The Voice Myanmar မှာ ဝ ရင် ပြိုင်ပွဲမဝင်ရတော့ဘူးလားလို့ ပြောလာတဲ့ ဇော်ခွန်
|The Voice Myanmar (Season-3) ပြိုင်ပွဲဝင် ဇော်ခွန်ကတော့ Body Shaming နဲ့ ပတ်သက်ပြီး ဝေဖန်ပြောဆို ခံခဲ့ရတာတွေ ရှိခဲ့ဖူးတာကို စိတ်မကောင်းစွာ ပြောပြလာပါတယ်။ ဒီလို ဝေဖန်မှုတွေထဲကမှ သူ့အတွက်
အကောင်းဆုံး ဖြစ်လာနိုင်မယ့် လမ်းကြောင်းကို ရွေးချယ်ခဲ့တယ်လို့ ပြောပါတယ်။
“ လူနဲ့ လူ့ပတ်ဝန်းကျင်မှာ body shaming နဲ့ ပတ်သက်တဲ့ ပြဿနာတွေ အများကြီးရှိပါတယ်။ အရင်တုန်းက လည်း ပြိုင်ပွဲတွေ အများကြီး ဝင်ပြိုင်ခဲ့ဖူးပါတယ်။ ပြိုင်ခဲ့တဲ့ အခါမှာလည်း ကျွန်တော့်ရဲ့ ခန္ဓာကိုယ် အချိုးအစားနဲ့
ပတ်သက်ပြီး ကျွန်တော့်ကို ပြောဆိုကြတာတွေရှိပါတယ်။ တချို့ဆို မိုက်မိုက်ရိုင်းရိုင်း ပြောပြီး တချို့ဆို ကဲ့ရဲ့ ကြတာပေါ့နော်။ ဒီလို ပြောဆိုမှုတွေကြောင့် ကျွန်တော့်အရည်အချင်းနဲ့ တစ်ခုခု လုပ်ပြနိုင်ရမယ် ဆိုတာကို ပြရင်းနဲ့
ကျွန်တော့်ရဲ့ ဂီတဝါသနာအရ The Voice Myanmar(Season-3) မှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တာပါ။ အခုလည်း ကျွန်တော် ဝိတ်ပြန်ချနေပါပြီ” လို့ သူက ပြောပါတယ်။
ဇော်ခွန်ဟာ The Voice Myanmar ကို ဝင်မပြိုင်ခင် ကတည်းက ဂီတလမ်းကြောင်းပေါ်မှာ ကျင်လည်နေတဲ့သူတစ်ယောက်ဖြစ်ပါတယ်။ “ရတနာထဲက ရတနာ” ဇာတ်လမ်းတွဲ၊ “ ပျားရည်အိုင်” ၊ “ ထွန်းလင်းမယ့် လမင်း” စ
တဲ့ ဇာတ်လမ်းတွဲတွေထဲက ဇာတ်ဝင်တေးသီချင်းတွေကို သီဆိုထားတဲ့ အဆိုတော် တစ်ယောက်လို့ သိရပါတယ်။ လက်ရှိပြသလျှက်ရှိတဲ့ “ ရင်ခုန်သံ ၇၄ ရက်” ဇာတ်လမ်းတွဲထဲက ဇာတ်ဝင်တေးကိုလည်း ဇော်ခွန် သီဆို
ထားတာလို့ သိရပါတယ်။
အခုလို ဂီတလှုပ်ရှားမှုတွေ ရှိပေမယ့်လည်း ပရိသတ်အားပေးမှုကို မျှော်လင့်သလောက် မရခဲ့ဘူးလို့ ဇော်ခွန်က ပြောပါတယ်။
