တရုတ်ကဂျင်းထည့်ပြီး ရောင်းနေတဲ့ ကိုဗစ်ကာကွယ်ဆေး Lianhua Qingwen တိုင်းရင်းဆေးကို ဝယ်ယူသုံးစွဲခြင်းမပြုဖို့ FDA ပြော

Sharing is caring!

အွန်လိုင်းမှာ ရောင်းချနေတဲ့ ကိုဗစ်-၁၉ ကာကွယ်ဖို့အတွက်ဆိုတဲ့ တရုတ်နိုင်ငံထုတ် တိုင်းရင်းဆေးဟာ တရားဝင်မှတ်ပုံတင်ထားခြင်း မရှိတာကြောင့် ပြည်သူတွေအနေနဲ့ ဝယ်ယူ သုံးစွဲတာ မလုပ်ဆောင်ဖို့ အစားအသောက်

နဲ့ ဆေးဝါးကွပ်ကဲမှု ဦးစီးဌာန တာဝန်ရှိသူက ပြောပါတယ်။

လက်ရှိ ကမ္ဘာမှာ ကိုဗစ်-၁၉ နဲ့ပတ်သက်တဲ့ Vaccine ကာကွယ်ဆေးမပေါ်သေးသလို ဖြန့်ဖြုးရောင်းချနေတာတွေ မရှိသေးပါဘူး။ အခုဆိုရင် တရုတ်နိုင်ငံထုတ် Lianhua Qingwen (လင်းချိချိဝမ်) ဆိုတဲ့ တိုင်းရင်းဆေးဝါး

ဟာ ကိုဗစ်-၁၉ ရောဂါကို သက်သာကာကွယ်စေတယ်ဆိုပြီး အွန်လိုင်းကနေဖြန့်ဖြူးရောင်းချလာတာတွေ ရှိနေပါတယ်။

ဒါ့ပြင် ဒီတိုင်းရင်းဆေးဝါးတွေကို တရုတ်ဘာသာစကားနဲ့ ရေးသားထားတာကြောင့် စိစစ်စစ်ဆေးဖို့ ခက်ခဲနေသလို လက်ရှိအချိန်ထိ တရားဝင်လျှောက်ထားတာ မရှိသေးဘူးလို့ အစားအသောက်နှင့် ဆေးဝါးဦးစီးဌာန၊ ဆေးဝါး

ထိန်းချုပ်ရေးဌာနခွဲ (နေပြည်တော်)ရဲ့ ညွှန်ကြားရေးမှူး ဒေါက်တာသိင်္ဂီဇင်က ပြောပါတယ်။တရုတ်နိုင်ငံထုတ် Lianhua Qingwen (လင်းချိချိဝမ်)ဆိုတဲ့ တိုင်းရင်းဆေးဝါးဟာ အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါတွေကို

ထိရောက်စွာ ကုသပေးနိုင်တယ်လို့ ဖော်ပြထား ပါတယ်။ ဒီဆေးဟာ ကိုဗစ်-၁၉ ရောဂါ မဖြစ်ခင်ကတည်းက ပေါ်နေတဲ့ဆေးဖြစ်ပီး မူလတန်ဖိုး က တဘူးကို ကျပ် ၃၅၀၀ လောက်သာပေးရတာပါ။

ကိုဗစ်-၁၉ ကူးစက်ခံရမှုတွေမြင့်တက်လာချိန်မှာ အွန်လိုင်းတွေမှာ ဒီဆေးဟာ ကိုဗစ်-၁၉ ကို သက်သာကာကွယ်တယ်ဆိုပြီး ရောင်းချလာသလို တချို့ကလည်း ကြိုတင်ဝယ်ယူတာတွေ ရှိနေ ပါတယ်။ ဆေးဈေးကိုလည်း

သတ်မှတ်တန်ဖိုးထက် ပိုမို ရောင်းချနေတာတွေလည်း ရှိနေပါတယ်။

ဒါပေမဲ့ တရားမဝင်တင်သွင်းထားတဲ့ ဆေးဝါးတွေဟာ လူထုအတွက် အန္တရာယ်မကင်းနိုင် သလို ဘေးထွက်ဆိုးကျိုး သက်ရောက်မှုအပေါ် မသိရှိနိုင်ပါဘူး။ ဒါကြောင့် ပြည်သူ့အနေနဲ့ ကျန်းမာရေးကာကွယ်ရေးနည်းလမ်း

