၂၀) ဘီလီယံကို တင္ျပေတာင္းခံထားၿပီး ရန္ကုန္တိုင္း၊ ရခိုင္ျပည္နယ္၊ ဧရာဝတီတိုင္း၊ ပဲခူးတိုင္းႏွင့္ တနသၤာရီတိုင္းတို႔မွာ ဝယ္ယူေပးသြားဖို႔ ျပင္ဆင္ထားတယ္လို႔ စီးပြားေရးႏွင့္ကူးသန္းေရာင္းဝ

ယ္ေရးဝန္ႀကီးဌာနက လက္ေထာက္ အတြင္းဝန္ ဦးခင္ေမာင္လြင္က ေျပာပါတယ္။

“ မိုးစပါးကေတာ့ အခုထြက္ေနၿပီ။ ေဈးႏႈန္းကလည္း အေျခခံေဈးႏႈန္းထက္ ျမင့္ေနေသးတယ္။ က်မယ္ဆိုရင္လည္း ဝန္ႀကီးဌာနက ဝယ္ယူဖို႔ ျပင္ဆင္ေနပါတယ္” လို႔ ဦးခင္ေမာင္လြင္က ေျပာပါတယ္။

မိုးစပါးေဈး အေျခခံရည္ၫႊန္းစပါးေဈးႏႈန္းေအာက္ ေလ်ာ့က်လာပါက ဝယ္ယူႏိုင္ဖို႔အတြက္ တင္ဒါေခၚယူမႈ ေတြကိုလည္း မၾကာမီအခ်ိန္အတြင္း ေဆာင္႐ြက္သြားမွာ ျဖစ္တယ္လို႔ သိရပါတယ္။ အေျခခံရည္ၫႊန္း စပါးေဈးႏႈန္း တ

င္း(၁၀၀)ကို ေငြက်ပ္ (၅၂၀၀၀၀) သတ္မွတ္ထားတာကို ေတာင္သူလယ္သမား အခြင့္အေရး ကာကြယ္ေရးႏွင့္ အက်ိဳးစီးပြားျမႇင့္တင္ေရးဦးေဆာင္အဖြဲ႕က ဇူလိုင္(၂၃) ရက္က ထုတ္ျပန္ ထားတာျဖစ္ပါတယ္။ ၂၀၁၈ ခုႏွစ္ႏွင့္ ၂၀၁၉

ခုႏွစ္ ေတြရဲ႕ အေျခခံရည္ၫႊန္းစပါးေဈးႏႈန္းေတြဟာ တင္း(၁၀၀)ကို က်ပ္ (၅၀၀၀၀၀) ျဖစ္ၿပီး အခုႏွစ္မွာေတာ့ စပါးတင္း(၁၀၀)ကို က်ပ္( ၅၂၀၀၀၀) အထိ တိုးျမႇင့္ သတ္မွတ္ခဲ့တာ ျဖစ္ပါတယ္။

သတ္မွတ္ထားတဲ့ အေျခခံရည္ၫႊန္းစပါး ေဈးႏႈန္းဟာ (၂၀၂၀) ျပည့္ႏွစ္နဲ႔ (၂၀၂၁) ခုႏွစ္ မိုးစပါးတို႔ အတြက္ ရည္႐ြယ္သတ္မွတ္တာျဖစ္ၿပီး ႏိုင္ငံအတြင္း ႏွစ္စဥ္ စပါး ဧကေပါင္း (၁၃)သိန္း စိုက္ပ်ိဳးတယ္လို႔ သိရပါတယ္။

သတင္း-မင္းေမာင္ေမာင္

ONM

Add a Comment

Your email address will not be published. Required fields are marked *