ပွဲကြီးပွဲကောင်းကြည့်ရတော့မယ် ကမ္ဘာ့ချန်ပီယံ အောင်လအန်ဆန်နဲ့ နယ်သာလန် နိုင်ငံသား ရီနီယာဒီရိုက်တာ တို့ရဲ့ ကမ္ဘာ့ချန်ပီယံ ခါးပတ်ကာကွယ်ပွဲ
|ကိုယ်ခံပညာသိုင်းပေါင်းစုံပြိုင်ပွဲ( ONE MMA ပြိုင်ပွဲ)တွင် လိုက်ဟဲဗီး ဝိတ်နှင့်မစ်ဒယ်ဝိတ်ကမ္ဘာ့ချန်ပီယံခါးပတ် နှစ်ခုကို ရရှိထားသော ကချင်တိုင်း ရင်းသား အောင်လအန်ဆန်သည် ၎င်း၏ လေးကြိမ်မြောက် မစ်ဒယ်
ဝိတ်တန်းကမ္ဘာ့ ချန်ပီယံခါးပတ် ကာကွယ်ပွဲကို ယခုလ (အောက်တိုဘာလ) ၃ဝရက်တွင် စင်ကာ ပူနိုင်ငံ၌ ယှဉ်ပြိုင်ထိုးသတ်သွားရမည် ဖြစ်ကြောင်း သိရသည်။
အောင်လအန်ဆန်ယှဉ်ပြိုင်ထိုး သတ်သွားမည့် “Inside The Matrix ” MMA ပြိုင်ပွဲတွင် ကမ္ဘာ့ချန်ပီယံလုပွဲ ၄ပွဲအထိပါဝင်မည်ဖြစ်ပြီး ကမ္ဘာ့ချန်ပီယံ အောင်လအန်ဆန်ကို နယ်သာလန် နိုင်ငံသား ရီနီယာဒီရိုက်တာက
စိန်ခေါ် ထိုးသတ်သွားမည်ဖြစ်သည်။ ONE အဖွဲ့၏ MMA စင်မြင့်ထက်သို့ ၂၀၁၉ ခုနှစ်ကမှ စတင်ဝင်ရောက်ခဲ့သည့် အသက်၂၉နှစ်အရွယ်ရှိ ရီနီယာဒီရိုက်တာ သည် MMA ပြိုင်ပွဲ ၁၂ပွဲ ယှဉ်ပြိုင် ထိုးသတ်ထားရာတွင် ရှုံးပွဲမ
ရှိမှတ်တမ်းကို ရယူထားပြီး ONE အဖွဲ့၏ MMA လေး ပွဲမြောက်မှာပင် ကမ္ဘာ့ချန်ပီယံ ခါးပတ်ကို စိန်ခေါ်ထိုးသတ်ခွင့် ရရှိခြင်းလည်း ဖြစ် သည်။ ပြိုင်ပွဲနှင့်ပတ်သက်၍ အောင်လ အန်ဆန်က ပြိုင်ဘက်၏ ယှဉ်ပြိုင်ထိုး သတ်
ထားခဲ့သောပြိုင်ပွဲများအားလုံးကို ကြည့်၍ လေ့ကျင့်ဖော်များ ၊ ဆရာများ နှင့် အကောင်းဆုံးလေ့ကျင့် ပြင်ဆင်မှုများ ပြုလုပ်ထားကြောင်း ပြောသည်။
အသက် ၃၅နှစ်အရွယ်ရှိ အောင်လ အန်ဆန်သည် One MMA မစ်ဒယ်ဝိတ် ကမ္ဘာ့ချန်ပီယံခါးပတ်ကို ၂၀၁၇ ဇွန်လက ရရှိထားခဲ့ပြီး မစ်ဒယ်ဝိတ်ကမ္ဘာ့ချန်ပီယံခါး ပတ်ကာကွယ်ပွဲကို သုံးကြိမ်အထိ ယှဉ်ပြိုင် ထိုးသတ်
ထားခဲ့ပြီးလည်းဖြစ်သည်။ ထို မစ်ဒယ်ဝိတ် ချန်ပီယံကာကွယ်ပွဲ သုံး၃ပွဲ၌ ပထမအကြိမ်တွင် ဂျပန်နိုင်ငံ သား ကင်မ်ဟစဲဂါဝါကို ငါးချီ၌ လည်း ကောင်း၊ ဒုတိယအကြိမ်တွင် လက်ဘနွန် နိုင်ငံသား မိုဟာမက်ကရာကီကို ပထမ