တွေသာ လုပ်ဆောင်ပြီး အွန်လိုင်းကနေ ဘာမှန်းမသိ ရောင်း ချနေတဲ့ ဆေးဝါးတွေကို မသုံးစွဲသင့်ဘူးလို့ အစားအသောက်နှင့် ဆေးဝါးဦးစီးဌာန၊ ဆေးဝါး ထိန်းချုပ်ရေး ဌာနခွဲ (နေပြည်တော်)ရဲ့ ညွှန်ကြားရေးမှူး ဒေါက်တာ

သိင်္ဂီဇင်က ဆိုပါတယ်။

FDA အနေနဲ့ အွန်လိုင်းကနေ တရားမဝင်ရောင်းချနေတဲ့ ဆေးဝါးနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာဌာနတွေနဲ့ သေချာစိစစ်လုပ်ဆောင်သွားမှာပါ။ ပြည်သူ့တွေအနေနဲ့ အခုလို ဆေးဝါးတွေကို သောက်သုံးပြီး ရောဂါမပျောက်ကင်း

ဘဲ တစ်ခုခုဖြစ်လာရင် တိုင်ကြားနိုင်တယ် နိုင်ငံတစ်ဝန်းမှာ ဖြန့်ဖြူးရောင်းချနိုင်ဖို့ FDA မှာ မှတ်ပုံတင်ထားတဲ့ နိုင်ငံခြားဆေးဝါး အမျိုးအစားပေါင်း ၂၀၀၀၀ ကျော်ရှိနေပြီး ဆေးဝါး ၁၀၀၀၀ လောက်ပဲ ဈေးကွက်ထဲမှာ ဖြန့်ဖြူး

ရောင်းချနေပါတယ်။

DVB

Zawgyi

တ႐ုတ္ကဂ်င္းထည့္ၿပီး ေရာင္းေနတဲ့ ကိုဗစ္ကာကြယ္ေဆး Lianhua Qingwen တိုင္းရင္းေဆးကို ဝယ္ယူသုံးစြဲျခင္းမျပဳဖို႔ FDA ေျပာ

အြန္လိုင္းမွာ ေရာင္းခ်ေနတဲ့ ကိုဗစ္-၁၉ ကာကြယ္ဖို႔အတြက္ဆိုတဲ့ တ႐ုတ္ႏိုင္ငံထုတ္ တိုင္းရင္းေဆးဟာ တရားဝင္မွတ္ပုံတင္ထားျခင္း မရွိတာေၾကာင့္ ျပည္သူေတြအေနနဲ႔ ဝယ္ယူ သုံးစြဲတာ မလုပ္ေဆာင္ဖို႔ အစားအေသာက္နဲ႔ ေ

ဆးဝါးကြပ္ကဲမႈ ဦးစီးဌာန တာဝန္ရွိသူက ေျပာပါတယ္။

လက္ရွိ ကမာၻမွာ ကိုဗစ္-၁၉ နဲ႔ပတ္သက္တဲ့ Vaccine ကာကြယ္ေဆးမေပၚေသးသလို ျဖန႔္ျဖဳးေရာင္းခ်ေနတာေတြ မရွိေသးပါဘူး။ အခုဆိုရင္ တ႐ုတ္ႏိုင္ငံထုတ္ Lianhua Qingwen (လင္းခ်ိခ်ိဝမ္) ဆိုတဲ့ တိုင္းရင္းေဆးဝါးဟာ ကိုဗ

စ္-၁၉ ေရာဂါကို သက္သာကာကြယ္ေစတယ္ဆိုၿပီး အြန္လိုင္းကေနျဖန႔္ျဖဴးေရာင္းခ်လာတာေတြ ရွိေနပါတယ္။

ဒါ့ျပင္ ဒီတိုင္းရင္းေဆးဝါးေတြကို တ႐ုတ္ဘာသာစကားနဲ႔ ေရးသားထားတာေၾကာင့္ စိစစ္စစ္ေဆးဖို႔ ခက္ခဲေနသလို လက္ရွိအခ်ိန္ထိ တရားဝင္ေလွ်ာက္ထားတာ မရွိေသးဘူးလို႔ အစားအေသာက္ႏွင့္ ေဆးဝါးဦးစီးဌာန၊ ေဆးဝါးထိန္း

