ကိုဗစ်ပျောက်ပြီးရင် နောက်ဆက်တွဲအနေနဲ့ ဒီအကျိုးဆက်တွေ ဖြစ်ပါတယ်

Sharing is caring!

ကိုရိုနာဗိုင်းရပ်စ်က ကူးစက်ခံရချိန်မှာ ခံစားရတဲ့ရောဂါလက္ခဏာတွေကလည်း ခံရခက်တဲ့အပြင် ရောဂါပျောက်ကင်းသွားပြီးနောက် ကြုံတွေ့ရမယ့် ရောဂါရဲ့ရေရှည်အကျိုးဆက်ကလည်း ဆိုးရွားပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ကူး

စက်ခံခဲ့ရတဲ့ အမျိုးသမီးတစ်ဦးက ရောဂါရဲ့ ရေရှည်အကျိုးဆက်တွေကို ထုတ်ပြောပြခဲ့ပါတယ်။ အဲဒါက သူ့ဘဝကို ပြောင်းလဲစေခဲ့တယ်လို့လည်း ဆိုပါတယ်။

အင်္ဂလန်အရှေ့မြောက်ပိုင်းမှာ တည်ရှိတဲ့ North Shields မြို့လေးက ရိုဝီနာ ရက်ဆဲလ် (Roweena Russell) ဆိုတဲ့ အမျိုးသမီးဟာ ကိုရိုနာဗိုင်းရပ်စ်ရဲ့ အစောဆုံးလက္ခဏာရပ်တွေကို ဧပြီလ ၉ ရက်နေ့မှာ စတင်ခံစားခဲ့ရပါ

တယ်။ သူဟာ အသက်ရှုရခက်လာပြီး ပင်ပန်းနွမ်းလျသလို ခံစားခဲ့ရပါတယ်။ နောက်ရက်အနည်းငယ်မှာ အရမ်းအားအင်မကုန်ခန်းခင် မှတ်ဉာဏ်ချို့ယွင်းတာ၊ အော့အန်တာနဲ့ အဆက်မပြတ်မူးဝေတာတွေ ခံစားခဲ့ရပြီး

အရေးပေါ်ကားကို လှမ်းပြီး ခေါ်ခဲ့ရပါတယ်။ အခုဆိုရင် ရိုဝီနာက ကိုရိုနာဗိုင်းရပ်စ်မရှိတော့တာ (၆) လရှိသွားပါပြီ။ ဒါပေမဲ့ သူ့ဘဝကို ပြောင်းလဲသွားစေတဲ့ ကိုရိုနာဗိုင်းရပ်စ်ရဲ့ ရေရှည်လက္ခဏာရပ်တွေကို ခံစားနေရတုန်းပါပဲ။

ဒီရောဂါလက္ခဏာတွေ ခံစားနေရတာက ရိုဝီနာတစ်ယောက်တည်းတင်မဟုတ်ပါဘူး။ ကိုဗစ်ခံစားခဲ့ရဖူးတဲ့ လူတော်တော်များများ ကြုံတွေ့ခဲ့ရပါတယ်။ အကြာကြီးပင်ပန်းနွမ်းလျတာ၊ အသက်ရှုရခက်တာ၊ မှတ်ဉာဏ်ချို့ယွင်း

တာ၊ အာရုံစူးစိုက်နိုင်စွမ်းမရှိတာကစလို့ ကြွက်သား၊ အဆစ်အမြစ်နဲ့ ရင်ဘတ်နာကျင်တာအထိ UK မှာလူ (၆၀,၀၀၀) နဲ့ (၆၀,၀၀၀) အထက်တွေက ရောဂါပျောက်ကင်းပြီး (၃) လကျော်လောက် ကြုံတွေ့ခံစားခဲ့ရတယ်လို့

King’s College ရဲ့လေ့လာချက်အရ သိရပါတယ်။

“Long-Covid” လို့ သိထားကြတဲ့ ကျန်းမာရေးအခြေအနေကို တရားဝင်သတ်မှတ်မထားပေမဲ့ အဲဒီလိုခံစားနေရတဲ့သူတွေ အများကြီးရှိနေပါတယ်။ “ကိုဗစ် ကူးစက်မခံရခင်က ကျွန်မ ကျန်းမာရေးကောင်းပါတယ်။ ကင်းမြှီး

