ကိုဗစ်ရယ် ဒီလောက်တော့ မရက်စက်သင့်ဘူးလို့ ထင်ပါတယ်
|စင်တာတစ်ခုလုံးငြိမ်သက်ပြီးကျစ်ရစ်ခဲ့တယ်။အခုအချိန်အထိမနားရသေးတာကVolunteer တွေနဲ့ကျန်းမာရေးဝန်ထမ်းတွေပဲ။မျက်နှာတွေလည်းမကောင်းကြဘူးကျူဝင်သူရာနဲ့ချီပြီးPositive တွေ့လို့စိတ်ထဲမကောင်းဘူးလို့
ပြောတယ်။ဒီညတော့သန့်ရှင်းရေးလုပ်ပြီးရင်မနက်ဖြန်ညနေအထိသူတို့တွေခဏလေးနားပါမယ်။နားနေတဲ့အထိနောက်ဝင်မဲ့သူတွေကလည်းတန်းစီပြီးစောင့်နေတယ်။ဆေးရုံကြီးကလည်းဖုန်းတွေဝင်နေတယ်နောက်လာမဲ့လူ
တွေဆေးရုံကြီးမှာထားဖို့နေရာအခက်အခဲရှိတဲ့အကြောင်းပေါ့။
ဒီကာလဟာအားလုံးကြိုပြီးမသိ၊မမြင်နိုင်တဲ့အချိန်ရထားကြီးပေါ်မှာကိုဗစ်ကကျနော်တို့အားလုံးကိုတင်ပြီးရှေ့ကိုမောင်းနှင်နေတယ်။ဒီနေ့အတွက်ရင်ထဲအတော်ထိရှတဲ့ကျူဝင်သူအဖိုးနဲ့အဖွားအကြောင်းပြောပြချင်တယ်။အဖိုးနဲ့
အဖွားအသက်၇၀ကျော်ပြီဖြစ်တဲ့ငယ်လင်ငယ်မယားတွေပါ။ဇနီးမောင်နှံနှစ်ယောက်လုံးအနံ့မရတော့လို့ဒီကိုရောက်လာတာ။အဖွားကတော့ကျန်းမာရေးကောင်းပါရဲ့။အဖိုးကတော့မျက်စီနှစ်ကွင်းလို့အလင်းမရတော့သလိုလမ်း
လည်းကောင်းကောင်းမလျှောက်နိုင်ပါဘူး။
ကျူဝင်သူတွေကိုကျား၊မခွဲပြီးထားရပေမဲ့အဖွားနဲ့အဖိုးကိုတော့တစ်ခန်းတည်းပဲထားပေးပါတယ်။အဖိုးရဲ့စားတာသောက်တာအိမ်သာသွားတာကအစအဖွားရဲ့အကူအညီမပါလို့မရသလိုအဖွားကလည်းတစ်ခြားသူလက်နဲ့သူ့
လင်သားကိုပြုစုတာကိုစိတ်မချဘူး။မျက်စီနှစ်ကွင်းအလင်းမရတဲ့အဖိုးဟာအဖွားကိုအတော်ကြီးအားကိုးယုံကြည်ပုံရပါတယ်။ကလေးတစ်ယောက်ကမိခင်ကိုတွယ်တာပြီးအားကိုးတဲ့ပုံမျိုးနဲ့ပြောနေဆိုနေတာတွေကိုတွေ့ရတတ်ပါ
တယ်။ကြင်ကြင်နာနာယုယုယယရှိလွန်းတဲ့သူတို့လင်မယားကြားကျနော်တို့မသိမမြင်နိုင်တဲ့ကောင်းတူဆိုးဘက်နေ့တွေပျိုနုစဉ်အရွယ်တုန်းကဘယ်လောက်များများရှိခဲ့ပြီးပြီလဲ။