အ ချီ၌ လည်းကောင်း၊ တတိယအကြိမ်တွင် ကင်မ်ဟစဲဂါဝါကို ဒုတိယအချီ၌လည်း ကောင်း အလဲထိုး၍ ချန်ပီယံခါးပတ်ကို ကာကွယ်ထားနိုင်ခဲ့သည်။ ထို့ပြင် အောင်လအန်ဆန်သည် ပြီးခဲ့သော ၂၀၁၉ အောက်တိုဘာလက
၎င်း၏ လိုက် ဟဲဗီးဝိတ် ကမ္ဘာ့ချန်ပီယံ ပထမဆုံးအကြိမ် ကာကွယ်ပွဲအဖြစ် လက်ရှိ ဟဲဗီးဝိတ် ကမ္ဘာ့ချန်ပီယံ ဘရန်ဒန်ဗီရာနှင့် နောက် ဆုံးယှဉ်ပြိုင်ထိုးသတ်ထားရာတွင်လည်း ဒုတိယအချီမှာပင် အလဲထိုး၍ လိုက်ဟဲ
ဗီး ဝိတ်ကမ္ဘာ့ချန်ပီယံခါးပတ်ကို ကာကွယ် ထားနိုင်ခဲ့ပြန်သည်။
ကိုရိုနာဗိုင်းရပ်စ် (Covid-19 ရောဂါပိုး) ကူးစက်မှုအများဆုံးဖြစ်ပွားနေ သော အမေရိကန်တွင် နေထိုင်လျက် ရှိနေသော အောင်လအန်ဆန်သည် ပြီးခဲ့သော ဇူလိုင်လ ၃ရက်က ကိုရိုနာဗိုင်း ရပ်စ်ကူးစက်ခံခဲ့ရပြီး ဇူလိုင်လ ၁၇
ရက် တွင် ကိုဗစ်ရောဂါပိုးပြန်ကင်းကင်စင်သွား ခဲ့သည်။ ထို့နောက် လေ့ကျင့်မှုများကို ပုံ မှန်အတိုင်း ပြုလုပ်လုပ်နိုင်ခဲ့ကြောင်း လာမည့် ကမ္ဘာ့ချန်ပီယံကာကွယ်ပွဲတွင် ပရိသတ်များ ပျော်ရွှင်ရေစေမည့် အနိုင်ရလဒ်ရရှိ
အောင်ယှဉ်ပြိုင်ထိုးသတ်သွား မည်ဖြစ်ကြောင်း အောင်လအန်ဆန်က ပြောသည်။
မိုင်းစောလွင်
Pyimyanmar
Zawgyi
ပြဲႀကီးပြဲေကာင္းၾကည့္ရေတာ့မယ္ ကမာၻ႔ခ်န္ပီယံ ေအာင္လအန္ဆန္နဲ႔ နယ္သာလန္ ႏိုင္ငံသား ရီနီယာဒီ႐ိုက္တာ တုိ႔ရဲ႕ ကမာၻ႔ခ်န္ပီယံ ခါးပတ္ကာကြယ္ပြဲ
ကိုယ္ခံပညာသိုင္းေပါင္းစုံၿပိဳင္ပြဲ( ONE MMA ၿပိဳင္ပြဲ)တြင္ လိုက္ဟဲဗီး ၀ိတ္ႏွင့္မစ္ဒယ္ဝိတ္ကမာၻ႔ခ်န္ပီယံခါးပတ္ ႏွစ္ခုကို ရရွိထားေသာ ကခ်င္တိုင္း ရင္းသား ေအာင္လအန္ဆန္သည္ ၄င္း၏ ေလးႀကိမ္ေျမာက္ မစ္ဒယ္ဝိတ္တန္းက
မာၻ႔ ခ်န္ပီယံခါးပတ္ ကာကြယ္ပြဲကို ယခုလ (ေအာက္တိုဘာလ) ၃ဝရက္တြင္ စင္ကာ ပူႏိုင္ငံ၌ ယွဥ္ၿပိဳင္ထိုးသတ္သြားရမည္ ျဖစ္ေၾကာင္း သိရသည္။
ေအာင္လအန္ဆန္ယွဥ္ၿပိဳင္ထိုး သတ္သြားမည့္ “Inside The Matrix ” MMA ၿပိဳင္ပြဲတြင္ ကမာၻ႔ခ်န္ပီယံလုပြဲ ၄ပြဲအထိပါဝင္မည္ျဖစ္ၿပီး ကမာၻ႔ခ်န္ပီယံ ေအာင္လအန္ဆန္ကို နယ္သာလန္ ႏိုင္ငံသား ရီနီယာဒီ႐ိုက္တာက စိန္ေခၚ ထိုး
သတ္သြားမည္ျဖစ္သည္။ ONE အဖြဲ႕၏ MMA စင္ျမင့္ထက္သို႔ ၂၀၁၉ ခုႏွစ္ကမွ စတင္ဝင္ေရာက္ခဲ့သည့္ အသက္၂၉ႏွစ္အ႐ြယ္ရွိ ရီနီယာဒီ႐ိုက္တာ သည္ MMA ၿပိဳင္ပြဲ ၁၂ပြဲ ယွဥ္ၿပိဳင္ ထိုးသတ္ထားရာတြင္ ရႈံးပြဲမရွိမွတ္တမ္းကို ရ