ကောက်ထောင်တာ၊ ကျွမ်းထိုးတာတွေ လုပ်နိုင်ပြီး မိုင် (၆၀) ကျော်လောက် စက်ဘီးပုံမှန်စီးဖြစ်ပါတယ်။ ပြီးခဲ့တဲ့ အပတ်မှာ ခြေလှမ်း (၆,၀၀၀) လမ်းလျှောက်ခဲ့တယ်။ ဗိုင်းရပ်စ်ကူးစက်ခံခဲ့ပြီးကလည်းက ကျွန်မလုပ်နိုင်တာ

ဒါအများဆုံးပါပဲ။ ခြေလှမ်း (၆,၀၀၀) လမ်းလျှောက်လို့ရလာတဲ့နာကျင်မှုတွေကို ပြန်လည်သက်သာလာဖို့ အချိန် (၃) ရက်လောက်ယူခဲ့ရတယ်။ အရင်တုန်းကဆို (၁၀) မိနစ်လောက်ပါပဲ။ ကျွန်မရဲ့ဦးနှောက်က ဆုံးရှုံးစွာ ကူး

စက်ခံခဲ့ရပြီး အခုဆိုရင် ကောင်းကောင်းမလုပ်ဆောင်နိုင်တော့ဘူး”လို့ ရိုဝီနာက ပြောပါတယ်။

ဆက်လက်ပြီး ရိုဝီနာက ” အာရုံစိုက်ဖို့ တကယ်ခက်ခဲပါတယ်။ ကျွန်မ အရမ်း အားအင်ကုန်ခန်းပြီး ပင်ပန်းနွမ်းလျသလို ခံစားရတယ်။ နေ့တိုင်း ရင်ဘတ်နဲ့ ကျောက်ကပ်တွေမှာ နာကျင်သလိုခံစားရတယ်။ နှလုံးခုန်နှုန်း

လည်းမကောင်းပါဘူး။ ကျွန်မပါးစပ်မှာ သွေးအရသာကို အဆက်အပြတ်ခံစားနေရတဲ့အတွက် တစ်ချိန်လုံး မအီမသာဖြစ်နေရပါတယ်။ လက်တွေနဲ့ခြေထောက်တွေကလည်း ရောင်ရမ်းနေပါတယ်။ အခုဆို ကျွန်မရဲ့လက်တွေ

ပုံစံတောင်ပြောင်းသွားပါပြီ။ ကျွန်မရဲ့ တစ်နေ့တာအစားအစာကို လုံးဝကို ပြောင်းလဲပစ်ခဲ့ရပါတယ်”လို့ ဆိုပါတယ်။

စက်တင်ဘာလတုန်းက ရိုဝီနာဟာ ရင်ဘတ်မှာ နာကျင်မှုကို ပြင်းပြင်းထန်ထန်ခံစားနေရတဲ့အတွက် မနက် (၄) နာရီမှာ ကြောက်လန့်ကာ နိုးထလာခဲ့ပြီးနောက် နှလုံးရောဂါလက္ခဏာရပ်ကြောင့် ဆေးရုံကို အမြန်သွားခဲ့ရပါ

တယ်။ အဲဒီကတည်းက နေ့တိုင်း နှလုံးအောင့်နေရပြီး မကြာသေးခင်ကမှ ဗိုင်းရပ်စ်ကြောင့် ဖြစ်စေခဲ့တဲ့ ပျက်စီးမှုတွေကို သေချာသိရဖို့ သူ့နှလုံးနဲ့ အဆုတ်တွေကို ဆေးစစ်ခဲ့ရပါတယ်။ အခု ရလဒ်ကို စောင့်ဆိုင်းနေရပြီး သူ့ရဲ့

ရောဂါလက္ခဏာကြောင့် အလုပ်တောင်မလုပ်နိုင်တော့ပါဘူး။ ရိုဝီနာနဲ့အတူ အဲဒီလိုလက္ခဏာတွေခံစားနေရတဲ့ လူထောင်ချီကလည်း နောက်ထပ် ဘာတွေဖြစ်လာမလဲဆိုပြီး စိုးရိမ်နေကြရပါတယ်။

Ref  Ladbible “Woman With ‘Long Covid’ Left Tasting Blood And Her Hands

Zawgyi

ကိုဗစ္ေပ်ာက္ၿပီးရင္ ေနာက္ဆက္တြဲအေနနဲ႔ ဒီအက်ိဳးဆက္ေတြ ျဖစ္ပါတယ္

ကို႐ိုနာဗိုင္းရပ္စ္က ကူးစက္ခံရခ်ိန္မွာ ခံစားရတဲ့ေရာဂါလကၡဏာေတြကလည္း ခံရခက္တဲ့အျပင္ ေရာဂါေပ်ာက္ကင္းသြားၿပီးေနာက္ ႀကဳံေတြ႕ရမယ့္ ေရာဂါရဲ႕ေရရွည္အက်ိဳးဆက္ကလည္း ဆိုး႐ြားပါတယ္။ ကို႐ိုနာဗိုင္းရပ္စ္ကူးစက္