အဖိုးရောအဖွားရေနှစ်ယောက်လုံးအဖြေကPositive ပါ။ကံကောင်းလိုက်တာလို့ကျနော့စိတ်ထဲတွေးမိတယ်။အဖွားတစ်ယောက်တည်းNegative ထွက်တယ်ဆိုကျနော်တို့တွေအဖိုးကိုဘယ်လိုမျိုးပြောရပါ့။အဖိုး
တစ်ယောက်တည်းPositive ထွက်တယ်ဆိုအဖွားကိုနားချပြီးပြန်ပို့ဖို့ကျနော်တို့တွေဘယ်လိုတွေလုပ်ရပါ့။အခုတော့နှစ်ယောက်လုံးPositive ထွက်လို့နေရာပြောင်းရပါတော့မယ်။ကိုရိုနာဗိုင်းရပ်ကဘာဖြစ်တယ်၊ဘယ်လို
ကြောက်စရာကောင်းတယ်ဆိုတာတွေအဖိုးရော၊အဖွားရောဘယ်သိမှာလဲ။သူတို့တွေဆီမှာဒီပိုးတွေ့တယ်ဆိုတာထက်နေရာခွဲပြီးနေရမှာလားဆိုတဲ့မေးခွန်းတစ်ခုတည်းပဲအဖွားကမေးနေတော့တာပါပဲ။
ကျနော်တို့ဘယ်လိုဖြေရပါ့။အသက်အရွယ်လည်းကြီးပြီ၊ရောဂါအခံတွေလည်းရှိပြီ နှစ်ယောက်လုံးမှာလည်းPositive အဖြေဆိုတာကသေချာပြီ။ကားပေါ်မတက်ခင်အဖိုးကခဏလေးနားအုံးမယ်ပြောပြီးအနားကခုတင်လေးပေါ်
ခွေခွေလေးခဏအိပ်နေတယ်။
ကျောင်းတုန်းကဖတ်ခဲ့ဘူးတဲ့ဘာသာပြန်ဝတ္ထူလေးတစ်ပုဒ်စိတ်ထဲဝင်လာတယ်။ဝတ္ထုလေးနာမည်ကနှုတ်ဆက်အနမ်းတဲ့။ရောဂါသည်အဖိုးကိုပြုစုနေရတဲ့အဖွားကြီးလင်မယားအကြောင်းပါ။ရောဂါသည်အဖိုးကအိပ်ယာ
ဝင်ချိန်ဆိုအဖွားကိုနမ်းပြီးမှအိပ်ယာဝင်လေ့ရှိတယ်။ငယ်ရည်းစားဘဝ၊နောက်တော့အိမ်ထောင်ရှင်ဘဝရောက်တဲ့အထိအမြဲတမ်းနမ်းလေ့ရှိတဲ့ပြုမြဲအလေ့အကျင်တစ်ခုပေါ့။နောက်ဆုံးနာမကျန်းဖြစ်လို့အိပ်ယာအပေါ်လဲနေတဲ့
အထိ။ဒီလိုနဲ့ညလေးတစ်ညမှာအဖိုးဟာရောဂါသည်းလာပြီးအဖွားကိုတစ်ယောက်တည်းထားသွားခဲ့တယ်။အဖွားကသတိရတိုင်းပြောလေ့ရှိတဲ့အဖိုးနမ်းသွားတဲ့နှုတ်ဆက်အနမ်းအကြောင်းပေါ့။
ဒီညအတွက်တော့ဒါပါပဲဗျာ။အဖွားနဲ့အဖိုးအတွက်ဆုတောင်းပါတယ်။ကျနော်တို့တွေမသိ၊မမြင်နိုင်တဲ့ချစ်ခြင်းမေတ္တာတွေ၊သစ္စာတရားတွေကိုတိုင်တည်ရင်းဒီညအတွက်တော့ဒါပါပဲဗျာ။
Source ko zaykoko
