အနံ့၊ အရသာ ပျောက်လို့ ဆေးရုံ၊ ဆေးပေးခန်းတွေ မသွားနိုင်သေးဘူးဆိုရင်

Sharing is caring!

အအေးမိတယ်။ တုပ်ကွေးဖြစ်တယ်။ သက်တော့ သက်သာလာပါရဲ့ စားလိုက်ရင် ခံတွင်းမတွေ့ဘူး။ အနံ့ကလည်း ရတစ်ချက် မရတစ်ချက်ပဲ နှာခေါင်းထဲမှာလည်း မွှန်ထူထူနဲ့ နေရထိုင်ရခက်လိုက်တာ ဆိုတဲ့ သူလေးတွေရှိ

လား။ ဒါဆိုရင်တော့ ဒီဆောင်းပါးလေးက အနံ့အရသာပျောက်လို့ စားရသောက်ရ အဆင်မပြေဖြစ်နေသူလေးတွေ ဖတ်ပြီး လက်တွေ့ လုပ်ဆောင်သင့်တဲ့ ဆောင်းပါးလေးပါ။

အနံ့ပျောက်တာ ဘာတွေကြောင့်လဲ အနံ့ပျောက်တာက ရောဂါအခံ တစ်ခုခုကြောင့် ဖြစ်နိုင်သလို

အအေးမိတာ ဖျားတာ တုပ်ကွေး နှာစေးနှာပိတ် ထိပ်ကပ်နာ အသက်ရှူလမ်းကြောင်း ပိုးဝင်တာနဲ့ ဓာတ်မတည့်မှုတွေကြောင့် အနံ့ပျောက်နိုင်ပါတယ်။

အအေးမိတာကြောင့် အနံ့ပျောက်သွားတဲ့အခါ

အအေးမိတာ၊ အသက်ရှူလမ်းကြောင်းကို ပိုးဝင်တာကြောင့် အနံ့ပျောက်တာက ပိုးတွေကို တိုက်ထုတ်ပြီးသွားတာဲ့ တဖြည်းဖြည်းချင်းပြန်ကောင်းလာတတ်ပါတယ်။ ဒီတော့ ဖျားတာကြောင့် အနံ့၊ အရသာ ပျောက်နေပြီဆိုရင်

ကြက်ဆူဆီ

ကြက်ဆူဆီ စစ်စစ်လက်ဖက်ရည်ဇွန်း တစ်ဇွန်းစာကို အပူပေးပါ။ ပြီးရင် အအေးခံပြီး နှာခေါင်းတစ်ဖက်စီကို တစ်စက်စီ ချပေးပါ။ တစ်နေ့ကို ၂ ကြိမ် လုပ်ပေးပါ။

ကြက်ဆူဆီမှာ ပါတဲ့ ricinoleic acid က ရောင်ရမ်းမှုကို သက်သာစေနိုင်ပြီး အနံ့၊ အရသာ ပုံမှန်အတိုင်း ပြန်ရစေဖို့ ကူညီပေးပါလိမ့်မယ်။

ကြက်သွန်ဖြူ

ကြက်သွန်ဖြူ အမွှာ ၂ မွှာ ၃ မွှာလောက်ကို နုတ်နုတ်စဉ်းပါ။ ပြီးရင် ရေနွေး ဆူဆူ ၁ ခွက်စာထဲကို ထည့်ပေးပါ။ ခပ်နွေးနွေးမှာ အငွေ့ခံပေးရင်း သောက်ပေးပါ။ ကြက်သွန်ဖြူက ဘက်တီးရီးယားတွေကို သေစေနိုင်ပြီး နာကျင်

ရောင်ရမ်းမှုကို သက်သာစေနိုင်တာကြောင့် နှာခေါင်းထဲက လေပြွန်လေးတွေကို အရောင်သက်သာစေပြီး အနံ့ရစေဖို့ ထောက်ကူပေးမှာပါ။

သံပုရာသီး

သံပုရာသီးက ဘက်တီးရီးယားတွေ၊ ဗိုင်းရပ်စ်တွေကို တိုက်ဖျက်ပေးနိုင်ပြီး အနံ့၊ အရသာခံနိုင်စွမ်းကိုလည်း တိုးစေပါတယ်။

ဒီတော့ သံပုရာသီး တစ်လုံးကို အရည်ညှစ်ပါ။ ပျားရည် လက်ဖက်ရည်ဇွန်းတစ်ဇွန်းစာနဲ့ ရောပြိး ရေတစ်ဖန်ခွက်စာထဲ ထည့်ဖျော်ပါ။ ရလာတဲ့ ဖျော်ရည်ကို သောက်သုံးပေးတာက အနံ့၊ အရသာပြန်ရစေဖို့ ကူညီပေးပါလိမ့်

မယ်။

ဂျင်း (ချင်း)

