တစ်ခါသုံး MASK ကိုသုံးပြီးရင် လွင့်မပစ်ပါနဲ့ ဒီအတိုင်း ပြန်လုပ်ပြီးသုံးလို့ရပါတယ်

Sharing is caring!

တခါသုံး Mask ကို ပြန်လည်သန့်စင်ပြီး အသုံးပြုလို့ရတဲ့ နည်းလမ်း တခါသုံး Mask ကို ပြန်လည်သန့်စင်ပြီး အသုံးပြုလို့ရတဲ့ နည်းလမ်းလေးကိုပြောပြလိုက်ပါတယ်။

“MASK နဲ့ ဒဏ်ကြေး” အပြင် ထွက်ကြရာတွင် လူတိုင်း MASK တပ်ဆင်ကြရန်နှင့် မတပ်ဆင်ပါက ဒဏ်ကြေးငွေပေးဆောင်ကြရမည်ဖြစ်ကြောင်း ကြေငြာချက်တွေ ထွက်လာပါတယ်။MASK တပ်ဆင်ခြင်းသည် COVID-19 ရောဂါပြန့်ပွားမှုကိုထိထိ ရောက်ရောက် ကာကွယ် နိုင်ကြောင်း အားလုံးက လက်ခံလာချိန်မှာ ကိုယ်စီကိုယ်ငှ လိုက်နာ ကြရမှာဖြစ်ပါတယ်။

MASK တပ်ဆင်ဖို့ရာ ငွေရေးကြေးရေးကပါလာသဖြင့် အခက်အခဲရှိသူများရှိနိုင်ပါတယ်။ MASK မဝယ်နိုင်လို့ ဒဏ်ကြေးကြောက်လို့MASK တစ်ခုထဲကို လက်ပြောင်းလက်လွှဲ လူအများတပ်ဆင်ခြင်းသည် VIRUS ပိုမို ကူးစက် ပြန့်ပွားမှုကို ဖြစ်စေနိုင်ပါတယ်။MASK လှူဒါန်းမှုများမှာ တစ်ခါသုံး MASK များကို အတွေ့များပါတယ်။ တစ်ခါသုံး ကိုကြာကြာသုံးနိုင်ဖို့ အကြံပြုပါရစေ။

အိမ်ပြန်ရောက်တာနဲ့ အိမ်ပေါက်ဝမှာဘဲ MASK ကိုဖြုတ် ပုံထဲပါတဲ့အတိုင်းအင်္ကျီချိတ်မှာချိတ် ဆပ်ပြာရေဖြန်းလိုက်ပါ။ငါးမိနစ်လောက်ထားပြီး ရေသန့်သန့်နဲ့ ဆပ်ပြာရေစင်အောင်ဖြန်းပေးပါ။သန့်ရှင်းစင်ကြယ်သွားတဲ့အခါ နေအပူချိန်ရလေရတဲ့နေရာမှာ လှန်း ထားပါ။

ခြောက်သွေ့သွားတဲ့အခါ အပေါက်အပြဲ ရှိမရှိစစ်ဆေးပြီး ကောင်းပါက ဆက်သုံးလို့ရပါပြီ။ဆပ်ပြာရေ ဖြန်းစရာဗူးမရှိရင် ဆပ်ပြာရေမှာ ငါးမိနစ်ခန့်စိမ်ခြင်း ရေသန့်သန့်ဖြင့်ဆေးခြင်းနဲ့ အစားထိုးနိုင်ပါတယ်။ညှစ်ခြင်း ပွတ်တိုက်ခြင်းမပြုပါနဲ့ MASK အသားက ရေစိုစိုမှာ ပျက်စီးလွယ်ပါတယ်။

သုံးပြီးသား MASK ကိုဆေးကြောမှုမရှိဘဲ အိမ်ထဲမှာဖြစ်သလိုထားခြင်းသည် အိမ်တွင်းနေသူများပါဘေးဖြစ်စေပါတယ်။လှုဒါန်းသူများပိုကုသိုလ်ရစေဖို့ မိမိက ခံနိုင်ရည်ရှိပြီး သေဘေးမကြောက်သော်လည်း မိမိကြောင့်သက်ကြီးရွယ်အိုများကလေးများဘေးမဖြစ်ကြစေဖို့ ကူးစက်ပြန့်ပွားလူသားများဒုက္ခမဖြစ်စေဖို့ MASK ကိုစနစ်တကျတပ်ဆင်သုံးစွဲကြပါစို့လို့ တိုက်တွန်းမေတ္တာရပ်ခံပါရစေ။