ယူထားၿပီး ONE အဖြဲ႕၏ MMA ေလး ပြဲေျမာက္မွာပင္ ကမာၻ႔ခ်န္ပီယံ ခါးပတ္ကို စိန္ေခၚထိုးသတ္ခြင့္ ရရွိျခင္းလည္း ျဖစ္ သည္။ ၿပိဳင္ပြဲႏွင့္ပတ္သက္၍ ေအာင္လ အန္ဆန္က ၿပိဳင္ဘက္၏ ယွဥ္ၿပိဳင္ထိုး သတ္ထားခဲ့ေသာၿပိဳင္ပြဲမ်ား
အားလုံးကို ၾကည့္၍ ေလ့က်င့္ေဖာ္မ်ား ၊ ဆရာမ်ား ႏွင့္ အေကာင္းဆုံးေလ့က်င့္ ျပင္ဆင္မႈမ်ား ျပဳလုပ္ထားေၾကာင္း ေျပာသည္။
အသက္ ၃၅ႏွစ္အ႐ြယ္ရွိ ေအာင္လ အန္ဆန္သည္ One MMA မစ္ဒယ္ဝိတ္ ကမာၻ႔ခ်န္ပီယံခါးပတ္ကို ၂၀၁၇ ဇြန္လက ရရွိထားခဲ့ၿပီး မစ္ဒယ္ဝိတ္ကမာၻ႔ခ်န္ပီယံခါး ပတ္ကာကြယ္ပြဲကို သုံးႀကိမ္အထိ ယွဥ္ၿပိဳင္ ထိုးသတ္ထားခဲ့ၿပီးလ
ည္းျဖစ္သည္။ ထို မစ္ဒယ္ဝိတ္ ခ်န္ပီယံကာကြယ္ပြဲ သုံး၃ပြဲ၌ ပထမအႀကိမ္တြင္ ဂ်ပန္ႏိုင္ငံ သား ကင္မ္ဟစဲဂါဝါကို ငါးခ်ီ၌ လည္း ေကာင္း၊ ဒုတိယအႀကိမ္တြင္ လက္ဘႏြန္ ႏိုင္ငံသား မိုဟာမက္ကရာကီကို ပထမအ ခ်ီ၌ လည္းေကာ
င္း၊ တတိယအႀကိမ္တြင္ ကင္မ္ဟစဲဂါဝါကို ဒုတိယအခ်ီ၌လည္း ေကာင္း အလဲထိုး၍ ခ်န္ပီယံခါးပတ္ကို ကာကြယ္ထားႏိုင္ခဲ့သည္။ ထို႔ျပင္ ေအာင္လအန္ဆန္သည္ ၿပီးခဲ့ေသာ ၂၀၁၉ ေအာက္တိုဘာလက ၄င္း၏ လိုက္ ဟဲဗီးဝိတ္ က
မာၻ႔ခ်န္ပီယံ ပထမဆုံးအႀကိမ္ ကာကြယ္ပြဲအျဖစ္ လက္ရွိ ဟဲဗီးဝိတ္ ကမာၻ႔ခ်န္ပီယံ ဘရန္ဒန္ဗီရာႏွင့္ ေနာက္ ဆုံးယွဥ္ၿပိဳင္ထိုးသတ္ထားရာတြင္လည္း ဒုတိယအခ်ီမွာပင္ အလဲထိုး၍ လိုက္ဟဲဗီး ၀ိတ္ကမာၻ႔ခ်န္ပီယံခါးပတ္ကို ကာကြယ္
ထားႏိုင္ခဲ့ျပန္သည္။
ကို႐ိုနာဗိုင္းရပ္စ္ (Covid-19 ေရာဂါပိုး) ကူးစက္မႈအမ်ားဆုံးျဖစ္ပြားေန ေသာ အေမရိကန္တြင္ ေနထိုင္လ်က္ ရွိေနေသာ ေအာင္လအန္ဆန္သည္ ၿပီးခဲ့ေသာ ဇူလိုင္လ ၃ရက္က ကို႐ိုနာဗိုင္း ရပ္စ္ကူးစက္ခံခဲ့ရၿပီး ဇူလိုင္လ ၁၇ ရက္
တြင္ ကိုဗစ္ေရာဂါပိုးျပန္ကင္းကင္စင္သြား ခဲ့သည္။ ထို႔ေနာက္ ေလ့က်င့္မႈမ်ားကို ပုံ မွန္အတိုင္း ျပဳလုပ္လုပ္ႏိုင္ခဲ့ေၾကာင္း လာမည့္ ကမာၻ႔ခ်န္ပီယံကာကြယ္ပြဲတြင္ ပရိသတ္မ်ား ေပ်ာ္႐ႊင္ေရေစမည့္ အႏိုင္ရလဒ္ရရွိေအာင္ယွဥ္ၿပိဳင္ထိုး
သတ္သြား မည္ျဖစ္ေၾကာင္း ေအာင္လအန္ဆန္က ေျပာသည္။
မိုင္းေစာလြင္
Pyimyanmar