နိုင်ငံတော်အတွက် အားထည့်ဆောင်ရွက်နေတယ်လို့ နိုင်ငံတော်သမ္မတပြော

Sharing is caring!

ပြည်သူတွေကို ဖိနှိပ် ချုပ်ချယ်တဲ့ အုပ်ချုပ်ရေး ယန္တရား မဖြစ်စေဖို့ အားထည့်ဆောင်ရွက်နေတယ်လို့ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ပြောကြားလိုက်ပါတယ်။

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က “ တရားဥပဒေစိုးမိုးရေးကို အထောက်အကူပြုမယ့် အုပ်ချုပ်ရေးစနစ်ဖြစ်စေရန်၊ ပြည်သူလူထုကို ဖိနှိပ်ချုပ်ချယ်တဲ့ အုပ်ချုပ်ရေးယန္တရား မဖြစ်စေရန်၊ လူ့အခွင့်အရေးကို ကာကွယ်ပေးပြီး

ပြည်သူလူထုရဲ့ လွတ်လပ်မှုနဲ့ လုံခြုံမှုကို စောင့်ရှောက်ပေးတဲ့ စီမံခန့်ခွဲမှုမျိုးဖြစ်စေရန်၊ ဥပဒေနဲ့အညီ တရားနည်းလမ်းတကျ မျှမျှတတ အုပ်ချုပ်ရန်၊ ကောင်းမွန်တဲ့ အုပ်ချုပ်မှုရဲ့ အင်္ဂါရပ်များဖြစ်တဲ့ တာဝန်ယူမှု တာဝန်ခံမှု၊

ပွင့်လင်းမြင်သာမှု၊ ပူးပေါင်းဆောင်ရွက်မှု၊ ကြိုတင်သိမြင်နိုင်မှုစတဲ့ အချက်များနဲ့လည်း ညီညွတ်မှုရှိရန် အားထည့်ဆောင်ရွက်လျက်ရှိပါတယ်”လို့ ယနေ့ နံနက်ပိုင်းက လူမှုကွန်ယက်မှ တစ်ဆင့်ပြောကြားလိုက်တာ ဖြစ်ပါ

တယ်။

MP

Zawgyi

ႏိုင္ငံေတာ္အတြက္ အားထည့္ေဆာင္႐ြက္ေနတယ္လို႔ ႏိုင္ငံေတာ္သမၼတေျပာ

ျပည္သူေတြကို ဖိႏွိပ္ ခ်ဳပ္ခ်ယ္တဲ့ အုပ္ခ်ဳပ္ေရး ယႏၲရား မျဖစ္ေစဖို႔ အားထည့္ေဆာင္႐ြက္ေနတယ္လို႔ ႏိုင္ငံေတာ္သမၼတ ဦးဝင္းျမင့္က ေျပာၾကားလိုက္ပါတယ္။

ႏိုင္ငံေတာ္သမၼတ ဦးဝင္းျမင့္က “ တရားဥပေဒစိုးမိုးေရးကို အေထာက္အကူျပဳမယ့္ အုပ္ခ်ဳပ္ေရးစနစ္ျဖစ္ေစရန္၊ ျပည္သူလူထုကို ဖိႏွိပ္ခ်ဳပ္ခ်ယ္တဲ့ အုပ္ခ်ဳပ္ေရးယႏၲရား မျဖစ္ေစရန္၊ လူ႔အခြင့္အေရးကို ကာကြယ္ေပးၿပီး ျပည္သူ

လူထုရဲ႕ လြတ္လပ္မႈနဲ႔ လုံၿခဳံမႈကို ေစာင့္ေရွာက္ေပးတဲ့ စီမံခန႔္ခြဲမႈမ်ိဳးျဖစ္ေစရန္၊ ဥပေဒနဲ႔အညီ တရားနည္းလမ္းတက် မွ်မွ်တတ အုပ္ခ်ဳပ္ရန္၊ ေကာင္းမြန္တဲ့ အုပ္ခ်ဳပ္မႈရဲ႕ အဂၤါရပ္မ်ားျဖစ္တဲ့ တာဝန္ယူမႈ တာဝန္ခံမႈ၊ ပြင့္လင္းျမင္သာမႈ၊

ပူးေပါင္းေဆာင္႐ြက္မႈ၊ ႀကိဳတင္သိျမင္ႏိုင္မႈစတဲ့ အခ်က္မ်ားနဲ႔လည္း ညီၫြတ္မႈရွိရန္ အားထည့္ေဆာင္႐ြက္လ်က္ရွိပါတယ္”လို႔ ယေန႔ နံနက္ပိုင္းက လူမႈကြန္ယက္မွ တစ္ဆင့္ေျပာၾကားလိုက္တာ ျဖစ္ပါတယ္။

MP

Add a Comment

Your email address will not be published. Required fields are marked *