“ ဂီတနဲ့ ပတ်သက်ပြီးတော့လည်း အရင်ကတည်းက အတွေ့အကြုံရှိပါတယ်။ ကျွန်တော်က ဇာတ်ဝင်တေးတွေ ဆိုတာ ပိုများတယ် ခင်ဗျ။ ပြီးတော့ ကိုဗစ် အတွင်းမှာ ပရိသတ်တွေအတွက် စိတ်ဓာတ်ခွန်အားဖြစ်စေမယ့် “ ပြန်
ဆုံမယ့် နေ့” ဆိုတဲ့ သီချင်းလေးကိုလည်း သူငယ်ချင်းတွေ အများကြီးနဲ့ ရိုက်ထားပါတယ်။ အနုပညာအလုပ်နဲ့ အဆက်မပြတ်သွားအောင် လုပ်ဆောင်နေပေမယ့် ထိုက်သင့်သလောက် မဖြစ်လာတဲ့ အချိန်မှာ နောက်ထပ်
နည်းလမ်း တစ်ခုအနေနဲ့ အခုလို ပြိုင်ပွဲ ဝင်ခဲ့ရခြင်း ဖြစ်ပါတယ်” လို့ ဆက်လက် ပြောပြလာပါတယ်။
ဇော်ခွန်ကတော့ The Voice Myanmar (Season-3) ရဲ့ Blind Auditions မှာ “ မတွေ့ခဲ့ကြရင်” ဆိုတဲ့သီချင်းနဲ့ ဝင်ရောက်ယှဉ်ပြိုင်ရင်း ဒိုင် နှစ်ဦး လှည့်ကြည့်ခြင်း ခံခဲ့ရသူဖြစ်ပါတယ်။ အဲဒီနောက် Battle Round မှာလည်း
အနိုင်ရရှိခဲ့ပြန်ပါတယ်။ လက်ရှိမှာတော့ ဇော်ခွန်ဟာ Team Ni Ni အဖွဲ့ကနေ The Voice Myanmar (Season-3) ပြိုင်ပွဲ ကြီးကို အကောင်းဆုံး ကြိုးစားသွားမယ်လို့ ဆိုပါတယ်။
Duwun
Zawgyi
The Voice Myanmar မွာ ဝ ရင္ ၿပိဳင္ပြဲမဝင္ရေတာ့ဘူးလားလို႔ ေျပာလာတဲ့ ေဇာ္ခြန္
The Voice Myanmar (Season-3) ၿပိဳင္ပြဲဝင္ ေဇာ္ခြန္ကေတာ့ Body Shaming နဲ႔ ပတ္သက္ၿပီး ေဝဖန္ေျပာဆို ခံခဲ့ရတာေတြ ရွိခဲ့ဖူးတာကို စိတ္မေကာင္းစြာ ေျပာျပလာပါတယ္။ ဒီလို ေဝဖန္မႈေတြထဲကမွ သူ႔အတြက္ အေကာင္း
ဆုံး ျဖစ္လာႏိုင္မယ့္ လမ္းေၾကာင္းကို ေ႐ြးခ်ယ္ခဲ့တယ္လို႔ ေျပာပါတယ္။
“ လူနဲ႔ လူ႔ပတ္ဝန္းက်င္မွာ body shaming နဲ႔ ပတ္သက္တဲ့ ျပႆနာေတြ အမ်ားႀကီးရွိပါတယ္။ အရင္တုန္းက လည္း ၿပိဳင္ပြဲေတြ အမ်ားႀကီး ဝင္ၿပိဳင္ခဲ့ဖူးပါတယ္။ ၿပိဳင္ခဲ့တဲ့ အခါမွာလည္း ကြၽန္ေတာ့္ရဲ႕ ခႏၶာကိုယ္ အခ်ိဳးအစားနဲ႔ ပတ္
သက္ၿပီး ကြၽန္ေတာ့္ကို ေျပာဆိုၾကတာေတြရွိပါတယ္။ တခ်ိဳ႕ဆို မိုက္မိုက္႐ိုင္း႐ိုင္း ေျပာၿပီး တခ်ိဳ႕ဆို ကဲ့ရဲ႕ ၾကတာေပါ့ေနာ္။ ဒီလို ေျပာဆိုမႈေတြေၾကာင့္ ကြၽန္ေတာ့္အရည္အခ်င္းနဲ႔ တစ္ခုခု လုပ္ျပႏိုင္ရမယ္ ဆိုတာကို ျပရင္းနဲ႔ ကြၽန္ေ