Zawgyi
ကိုဗစ္ရယ္ ဒီေလာက္ေတာ့ မရက္စက္သင့္ဘူးလို႔ ထင္ပါတယ္
စင္တာတစ္ခုလုံးၿငိမ္သက္ၿပီးက်စ္ရစ္ခဲ့တယ္။အခုအခ်ိန္အထိမနားရေသးတာကVolunteer ေတြနဲ႔က်န္းမာေရးဝန္ထမ္းေတြပဲ။မ်က္ႏွာေတြလည္းမေကာင္းၾကဘူးက်ဴဝင္သူရာနဲ႔ခ်ီၿပီးPositive ေတြ႕လို႔စိတ္ထဲမေကာင္းဘူးလို႔ေျပာ
တယ္။ဒီညေတာ့သန႔္ရွင္းေရးလုပ္ၿပီးရင္မနက္ျဖန္ညေနအထိသူတို႔ေတြခဏေလးနားပါမယ္။နားေနတဲ့အထိေနာက္ဝင္မဲ့သူေတြကလည္းတန္းစီၿပီးေစာင့္ေနတယ္။ေဆး႐ုံႀကီးကလည္းဖုန္းေတြဝင္ေနတယ္ေနာက္လာမဲ့လူေတြေ
ဆး႐ုံႀကီးမွာထားဖို႔ေနရာအခက္အခဲရွိတဲ့အေၾကာင္းေပါ့။
ဒီကာလဟာအားလုံးႀကိဳၿပီးမသိ၊မျမင္ႏိုင္တဲ့အခ်ိန္ရထားႀကီးေပၚမွာကိုဗစ္ကက်ေနာ္တို႔အားလုံးကိုတင္ၿပီးေရွ႕ကိုေမာင္းႏွင္ေနတယ္။ဒီေန႔အတြက္ရင္ထဲအေတာ္ထိရွတဲ့က်ဴဝင္သူအဖိုးနဲ႔အဖြားအေၾကာင္းေျပာျပခ်င္တယ္။အဖိုးနဲ႔အ
ဖြားအသက္၇၀ေက်ာ္ၿပီျဖစ္တဲ့ငယ္လင္ငယ္မယားေတြပါ။ဇနီးေမာင္ႏွံႏွစ္ေယာက္လုံးအနံ႔မရေတာ့လို႔ဒီကိုေရာက္လာတာ။အဖြားကေတာ့က်န္းမာေရးေကာင္းပါရဲ႕။အဖိုးကေတာ့မ်က္စီႏွစ္ကြင္းလို႔အလင္းမရေတာ့သလိုလမ္းလ
ည္းေကာင္းေကာင္းမေလွ်ာက္ႏိုင္ပါဘူး။
က်ဴဝင္သူေတြကိုက်ား၊မခြဲၿပီးထားရေပမဲ့အဖြားနဲ႔အဖိုးကိုေတာ့တစ္ခန္းတည္းပဲထားေပးပါတယ္။အဖိုးရဲ႕စားတာေသာက္တာအိမ္သာသြားတာကအစအဖြားရဲ႕အကူအညီမပါလို႔မရသလိုအဖြားကလည္းတစ္ျခားသူလက္နဲ႔သူ႔လင္
သားကိုျပဳစုတာကိုစိတ္မခ်ဘူး။မ်က္စီႏွစ္ကြင္းအလင္းမရတဲ့အဖိုးဟာအဖြားကိုအေတာ္ႀကီးအားကိုးယုံၾကည္ပုံရပါတယ္။ကေလးတစ္ေယာက္ကမိခင္ကိုတြယ္တာၿပီးအားကိုးတဲ့ပုံမ်ိဳးနဲ႔ေျပာေနဆိုေနတာေတြကိုေတြ႕ရတတ္ပါတ
ယ္။ၾကင္ၾကင္နာနာယုယုယယရွိလြန္းတဲ့သူတို႔လင္မယားၾကားက်ေနာ္တို႔မသိမျမင္ႏိုင္တဲ့ေကာင္းတူဆိုးဘက္ေန႔ေတြပ်ိဳႏုစဥ္အ႐ြယ္တုန္းကဘယ္ေလာက္မ်ားမ်ားရွိခဲ့ၿပီးၿပီလဲ။
