ကိုဗစ်တိုက်ဖျက်ရေးမှာ အရေးကြီးတော့ သွေးစည်းကြပြီလေ
|ပုဂ္ဂလိကအထက်တန်းကျောင်းတွေအနေနဲ့ COVID-19 ထိန်းချုပ်ရေးမှာ တစ်ဖက်တစ်လမ်းက ပူးပေါင်းပါဝင်နေတယ်လို့ မြန်မာနိုင်ငံကိုယ်ပိုင်ကျောင်းများအသင်းဥက္ကဌ ဦးနေအုပ်က ပြောပါတယ်။
ပုဂ္ဂလိကအထက်တန်းကျောင်းတွေမှာ ဘော်ဒါတွေမဖွင့်ဖြစ်တဲ့အတွက် ဘော်ဒါတွေမှာ အသုံးပြုဖို့ထားတဲ့ ကုတင်တွေကို ယာယီအသုံးပြုဖို့ အလှူခံထားတယ်လို့ ဦးနေအုပ်က ပြောပါတယ်။
(ကျန်းမာရေး)ဝန်ထမ်းတွေကျတော့ ဟိုတယ်တင်လို့မဖြစ်ဘူးလေ။ သူတို့အတွက်ကျတော့ ကုတင်အလှူခံတယ်။ ဆရာက ပြောတယ်။ ပုဂ္ဂလိကကျောင်းတွေက ပိတ်ထားတယ်။ ကုတင်အားနေတာပဲ။ အဲ့ဒီကုတင်တွေကို
အပိုင်မဟုတ်ပါဘူး၊ ယာယီလှူဒါန်းပါ။ ကျောင်းဖွင့်ရင်ပြန်ပေးပါမယ်။ အဲဒါကိုစီစဉ်နေပါတယ် လို့ ဦးနေအုပ်က ပြောပါတယ်။
ဒါ့အပြင် ပုဂ္ဂလိကကျောင်းတွေထဲက သံလွင်ပုဂ္ဂလိကအထက်တန်းကျောင်းအနေနဲ့လည်း ဆရာဝန်၊ သူနာပြုနဲ့ ကျန်းမာရေးဝန်ထမ်း အယောက်(၅၀)ကျော်အတွက် အခမဲ့တည်းခိုစရာနေရာတွေ ဆောင်ရွက်ပေးထား
တယ်လို့သိရပါတယ်။
ဒါနဲ့ပတ်သက်လို့ သံလွင်ပုဂ္ဂလိကအထက်တန်းကျောင်း အကြံပေးဦးသူရအောင်က အခုလိုပြောပြပါတယ်။
အခုလောလောဆယ်ကတော့ ဆရာ၊ ဆရာမ (ကျန်းမာရေးဝန်ထမ်း) (၅၆) ယောက်စာ အတွက်ကတော့ အားချင်းဆောင်ရွက်နေတုန်းပေါ့။ လောလောဆယ်ကတော့ သုံးထပ်ဆောင်အပေါ်ထပ်မှာ(၂၂)ယောက်စာပြင်ထား
ပါတယ်ခင်ဗျ။ ဟိုဘက်က အဆောက်အဦးဆောက်နေချိန်မှာ ဆရာ၊ ဆရာမတွေ အဆင်ပြေအောင်လို့ (၂၂)ယောက် စာကို ယာယီလုပ်ထားတယ်။ ပြီးလို့ရှိရင် နောက်ထပ်ငါးရက် ခြောက်ရက်လောက်နေရင် ကျွန်တော်တို့
ဟိုဘက်မှာ (၅၆)ယောက်စာ အဆောက်အဦးပြီးသွားရင်တော့ ထပ်ထားမှာပေါ့နော်။ ဆရာ၊ဆရာမ တစ်ယောက်ချင်းစီ အတွက်ကို ကုတင်ပါမယ်။ ရေခဲသေတ္တာပါမယ်။ မီးပူတိုက်ခုံပါမယ်။ တစ်ကိုယ်ရည်သုံးပစ္စည်းတွေ
ပါတာပေါ့။ အားလုံးအခမဲ့ပါခင်ဗျ။ ကျွန်တော်တို့ဆီက ကားအရေအတွက်နဲ့ ယာဉ်မောင်းအရေအတွက်အပေါ်မူတည်ပြီး အကြိုအပို့လည်း စီစဉ်ပေးပါတယ်”လို့ ဦးသူရအောင်ကပြောပါတယ်။
လတ်တလောမှာ ရန်ကုန်တိုင်းဒေသကြီးမှာ COVID-19 ဖြစ်ပွားမှုတွေ များပြားတဲ့အတွက် လူနာတွေအတွက်ရော၊ အိမ်မပြန်ဘဲ ဆက်တိုက်တာဝန်ထမ်းဆောင်နေရတဲ့ ကျန်းမာရေးဝန်ထမ်းတွေအတွက်ရော နေရာတွေ
လိုအပ်နေတယ်လို့ သိရပါတယ်။
သတင်း-သူသူထက်လွင်