ချင်းစိမ်းကို မထူမပါး တစ်ပြားစာလောက်ကို ရေစင်အောင်ဆေးပြီး ဝါးစားတာ။ ဒါမှမဟုတ် ချင်း (ဂျင်း) ကို မညက်တညက်ထောင်းပြီး ရေနွေး ဆူဆူထဲ ထည့်စိမ်လို့ ၁၅ မိနစ်လောက်ထားပါ။

ပြီးရင် ခပ်နွေးနွေးမှာ အငွေ့လေးရှူရင်း သောက်ပေးပါ။ အနံ့ခံအာရုံကို လှုံ့ဆော်ပေးသလို အရသာခံနိုင်စွမ်းကိုလည်း တိုးစေမှာပါ။ တစ်နေ့ကို ၂ ကြိမ် သောက်ပေးပါ။

ပူစီနံ

ရေစင်အောင် ဆေးထားတဲ့ ပူစီနံရွက် ၁၀ ရွက် ၁၅ ရွက်လောက်ကို ရေနွေးဆူဆူထဲ ထည့်ပြုတ်ပါ။ ရလာတဲ့ ပြုတ်ရည်ကို အအေးခံပြီး ပျားရည် နည်းနည်းထည့်လို့ သောက်ပေးပါ။

ပူစီနံက ပူရှိန်းရှိန်း အရသာရှိသလို နှာခေါင်းတွင်းက လေပြွန်ရောင်တာကို သက်သာစေပြီး ဘက်တီးရီးယားတွေကို တိုက်ထုတ်ပေးနိုင်ပါတယ်။ တစ်နေ့ကို ၂ ကြိမ် သောက်သုံးပေးပါ။ အနံ့အရသာ ပြန်ရလာပါလိမ့်မယ်။

သောက်ရေ

အနံ့၊ အရသာ ပျောက်တာကို သက်သာစေမယ့် နည်းလမ်းတစ်ခု ရှိပါတယ်။ ဒါကတော့ ရေများများ သောက်တာပါ။ ရေသောက်တာက အသက်ရှူ လမ်းကြောင်းက ဆဲလ်တွေကို ကျန်းမာစေပြီး အနံ့၊ အရသာခံနိုင်စွမ်းကို တိုး

စေနိုင်ပါတယ်။

Team ( ရိုးရာလေး )

Zawgyi

အနံ႔၊ အရသာ ေပ်ာက္လို႔ ေဆး႐ုံ၊ ေဆးေပးခန္းေတြ မသြားႏိုင္ေသးဘူးဆိုရင္

အေအးမိတယ္။ တုပ္ေကြးျဖစ္တယ္။ သက္ေတာ့ သက္သာလာပါရဲ႕ စားလိုက္ရင္ ခံတြင္းမေတြ႕ဘူး။ အနံ႔ကလည္း ရတစ္ခ်က္ မရတစ္ခ်က္ပဲ ႏွာေခါင္းထဲမွာလည္း မႊန္ထူထူနဲ႔ ေနရထိုင္ရခက္လိုက္တာ ဆိုတဲ့ သူေလးေတြရွိလား။ ဒါဆိုရင္ေတာ့ ဒီေဆာင္းပါးေလးက အနံ႔အရသာေပ်ာက္လို႔ စားရေသာက္ရ အဆင္မေျပျဖစ္ေနသူေလးေတြ ဖတ္ၿပီး လက္ေတြ႕ လုပ္ေဆာင္သင့္တဲ့ ေဆာင္းပါးေလးပါ။

အနံ႔ေပ်ာက္တာ ဘာေတြေၾကာင့္လဲ အနံ႔ေပ်ာက္တာက ေရာဂါအခံ တစ္ခုခုေၾကာင့္ ျဖစ္ႏိုင္သလို

အေအးမိတာ ဖ်ားတာ တုပ္ေကြး ႏွာေစးႏွာပိတ္ ထိပ္ကပ္နာ အသက္ရႉလမ္းေၾကာင္း ပိုးဝင္တာနဲ႔ ဓာတ္မတည့္မႈေတြေၾကာင့္ အနံ႔ေပ်ာက္ႏိုင္ပါတယ္။

အေအးမိတာေၾကာင့္ အနံ႔ေပ်ာက္သြားတဲ့အခါ

အေအးမိတာ၊ အသက္ရႉလမ္းေၾကာင္းကို ပိုးဝင္တာေၾကာင့္ အနံ႔ေပ်ာက္တာက ပိုးေတြကို တိုက္ထုတ္ၿပီးသြားတာဲ့ တျဖည္းျဖည္းခ်င္းျပန္ေကာင္းလာတတ္ပါတယ္။ ဒီေတာ့ ဖ်ားတာေၾကာင့္ အနံ႔၊ အရသာ ေပ်ာက္ေနၿပီဆိုရင္

ၾကက္ဆူဆီ

ၾကက္ဆူဆီ စစ္စစ္လက္ဖက္ရည္ဇြန္း တစ္ဇြန္းစာကို အပူေပးပါ။ ၿပီးရင္ အေအးခံၿပီး ႏွာေခါင္းတစ္ဖက္စီကို တစ္စက္စီ ခ်ေပးပါ။ တစ္ေန႔ကို ၂ ႀကိမ္ လုပ္ေပးပါ။

