အခြေခံလူတန်းစားတစ်ရပ်အတွက် ဝမ်းနည်းစရာ သတင်းတစ်ပုဒ်

Sharing is caring!

ကိုဗစ်ကပ်ရောဂါဖြစ်ပွားနေတာကြောင့် အနည်းဆုံးလုပ်ခလစာ နူန်းထားသစ်ကို သတ်မှတ်ရမယ့်ကာ လထက်နောက်ကျနေပြီး နောက်နှစ် ၂၀၂၁ ခုနှစ်ရောက်မှသာ သတ်မှတ်နိုင်လိမ့်မယ်လို့ အနည်းဆုံးအခကြေးငွေ

သတ်မှတ်ရေးဆိုင်ရာ အမျိုးသားကော်မတီကနေ သိရပါတယ်။

အနည်းဆုံး လုပ်ခလစာနူန်းထားသစ်ကို ဥပဒေအရ နှစ်နှစ်လျှင် တကြိမ် ပြန်လည်ပြင်ဆင်သတ်မှတ်ရမှာဖြစ်ပေမယ့် သတ်မှတ်ရမယ့်ကာလဖြစ်တဲ့ ပြီးခဲ့တဲ့ မေလ ၁ ရက်နေ့မှာ သတ်မှတ်နိုင်ခဲ့ခြင်းမရှိသလို အခုထိလည်း

သတ်မှတ်နိုင်ခြင်းမရှိသေးတာကြောင့် သတ်မှတ်ရမယ့်ကာလထပ် (၅) လကျော်ကြာမြင့်ခဲ့ပြီလို့ သိရပါတယ်။

“ကိုဗစ်-၁၉ ကြောင့် စီးပွားရေးတွေလည်း အတော်လေးလှုပ်ခတ်သွားတယ်။ အဲ့တော့အနည်းဆုံးလုပ်လစာ သတ်မှတ်မယ့်ကာလာလည်း နောက်ကျမယ့်ရာခိုင်နူန်းကများနေပြီ။ ဘာကြောင့်လဲဆိုရင် အခုဆို သတ်မှတ်ရ

မယ့်ကာလကို အခုဆိုရင် ကျော်လာခဲ့ပြီ။ အစိုးရဘက်ကလည်းဘာမှမပြောဘူး၊ သေချာပါတယ်ဒီထက်ပိုပြီးနောက်ကျဖို့ပဲရှိတယ်။”လို့ အနည်းဆုံးအခကြေးငွေ သတ်မှတ်ရေးဆိုင်ရာ အမျိုးသားကော်မတီဝင်ကို သက်နှင်း

အောင်ကပြောပါတယ်။

အခုလို လုပ်ခလစာနူန်းထားသစ်မသတ်မှတ်နိုင်ခြင်းက အလုပ်သမားတွေအတွက် နစ်နာမှုရှိတာကြောင့် အစိုးရအနေနဲ့ ပွင့်လင်းမြင်သာစွာ အသိပေးထုတ်ပြန်ပေးဖို့ လိုအပ်နေတယ်လို့ ဆိုပါတယ် ။

” အရင်က တစ်ကြိမ်ချိုးဖောက်ပြီးပြီ။ ၂၀၁၇ မှာ နှစ်နှစ်ပြည့်တာ။ ဒါပေမယ့် ၂၀၁၈ ကျမှ ထုတ်ပြန်နိုင်တယ်။ နှစ်နှစ်တစ်ကြိမ်ဆောင်ရွက်ရမယ့်ကိစ္စက ရက်ကျော်သွားတဲ့အခါကျ အလုပ်သမားတိုင်း တစ်နေ့ကို ၁၂၀၀ နစ်နာ

ခဲ့တယ်။ တစ်နှစ်ကို သုံးသိန်းကျော်နစ်နာတယ်။လူမှုဖူလုံရေးမှာ တရားဝင်စာရင်းဝင်တာ တစ်သန်းလေးသိန်းရှိတာ။ ဒီအလုပ်သမားတွေပေါ်မူတည်ပြီးမြှောက်လိုက်မယ်ဆိုရင် သန်းပေါင်းမြောက်များစွာ မရလိုက်တာ နစ်နာ