ခံခဲ့ရတဲ့ အမ်ိဳးသမီးတစ္ဦးက ေရာဂါရဲ႕ ေရရွည္အက်ိဳးဆက္ေတြကို ထုတ္ေျပာျပခဲ့ပါတယ္။ အဲဒါက သူ႔ဘဝကို ေျပာင္းလဲေစခဲ့တယ္လို႔လည္း ဆိုပါတယ္။

အဂၤလန္အေရွ႕ေျမာက္ပိုင္းမွာ တည္ရွိတဲ့ North Shields ၿမိဳ႕ေလးက ႐ိုဝီနာ ရက္ဆဲလ္ (Roweena Russell) ဆိုတဲ့ အမ်ိဳးသမီးဟာ ကို႐ိုနာဗိုင္းရပ္စ္ရဲ႕ အေစာဆုံးလကၡဏာရပ္ေတြကို ဧၿပီလ ၉ ရက္ေန႔မွာ စတင္ခံစားခဲ့ရပါတယ္။

သူဟာ အသက္ရႈရခက္လာၿပီး ပင္ပန္းႏြမ္းလ်သလို ခံစားခဲ့ရပါတယ္။ ေနာက္ရက္အနည္းငယ္မွာ အရမ္းအားအင္မကုန္ခန္းခင္ မွတ္ဉာဏ္ခ်ိဳ႕ယြင္းတာ၊ ေအာ့အန္တာနဲ႔ အဆက္မျပတ္မူးေဝတာေတြ ခံစားခဲ့ရၿပီး အေရးေပၚကားကို

လွမ္းၿပီး ေခၚခဲ့ရပါတယ္။ အခုဆိုရင္ ႐ိုဝီနာက ကို႐ိုနာဗိုင္းရပ္စ္မရွိေတာ့တာ (၆) လရွိသြားပါၿပီ။ ဒါေပမဲ့ သူ႔ဘဝကို ေျပာင္းလဲသြားေစတဲ့ ကို႐ိုနာဗိုင္းရပ္စ္ရဲ႕ ေရရွည္လကၡဏာရပ္ေတြကို ခံစားေနရတုန္းပါပဲ။

ဒီေရာဂါလကၡဏာေတြ ခံစားေနရတာက ႐ိုဝီနာတစ္ေယာက္တည္းတင္မဟုတ္ပါဘူး။ ကိုဗစ္ခံစားခဲ့ရဖူးတဲ့ လူေတာ္ေတာ္မ်ားမ်ား ႀကဳံေတြ႕ခဲ့ရပါတယ္။ အၾကာႀကီးပင္ပန္းႏြမ္းလ်တာ၊ အသက္ရႈရခက္တာ၊ မွတ္ဉာဏ္ခ်ိဳ႕ယြင္းတာ၊

အာ႐ုံစူးစိုက္ႏိုင္စြမ္းမရွိတာကစလို႔ ႂကြက္သား၊ အဆစ္အျမစ္နဲ႔ ရင္ဘတ္နာက်င္တာအထိ UK မွာလူ (၆၀,၀၀၀) နဲ႔ (၆၀,၀၀၀) အထက္ေတြက ေရာဂါေပ်ာက္ကင္းၿပီး (၃) လေက်ာ္ေလာက္ ႀကဳံေတြ႕ခံစားခဲ့ရတယ္လို႔ King’s

College ရဲ႕ေလ့လာခ်က္အရ သိရပါတယ္။

“Long-Covid” လို႔ သိထားၾကတဲ့ က်န္းမာေရးအေျခအေနကို တရားဝင္သတ္မွတ္မထားေပမဲ့ အဲဒီလိုခံစားေနရတဲ့သူေတြ အမ်ားႀကီးရွိေနပါတယ္။ “ကိုဗစ္ ကူးစက္မခံရခင္က ကြၽန္မ က်န္းမာေရးေကာင္းပါတယ္။ ကင္းျမႇီးေကာ