အဖိုးေရာအဖြားေရႏွစ္ေယာက္လုံးအေျဖကPositive ပါ။ကံေကာင္းလိုက္တာလို႔က်ေနာ့စိတ္ထဲေတြးမိတယ္။အဖြားတစ္ေယာက္တည္းNegative ထြက္တယ္ဆိုက်ေနာ္တို႔ေတြအဖိုးကိုဘယ္လိုမ်ိဳးေျပာရပါ့။အဖိုးတစ္ေယာက္တ
ည္းPositive ထြက္တယ္ဆိုအဖြားကိုနားခ်ၿပီးျပန္ပို႔ဖို႔က်ေနာ္တို႔ေတြဘယ္လိုေတြလုပ္ရပါ့။အခုေတာ့ႏွစ္ေယာက္လုံးPositive ထြက္လို႔ေနရာေျပာင္းရပါေတာ့မယ္။ကို႐ိုနာဗိုင္းရပ္ကဘာျဖစ္တယ္၊ဘယ္လိုေၾကာက္စရာေကာင္းတ
ယ္ဆိုတာေတြအဖိုးေရာ၊အဖြားေရာဘယ္သိမွာလဲ။သူတို႔ေတြဆီမွာဒီပိုးေတြ႕တယ္ဆိုတာထက္ေနရာခြဲၿပီးေနရမွာလားဆိုတဲ့ေမးခြန္းတစ္ခုတည္းပဲအဖြားကေမးေနေတာ့တာပါပဲ။
က်ေနာ္တို႔ဘယ္လိုေျဖရပါ့။အသက္အ႐ြယ္လည္းႀကီးၿပီ၊ေရာဂါအခံေတြလည္းရွိၿပီ ႏွစ္ေယာက္လုံးမွာလည္းPositive အေျဖဆိုတာကေသခ်ာၿပီ။ကားေပၚမတက္ခင္အဖိုးကခဏေလးနားအုံးမယ္ေျပာၿပီးအနားကခုတင္ေလးေပၚေ
ခြေခြေလးခဏအိပ္ေနတယ္။
ေက်ာင္းတုန္းကဖတ္ခဲ့ဘူးတဲ့ဘာသာျပန္ဝတၳဴေလးတစ္ပုဒ္စိတ္ထဲဝင္လာတယ္။ဝတၳဳေလးနာမည္ကႏႈတ္ဆက္အနမ္းတဲ့။ေရာဂါသည္အဖိုးကိုျပဳစုေနရတဲ့အဖြားႀကီးလင္မယားအေၾကာင္းပါ။ေရာဂါသည္အဖိုးကအိပ္ယာဝင္ခ်ိန္ဆို
အဖြားကိုနမ္းၿပီးမွအိပ္ယာဝင္ေလ့ရွိတယ္။ငယ္ရည္းစားဘဝ၊ေနာက္ေတာ့အိမ္ေထာင္ရွင္ဘဝေရာက္တဲ့အထိအၿမဲတမ္းနမ္းေလ့ရွိတဲ့ျပဳၿမဲအေလ့အက်င္တစ္ခုေပါ့။ေနာက္ဆုံးနာမက်န္းျဖစ္လို႔အိပ္ယာအေပၚလဲေနတဲ့အထိ။ဒီလို
နဲ႔ညေလးတစ္ညမွာအဖိုးဟာေရာဂါသည္းလာၿပီးအဖြားကိုတစ္ေယာက္တည္းထားသြားခဲ့တယ္။အဖြားကသတိရတိုင္းေျပာေလ့ရွိတဲ့အဖိုးနမ္းသြားတဲ့ႏႈတ္ဆက္အနမ္းအေၾကာင္းေပါ့။
ဒီညအတြက္ေတာ့ဒါပါပဲဗ်ာ။အဖြားနဲ႔အဖိုးအတြက္ဆုေတာင္းပါတယ္။က်ေနာ္တို႔ေတြမသိ၊မျမင္ႏိုင္တဲ့ခ်စ္ျခင္းေမတၱာေတြ၊သစၥာတရားေတြကိုတိုင္တည္ရင္းဒီညအတြက္ေတာ့ဒါပါပဲဗ်ာ။
Source ko zaykoko