တာ့္ရဲ႕ ဂီတဝါသနာအရ The Voice Myanmar(Season-3) မွာ ဝင္ေရာက္ယွဥ္ၿပိဳင္ခဲ့တာပါ။ အခုလည္း ကြၽန္ေတာ္ ဝိတ္ျပန္ခ်ေနပါၿပီ” လို႔ သူက ေျပာပါတယ္။
ေဇာ္ခြန္ဟာ The Voice Myanmar ကို ဝင္မၿပိဳင္ခင္ ကတည္းက ဂီတလမ္းေၾကာင္းေပၚမွာ က်င္လည္ေနတဲ့သူတစ္ေယာက္ျဖစ္ပါတယ္။ “ရတနာထဲက ရတနာ” ဇာတ္လမ္းတြဲ၊ “ ပ်ားရည္အိုင္” ၊ “ ထြန္းလင္းမယ့္ လမင္း” စတဲ့ ဇာ
တ္လမ္းတြဲေတြထဲက ဇာတ္ဝင္ေတးသီခ်င္းေတြကို သီဆိုထားတဲ့ အဆိုေတာ္ တစ္ေယာက္လို႔ သိရပါတယ္။ လက္ရွိျပသလွ်က္ရွိတဲ့ “ ရင္ခုန္သံ ၇၄ ရက္” ဇာတ္လမ္းတြဲထဲက ဇာတ္ဝင္ေတးကိုလည္း ေဇာ္ခြန္ သီဆိုထားတာလို႔ သိရ
ပါတယ္။
အခုလို ဂီတလႈပ္ရွားမႈေတြ ရွိေပမယ့္လည္း ပရိသတ္အားေပးမႈကို ေမွ်ာ္လင့္သေလာက္ မရခဲ့ဘူးလို႔ ေဇာ္ခြန္က ေျပာပါတယ္။
“ ဂီတနဲ႔ ပတ္သက္ၿပီးေတာ့လည္း အရင္ကတည္းက အေတြ႕အႀကဳံရွိပါတယ္။ ကြၽန္ေတာ္က ဇာတ္ဝင္ေတးေတြ ဆိုတာ ပိုမ်ားတယ္ ခင္ဗ်။ ၿပီးေတာ့ ကိုဗစ္ အတြင္းမွာ ပရိသတ္ေတြအတြက္ စိတ္ဓာတ္ခြန္အားျဖစ္ေစမယ့္ “ ျပန္ဆုံမ
ယ့္ ေန႔” ဆိုတဲ့ သီခ်င္းေလးကိုလည္း သူငယ္ခ်င္းေတြ အမ်ားႀကီးနဲ႔ ႐ိုက္ထားပါတယ္။ အႏုပညာအလုပ္နဲ႔ အဆက္မျပတ္သြားေအာင္ လုပ္ေဆာင္ေနေပမယ့္ ထိုက္သင့္သေလာက္ မျဖစ္လာတဲ့ အခ်ိန္မွာ ေနာက္ထပ္ နည္းလမ္း တ
စ္ခုအေနနဲ႔ အခုလို ၿပိဳင္ပြဲ ဝင္ခဲ့ရျခင္း ျဖစ္ပါတယ္” လို႔ ဆက္လက္ ေျပာျပလာပါတယ္။
ေဇာ္ခြန္ကေတာ့ The Voice Myanmar (Season-3) ရဲ႕ Blind Auditions မွာ “ မေတြ႕ခဲ့ၾကရင္” ဆိုတဲ့သီခ်င္းနဲ႔ ဝင္ေရာက္ယွဥ္ၿပိဳင္ရင္း ဒိုင္ ႏွစ္ဦး လွည့္ၾကည့္ျခင္း ခံခဲ့ရသူျဖစ္ပါတယ္။ အဲဒီေနာက္ Battle Round မွာလည္း အႏို
င္ရရွိခဲ့ျပန္ပါတယ္။ လက္ရွိမွာေတာ့ ေဇာ္ခြန္ဟာ Team Ni Ni အဖြဲ႕ကေန The Voice Myanmar (Season-3) ၿပိဳင္ပြဲ ႀကီးကို အေကာင္းဆုံး ႀကိဳးစားသြားမယ္လို႔ ဆိုပါတယ္။
Duwun