နောက်ဆုံးတော့ သမ္မတကြီး ပြောပြီ

Sharing is caring!

နေပြည်တော်၊ အောက်တိုဘာ ၁၂။

နိုင်ငံတော်မှာ ကိုဗစ်-၁၉ကပ်ရောဂါ အမြန်ဆုံးချုပ်ငြိမ်းစေရန်နဲ့ တစ်နိုင်ငံလုံး ရွှင်ပြုံးနိုင်ကြစေရန် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ဆုမွန်ကောင်းတောင်းစကား ပြောကြားလိုက်ပါတယ်။

သမ္မတ ဦးဝင်းမြင့်သည် “နိုင်ငံတော်ကိုကာကွယ်ဖို့ အပြင်ထွက်တိုင်း Mask တပ်စို့”ကမ်ပိန်းပြုလုပ်မှုမှာ ပါဝင်သည့်အနေနဲ့ ၎င်းရဲ့လူမှုကွန်ယက်စာမျက်နှာမှတစ်ဆင့် ရေးသားလိုက်တာဖြစ်ပါတယ်။

ဆက်လက်ပြီး နိုင်ငံတော်မှာ ကိုဗစ်ရောဂါမကြာစေရန် Stay At Home လိုက်နာကြပြီး Mask တပ်ကြရန် ၎င်း က တိုက်တွန်းပြောဆိုထားပါတယ်။

ဒါ့ပြင် မကြာခဏ လက်ကိုဆပ်ပြာနဲ့ဆေးကြောသလို တစ်ဦးနဲ့တစ်ဦး ၆ပေခွာပြီးနေကြရန်နဲ့ သင့်ကြောင့် ရောဂါမပြန့်ပွားပါစေနဲ့လို့လည်း သမ္မတက ပြောဆိုထားပါတယ်။

ထို့နောက် စည်းကမ်းလိုက်နာ ဘေးကင်းကွာကြရန်လည်း လူမှုကွန်ယက်စာမျက်နှာမှာ ထည့်သွင်းရေးသားထား တာဖြစ်ပါတယ်။
TMA

Zawgyi

ေနာက္ဆံုးေတာ့ သမၼတႀကီး ေျပာၿပီ

ေနျပည္ေတာ္၊ ေအာက္တိုဘာ ၁၂။

ႏိုင္ငံေတာ္မွာ ကိုဗစ္-၁၉ကပ္ေရာဂါ အျမန္ဆုံးခ်ဳပ္ၿငိမ္းေစရန္နဲ႔ တစ္ႏိုင္ငံလုံး ႐ႊင္ၿပဳံးႏိုင္ၾကေစရန္ ႏိုင္ငံေတာ္သမၼတ ဦးဝင္းျမင့္က ဆုမြန္ေကာင္းေတာင္းစကား ေျပာၾကားလိုက္ပါတယ္။

သမၼတ ဦးဝင္းျမင့္သည္ “ႏိုင္ငံေတာ္ကိုကာကြယ္ဖို႔ အျပင္ထြက္တိုင္း Mask တပ္စို႔”ကမ္ပိန္းျပဳလုပ္မႈမွာ ပါဝင္သည့္အေနနဲ႔ ၎ရဲ႕လူမႈကြန္ယက္စာမ်က္ႏွာမွတစ္ဆင့္ ေရးသားလိုက္တာျဖစ္ပါတယ္။

ဆက္လက္ၿပီး ႏိုင္ငံေတာ္မွာ ကိုဗစ္ေရာဂါမၾကာေစရန္ Stay At Home လိုက္နာၾကၿပီး Mask တပ္ၾကရန္ ၎ က တိုက္တြန္းေျပာဆိုထားပါတယ္။

ဒါ့ျပင္ မၾကာခဏ လက္ကိုဆပ္ျပာနဲ႔ေဆးေၾကာသလို တစ္ဦးနဲ႔တစ္ဦး ၆ေပခြာၿပီးေနၾကရန္နဲ႔ သင့္ေၾကာင့္ ေရာဂါမျပန႔္ပြားပါေစနဲ႔လို႔လည္း သမၼတက ေျပာဆိုထားပါတယ္။

ထို႔ေနာက္ စည္းကမ္းလိုက္နာ ေဘးကင္းကြာၾကရန္လည္း လူမႈကြန္ယက္စာမ်က္ႏွာမွာ ထည့္သြင္းေရးသားထား တာျဖစ္ပါတယ္။
TMA

Add a Comment

Your email address will not be published. Required fields are marked *