ကိုဗစ်က ဆင်းရဲ၊ ချမ်းသာ၊ နာမည်ကြီး ဆိုတာတွေ ဘယ်သူမှမရွေးဘူး
|ပေါ်တူဂီ နာမည်ကျော် ဘောလုံးသမား ခရစ္စတီယာနို ရော်နယ်ဒို COVID-19 Positive တွေ့ခဲ့ကြောင်း ပေါ်တူဂီ ဘောလုံးအဖွဲ့ချုပ်က အောက်တိုဘာ ၁၃ ရက်နေ့မှာ ၎င်းတို့ရဲ့ ဝက်ဘ်ဆိုက်ကနေ ထုတ်ပြန်သွားခဲ့ပါတယ်။
ယင်းအတွက်ကြောင့် အသက် ၃၅ နှစ်အရွယ် ဂျူဗင်တပ် ကလပ်အသင်း တိုက်စစ်မှူးဟာ ဗုဒ္ဓဟူးနေ့မှာ ဆွီဒင် အသင်းနဲ့ ကစားမယ့် Nations League ပွဲစဉ်ကို လွဲချော်ရတော့မှာဖြစ်ပါတယ်။
ဗိုင်းရပ်စ် ကူးစက်ခံခဲ့ရတယ်ဆိုပေမယ့် သူ့ အခြေအနေ ကောင်းမွန်ပြီး ရောဂါ လက္ခဏာပြခြင်းမရှိကြောင်းနဲ့ သီးခြားခွဲ နေထိုင်လျက်ရှိကြောင်း ပေါ်တူဂီ ဘောလုံးအဖွဲ့ချုပ်က ထုတ်ပြန်ထားပါတယ်။
အခြား ပေါ်တူဂီ ကစားသမားတွေကိုလည်း ဗိုင်းရပ်စ် စစ်ဆေးမှုတွေ လုပ်ခဲ့ပြီး အားလုံး negative အဖြေထွက်ခဲ့တယ်လို့ အဖွဲ့ချုပ်က ဆက်လက် ပြောဆိုထားပါတယ်။
အကုန်သိ သတင်းဌာန
Zawgyi
အကုန်သိ သတင်းဌာန