ခ်ဳပ္ေရးဌာနခြဲ (ေနျပည္ေတာ္)ရဲ႕ ၫႊန္ၾကားေရးမႉး ေဒါက္တာသိဂႌဇင္က ေျပာပါတယ္။

တ႐ုတ္ႏိုင္ငံထုတ္ Lianhua Qingwen (လင္းခ်ိခ်ိဝမ္)ဆိုတဲ့ တိုင္းရင္းေဆးဝါးဟာ အသက္ရႈလမ္းေၾကာင္းဆိုင္ရာ ေရာဂါေတြကို ထိေရာက္စြာ ကုသေပးႏိုင္တယ္လို႔ ေဖာ္ျပထား ပါတယ္။ ဒီေဆးဟာ ကိုဗစ္-၁၉ ေရာဂါ မျဖစ္ခင္က

တည္းက ေပၚေနတဲ့ေဆးျဖစ္ပီး မူလတန္ဖိုး က တဘူးကို က်ပ္ ၃၅၀၀ ေလာက္သာေပးရတာပါ။

ကိုဗစ္-၁၉ ကူးစက္ခံရမႈေတြျမင့္တက္လာခ်ိန္မွာ အြန္လိုင္းေတြမွာ ဒီေဆးဟာ ကိုဗစ္-၁၉ ကို သက္သာကာကြယ္တယ္ဆိုၿပီး ေရာင္းခ်လာသလို တခ်ိဳ႕ကလည္း ႀကိဳတင္ဝယ္ယူတာေတြ ရွိေန ပါတယ္။ ေဆးေဈးကိုလည္း သတ္မွတ္

တန္ဖိုးထက္ ပိုမို ေရာင္းခ်ေနတာေတြလည္း ရွိေနပါတယ္။

ဒါေပမဲ့ တရားမဝင္တင္သြင္းထားတဲ့ ေဆးဝါးေတြဟာ လူထုအတြက္ အႏၲရာယ္မကင္းႏိုင္ သလို ေဘးထြက္ဆိုးက်ိဳး သက္ေရာက္မႈအေပၚ မသိရွိႏိုင္ပါဘူး။ ဒါေၾကာင့္ ျပည္သူ႔အေနနဲ႔ က်န္းမာေရးကာကြယ္ေရးနည္းလမ္းေတြသာ

လုပ္ေဆာင္ၿပီး အြန္လိုင္းကေန ဘာမွန္းမသိ ေရာင္း ခ်ေနတဲ့ ေဆးဝါးေတြကို မသုံးစြဲသင့္ဘူးလို႔ အစားအေသာက္ႏွင့္ ေဆးဝါးဦးစီးဌာန၊ ေဆးဝါး ထိန္းခ်ဳပ္ေရး ဌာနခြဲ (ေနျပည္ေတာ္)ရဲ႕ ၫႊန္ၾကားေရးမႉး ေဒါက္တာသိဂႌဇင္က ဆိုပါ

တယ္။

FDA အေနနဲ႔ အြန္လိုင္းကေန တရားမဝင္ေရာင္းခ်ေနတဲ့ ေဆးဝါးနဲ႔ ပတ္သက္ၿပီး သက္ဆိုင္ရာဌာနေတြနဲ႔ ေသခ်ာစိစစ္လုပ္ေဆာင္သြားမွာပါ။ ျပည္သူ႔ေတြအေနနဲ႔ အခုလို ေဆးဝါးေတြကို ေသာက္သုံးၿပီး ေရာဂါမေပ်ာက္ကင္းဘဲ

တစ္ခုခုျဖစ္လာရင္ တိုင္ၾကားႏိုင္တယ္ ႏိုင္ငံတစ္ဝန္းမွာ ျဖန႔္ျဖဴးေရာင္းခ်ႏိုင္ဖို႔ FDA မွာ မွတ္ပုံတင္ထားတဲ့ ႏိုင္ငံျခားေဆးဝါး အမ်ိဳးအစားေပါင္း ၂၀၀၀၀ ေက်ာ္ရွိေနၿပီး ေဆးဝါး ၁၀၀၀၀ ေလာက္ပဲ ေဈးကြက္ထဲမွာ ျဖန႔္ျဖဴးေရာင္းခ်ေနပါတယ္။

DVB

Add a Comment

Your email address will not be published. Required fields are marked *