Zawgyi Version

တခါသုံး Mask ကို ျပန္လည္သန႔္စင္ၿပီး အသုံးျပဳလို႔ရတဲ့ နည္းလမ္း တခါသုံး Mask ကို ျပန္လည္သန႔္စင္ၿပီး အသုံးျပဳလို႔ရတဲ့ နည္းလမ္းေလးကိုေျပာျပလိုက္ပါတယ္။

“MASK နဲ႔ ဒဏ္ေၾကး” အျပင္ ထြက္ၾကရာတြင္ လူတိုင္း MASK တပ္ဆင္ၾကရန္ႏွင့္ မတပ္ဆင္ပါက ဒဏ္ေၾကးေငြေပးေဆာင္ၾကရမည္ျဖစ္ေၾကာင္း ေၾကျငာခ်က္ေတြ ထြက္လာပါတယ္။MASK တပ္ဆင္ျခင္းသည္ COVID-19 ေရာဂါျပန႔္ပြားမႈကိုထိထိ ေရာက္ေရာက္ ကာကြယ္ ႏိုင္ေၾကာင္း အားလုံးက လက္ခံလာခ်ိန္မွာ ကိုယ္စီကိုယ္ငွ လိုက္နာ ၾကရမွာျဖစ္ပါတယ္။

MASK တပ္ဆင္ဖို႔ရာ ေငြေရးေၾကးေရးကပါလာသျဖင့္ အခက္အခဲရွိသူမ်ားရွိႏိုင္ပါတယ္။ MASK မဝယ္ႏိုင္လို႔ ဒဏ္ေၾကးေၾကာက္လို႔MASK တစ္ခုထဲကို လက္ေျပာင္းလက္လႊဲ လူအမ်ားတပ္ဆင္ျခင္းသည္ VIRUS ပိုမို ကူးစက္ ျပန႔္ပြားမႈကို ျဖစ္ေစႏိုင္ပါတယ္။MASK လႉဒါန္းမႈမ်ားမွာ တစ္ခါသုံး MASK မ်ားကို အေတြ႕မ်ားပါတယ္။ တစ္ခါသုံး ကိုၾကာၾကာသုံးႏိုင္ဖို႔ အႀကံျပဳပါရေစ။

အိမ္ျပန္ေရာက္တာနဲ႔ အိမ္ေပါက္ဝမွာဘဲ MASK ကိုျဖဳတ္ ပုံထဲပါတဲ့အတိုင္းအက်ႌခ်ိတ္မွာခ်ိတ္ ဆပ္ျပာေရျဖန္းလိုက္ပါ။ငါးမိနစ္ေလာက္ထားၿပီး ေရသန႔္သန႔္နဲ႔ ဆပ္ျပာေရစင္ေအာင္ျဖန္းေပးပါ။သန႔္ရွင္းစင္ၾကယ္သြားတဲ့အခါ ေနအပူခ်ိန္ရေလရတဲ့ေနရာမွာ လွန္း ထားပါ။

ေျခာက္ေသြ႕သြားတဲ့အခါ အေပါက္အၿပဲ ရွိမရွိစစ္ေဆးၿပီး ေကာင္းပါက ဆက္သုံးလို႔ရပါၿပီ။ဆပ္ျပာေရ ျဖန္းစရာဗူးမရွိရင္ ဆပ္ျပာေရမွာ ငါးမိနစ္ခန႔္စိမ္ျခင္း ေရသန႔္သန႔္ျဖင့္ေဆးျခင္းနဲ႔ အစားထိုးႏိုင္ပါတယ္။ညႇစ္ျခင္း ပြတ္တိုက္ျခင္းမျပဳပါနဲ႔ MASK အသားက ေရစိုစိုမွာ ပ်က္စီးလြယ္ပါတယ္။

သုံးၿပီးသား MASK ကိုေဆးေၾကာမႈမရွိဘဲ အိမ္ထဲမွာျဖစ္သလိုထားျခင္းသည္ အိမ္တြင္းေနသူမ်ားပါေဘးျဖစ္ေစပါတယ္။လႈဒါန္းသူမ်ားပိုကုသိုလ္ရေစဖို႔ မိမိက ခံႏိုင္ရည္ရွိၿပီး ေသေဘးမေၾကာက္ေသာ္လည္း မိမိေၾကာင့္သက္ႀကီး႐ြယ္အိုမ်ားကေလးမ်ားေဘးမျဖစ္ၾကေစဖို႔ ကူးစက္ျပန႔္ပြားလူသားမ်ားဒုကၡမျဖစ္ေစဖို႔ MASK ကိုစနစ္တက်တပ္ဆင္သုံးစြဲၾကပါစို႔လို႔ တိုက္တြန္းေမတၱာရပ္ခံပါရေစ။

Add a Comment

Your email address will not be published. Required fields are marked *