ၾကက္ဆူဆီမွာ ပါတဲ့ ricinoleic acid က ေရာင္ရမ္းမႈကို သက္သာေစႏိုင္ၿပီး အနံ႔၊ အရသာ ပုံမွန္အတိုင္း ျပန္ရေစဖို႔ ကူညီေပးပါလိမ့္မယ္။

ၾကက္သြန္ျဖဴ

ၾကက္သြန္ျဖဴ အမႊာ ၂ မႊာ ၃ မႊာေလာက္ကို ႏုတ္ႏုတ္စဥ္းပါ။ ၿပီးရင္ ေရေႏြး ဆူဆူ ၁ ခြက္စာထဲကို ထည့္ေပးပါ။ ခပ္ေႏြးေႏြးမွာ အေငြ႕ခံေပးရင္း ေသာက္ေပးပါ။ ၾကက္သြန္ျဖဴက ဘက္တီးရီးယားေတြကို ေသေစႏိုင္ၿပီး နာက်င္ေရာင္ရ

မ္းမႈကို သက္သာေစႏိုင္တာေၾကာင့္ ႏွာေခါင္းထဲက ေလႁပြန္ေလးေတြကို အေရာင္သက္သာေစၿပီး အနံ႔ရေစဖို႔ ေထာက္ကူေပးမွာပါ။

သံပုရာသီး

သံပုရာသီးက ဘက္တီးရီးယားေတြ၊ ဗိုင္းရပ္စ္ေတြကို တိုက္ဖ်က္ေပးႏိုင္ၿပီး အနံ႔၊ အရသာခံႏိုင္စြမ္းကိုလည္း တိုးေစပါတယ္။

ဒီေတာ့ သံပုရာသီး တစ္လုံးကို အရည္ညႇစ္ပါ။ ပ်ားရည္ လက္ဖက္ရည္ဇြန္းတစ္ဇြန္းစာနဲ႔ ေရာၿပိး ေရတစ္ဖန္ခြက္စာထဲ ထည့္ေဖ်ာ္ပါ။ ရလာတဲ့ ေဖ်ာ္ရည္ကို ေသာက္သုံးေပးတာက အနံ႔၊ အရသာျပန္ရေစဖို႔ ကူညီေပးပါလိမ့္မယ္။

ဂ်င္း (ခ်င္း)

ခ်င္းစိမ္းကို မထူမပါး တစ္ျပားစာေလာက္ကို ေရစင္ေအာင္ေဆးၿပီး ဝါးစားတာ။ ဒါမွမဟုတ္ ခ်င္း (ဂ်င္း) ကို မညက္တညက္ေထာင္းၿပီး ေရေႏြး ဆူဆူထဲ ထည့္စိမ္လို႔ ၁၅ မိနစ္ေလာက္ထားပါ။

ၿပီးရင္ ခပ္ေႏြးေႏြးမွာ အေငြ႕ေလးရႉရင္း ေသာက္ေပးပါ။ အနံ႔ခံအာ႐ုံကို လႈံ႕ေဆာ္ေပးသလို အရသာခံႏိုင္စြမ္းကိုလည္း တိုးေစမွာပါ။ တစ္ေန႔ကို ၂ ႀကိမ္ ေသာက္ေပးပါ။

ပူစီနံ

ေရစင္ေအာင္ ေဆးထားတဲ့ ပူစီနံ႐ြက္ ၁၀ ႐ြက္ ၁၅ ႐ြက္ေလာက္ကို ေရေႏြးဆူဆူထဲ ထည့္ျပဳတ္ပါ။ ရလာတဲ့ ျပဳတ္ရည္ကို အေအးခံၿပီး ပ်ားရည္ နည္းနည္းထည့္လို႔ ေသာက္ေပးပါ။

ပူစီနံက ပူရွိန္းရွိန္း အရသာရွိသလို ႏွာေခါင္းတြင္းက ေလႁပြန္ေရာင္တာကို သက္သာေစၿပီး ဘက္တီးရီးယားေတြကို တိုက္ထုတ္ေပးႏိုင္ပါတယ္။ တစ္ေန႔ကို ၂ ႀကိမ္ ေသာက္သုံးေပးပါ။ အနံ႔အရသာ ျပန္ရလာပါလိမ့္မယ္။

ေသာက္ေရ

အနံ႔၊ အရသာ ေပ်ာက္တာကို သက္သာေစမယ့္ နည္းလမ္းတစ္ခု ရွိပါတယ္။ ဒါကေတာ့ ေရမ်ားမ်ား ေသာက္တာပါ။ ေရေသာက္တာက အသက္ရႉ လမ္းေၾကာင္းက ဆဲလ္ေတြကို က်န္းမာေစၿပီး အနံ႔၊ အရသာခံႏိုင္စြမ္းကို တိုးေစႏိုင္

ပါတယ္။

Team ( ႐ိုးရာေလး )

Add a Comment

Your email address will not be published.