Zawgyi
ကိုဗစ္တိုက္ဖ်က္ေရးမွာ အေရးႀကီးေတာ့ ေသြးစည္းၾကၿပီေလ
ပုဂၢလိကအထက္တန္းေက်ာင္းေတြအေနနဲ႔ COVID-19 ထိန္းခ်ဳပ္ေရးမွာ တစ္ဖက္တစ္လမ္းက ပူးေပါင္းပါဝင္ေနတယ္လို႔ ျမန္မာႏိုင္ငံကိုယ္ပိုင္ေက်ာင္းမ်ားအသင္းဥကၠဌ ဦးေနအုပ္က ေျပာပါတယ္။
ပုဂၢလိကအထက္တန္းေက်ာင္းေတြမွာ ေဘာ္ဒါေတြမဖြင့္ျဖစ္တဲ့အတြက္ ေဘာ္ဒါေတြမွာ အသုံးျပဳဖို႔ထားတဲ့ ကုတင္ေတြကို ယာယီအသုံးျပဳဖို႔ အလႉခံထားတယ္လို႔ ဦးေနအုပ္က ေျပာပါတယ္။
(က်န္းမာေရး)ဝန္ထမ္းေတြက်ေတာ့ ဟိုတယ္တင္လို႔မျဖစ္ဘူးေလ။ သူတို႔အတြက္က်ေတာ့ ကုတင္အလႉခံတယ္။ ဆရာက ေျပာတယ္။ ပုဂၢလိကေက်ာင္းေတြက ပိတ္ထားတယ္။ ကုတင္အားေနတာပဲ။ အဲ့ဒီကုတင္ေတြကို အပိုင္မ
ဟုတ္ပါဘူး၊ ယာယီလႉဒါန္းပါ။ ေက်ာင္းဖြင့္ရင္ျပန္ေပးပါမယ္။ အဲဒါကိုစီစဥ္ေနပါတယ္”လို႔ ဦးေနအုပ္က ေျပာပါတယ္။
ဒါ့အျပင္ ပုဂၢလိကေက်ာင္းေတြထဲက သံလြင္ပုဂၢလိကအထက္တန္းေက်ာင္းအေနနဲ႔လည္း ဆရာဝန္၊ သူနာျပဳနဲ႔ က်န္းမာေရးဝန္ထမ္း အေယာက္(၅၀)ေက်ာ္အတြက္ အခမဲ့တည္းခိုစရာေနရာေတြ ေဆာင္႐ြက္ေပးထားတယ္လို႔သိရ
ပါတယ္။
ဒါနဲ႔ပတ္သက္လို႔ သံလြင္ပုဂၢလိကအထက္တန္းေက်ာင္း အႀကံေပးဦးသူရေအာင္က အခုလိုေျပာျပပါတယ္။
အခုေလာေလာဆယ္ကေတာ့ ဆရာ၊ ဆရာမ (က်န္းမာေရးဝန္ထမ္း) (၅၆) ေယာက္စာ အတြက္ကေတာ့ အားခ်င္းေဆာင္႐ြက္ေနတုန္းေပါ့။ ေလာေလာဆယ္ကေတာ့ သုံးထပ္ေဆာင္အေပၚထပ္မွာ(၂၂)ေယာက္စာျပင္ထား ပါတ
ယ္ခင္ဗ်။ ဟိုဘက္က အေဆာက္အဦးေဆာက္ေနခ်ိန္မွာ ဆရာ၊ ဆရာမေတြ အဆင္ေျပေအာင္လို႔ (၂၂)ေယာက္ စာကို ယာယီလုပ္ထားတယ္။ ၿပီးလို႔ရွိရင္ ေနာက္ထပ္ငါးရက္ ေျခာက္ရက္ေလာက္ေနရင္ ကြၽန္ေတာ္တို႔ ဟိုဘက္မွာ
(၅၆)ေယာက္စာ အေဆာက္အဦးၿပီးသြားရင္ေတာ့ ထပ္ထားမွာေပါ့ေနာ္။ ဆရာ၊ဆရာမ တစ္ေယာက္ခ်င္းစီ အတြက္ကို ကုတင္ပါမယ္။ ေရခဲေသတၱာပါမယ္။ မီးပူတိုက္ခုံပါမယ္။ တစ္ကိုယ္ရည္သုံးပစၥည္းေတြ ပါတာေပါ့။ အားလုံး
အခမဲ့ပါခင္ဗ်။ ကြၽန္ေတာ္တို႔ဆီက ကားအေရအတြက္နဲ႔ ယာဥ္ေမာင္းအေရအတြက္အေပၚမူတည္ၿပီး အႀကိဳအပို႔လည္း စီစဥ္ေပးပါတယ္ လို႔ ဦးသူရေအာင္ကေျပာပါတယ္။
လတ္တေလာမွာ ရန္ကုန္တိုင္းေဒသႀကီးမွာ COVID-19 ျဖစ္ပြားမႈေတြ မ်ားျပားတဲ့အတြက္ လူနာေတြအတြက္ေရာ၊ အိမ္မျပန္ဘဲ ဆက္တိုက္တာဝန္ထမ္းေဆာင္ေနရတဲ့ က်န္းမာေရးဝန္ထမ္းေတြအတြက္ေရာ ေနရာေတြ လိုအပ္ေ
နတယ္လို႔ သိရပါတယ္။
သတင္း-သူသူထက္လြင္