က္ေထာင္တာ၊ ကြၽမ္းထိုးတာေတြ လုပ္ႏိုင္ၿပီး မိုင္ (၆၀) ေက်ာ္ေလာက္ စက္ဘီးပုံမွန္စီးျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ အပတ္မွာ ေျခလွမ္း (၆,၀၀၀) လမ္းေလွ်ာက္ခဲ့တယ္။ ဗိုင္းရပ္စ္ကူးစက္ခံခဲ့ၿပီးကလည္းက ကြၽန္မလုပ္ႏိုင္တာ ဒါအမ်ားဆုံးပါ

ပဲ။ ေျခလွမ္း (၆,၀၀၀) လမ္းေလွ်ာက္လို႔ရလာတဲ့နာက်င္မႈေတြကို ျပန္လည္သက္သာလာဖို႔ အခ်ိန္ (၃) ရက္ေလာက္ယူခဲ့ရတယ္။ အရင္တုန္းကဆို (၁၀) မိနစ္ေလာက္ပါပဲ။ ကြၽန္မရဲ႕ဦးေႏွာက္က ဆုံးရႈံးစြာ ကူးစက္ခံခဲ့ရၿပီး အခုဆိုရ

င္ ေကာင္းေကာင္းမလုပ္ေဆာင္ႏိုင္ေတာ့ဘူး”လို႔ ႐ိုဝီနာက ေျပာပါတယ္။

ဆက္လက္ၿပီး ႐ိုဝီနာက ” အာ႐ုံစိုက္ဖို႔ တကယ္ခက္ခဲပါတယ္။ ကြၽန္မ အရမ္း အားအင္ကုန္ခန္းၿပီး ပင္ပန္းႏြမ္းလ်သလို ခံစားရတယ္။ ေန႔တိုင္း ရင္ဘတ္နဲ႔ ေက်ာက္ကပ္ေတြမွာ နာက်င္သလိုခံစားရတယ္။ ႏွလုံးခုန္ႏႈန္းလည္းမေကာ

င္းပါဘူး။ ကြၽန္မပါးစပ္မွာ ေသြးအရသာကို အဆက္အျပတ္ခံစားေနရတဲ့အတြက္ တစ္ခ်ိန္လုံး မအီမသာျဖစ္ေနရပါတယ္။ လက္ေတြနဲ႔ေျခေထာက္ေတြကလည္း ေရာင္ရမ္းေနပါတယ္။ အခုဆို ကြၽန္မရဲ႕လက္ေတြ ပုံစံေတာင္ေျပာင္း

သြားပါၿပီ။ ကြၽန္မရဲ႕ တစ္ေန႔တာအစားအစာကို လုံးဝကို ေျပာင္းလဲပစ္ခဲ့ရပါတယ္”လို႔ ဆိုပါတယ္။

စက္တင္ဘာလတုန္းက ႐ိုဝီနာဟာ ရင္ဘတ္မွာ နာက်င္မႈကို ျပင္းျပင္းထန္ထန္ခံစားေနရတဲ့အတြက္ မနက္ (၄) နာရီမွာ ေၾကာက္လန႔္ကာ ႏိုးထလာခဲ့ၿပီးေနာက္ ႏွလုံးေရာဂါလကၡဏာရပ္ေၾကာင့္ ေဆး႐ုံကို အျမန္သြားခဲ့ရပါတယ္။

အဲဒီကတည္းက ေန႔တိုင္း ႏွလုံးေအာင့္ေနရၿပီး မၾကာေသးခင္ကမွ ဗိုင္းရပ္စ္ေၾကာင့္ ျဖစ္ေစခဲ့တဲ့ ပ်က္စီးမႈေတြကို ေသခ်ာသိရဖို႔ သူ႔ႏွလုံးနဲ႔ အဆုတ္ေတြကို ေဆးစစ္ခဲ့ရပါတယ္။ အခု ရလဒ္ကို ေစာင့္ဆိုင္းေနရၿပီး သူ႔ရဲ႕ေရာဂါလကၡ

ဏာေၾကာင့္ အလုပ္ေတာင္မလုပ္ႏိုင္ေတာ့ပါဘူး။ ႐ိုဝီနာနဲ႔အတူ အဲဒီလိုလကၡဏာေတြခံစားေနရတဲ့ လူေထာင္ခ်ီကလည္း ေနာက္ထပ္ ဘာေတြျဖစ္လာမလဲဆိုၿပီး စိုးရိမ္ေနၾကရပါတယ္။

Ref  Ladbible “Woman With ‘Long Covid’ Left Tasting Blood And Her Hands

Add a Comment

Your email address will not be published. Required fields are marked *