တယ်။”လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများကွန်ယက်မှ အကြံပေးတရားလွှတ်တော်ရှေ့နေ ဦးဌေးက ပြောပါတယ်။

ယခုတကြိမ် သတ်မှတ်မယ့် လုပ်ခလစာနူန်းထားသစ်ကို တစ်ရက် ၉၈၀၀ ရရှိဖို့ အလုပ်သမားတွေက တောင်းဆိုထားကြပါတယ်။

“အခုရနေတဲ့ တနေ့ ၄၈၀၀ က ကျမတို့အတွက်အဆင်မပြေပါဘူး။ ဒါကြောင့်ခုတခါသတ်မှတ်မယ့် လုပ်ခလစာကို ၉၈၀၀ သတ်မှတ်ပေးဖို့တောင်းဆိုထားကြတာဖြစ်တယ်။ ရင်လောက်တောင်းမှ ခါးလောက်ရတာပါ။ “လို့ လိူင်

သာယာမြို့နယ်မှ စက်ရုံအလုပ်သမား တစ်ဦးကလည်း ပြောပါတယ်။

လက်ရှိမှာ အလုပ်သမားတစ်ဦးကို တစ်နာရီ (၆၀၀) နှုန်းနဲ့ (၈) နာရီအလုပ်ချိန်အတွက် (၄၈၀၀) ကျပ် သတ်မှတ်ပေးဆောင်နေတာကြောင့် ပျက်ရက်မရှိတဲ့အလုပ်သမားတစ်ဦးဟာ တစ်လကိုအနည်းဆုံး ၁၄,၄၀၀၀ ကျပ်ရရှိ

ပြိး ၊ အချိန်ပိုလုပ်ကိုင်ရသူ ၊ လုပ်ငန်းကျွမ်းကျင်သည့်အလုပ်သမားတွေကတော့ တစ်လလုပ်ခလစာ (၂) သိန်းအထက်ရရှိတယ်လို့ သိရပါတယ်။

Zawgyi

အေျခခံလူတန္းစားတစ္ရပ္အတြက္ ဝမ္းနည္းစရာ သတင္းတစ္ပုဒ္

ကိုဗစ္ကပ္ေရာဂါျဖစ္ပြားေနတာေၾကာင့္ အနည္းဆုံးလုပ္ခလစာ ႏူန္းထားသစ္ကို သတ္မွတ္ရမယ့္ကာ လထက္ေနာက္က်ေနၿပီး ေနာက္ႏွစ္ ၂၀၂၁ ခုႏွစ္ေရာက္မွသာ သတ္မွတ္ႏိုင္လိမ့္မယ္လို႔ အနည္းဆုံးအခေၾကးေငြ သတ္မွတ္ေ

ရးဆိုင္ရာ အမ်ိဳးသားေကာ္မတီကေန သိရပါတယ္။

အနည္းဆုံး လုပ္ခလစာႏူန္းထားသစ္ကို ဥပေဒအရ ႏွစ္ႏွစ္လွ်င္ တႀကိမ္ ျပန္လည္ျပင္ဆင္သတ္မွတ္ရမွာျဖစ္ေပမယ့္ သတ္မွတ္ရမယ့္ကာလျဖစ္တဲ့ ၿပီးခဲ့တဲ့ ေမလ ၁ ရက္ေန႔မွာ သတ္မွတ္ႏိုင္ခဲ့ျခင္းမရွိသလို အခုထိလည္း သတ္မွ

တ္ႏိုင္ျခင္းမရွိေသးတာေၾကာင့္ သတ္မွတ္ရမယ့္ကာလထပ္ (၅) လေက်ာ္ၾကာျမင့္ခဲ့ၿပီလို႔ သိရပါတယ္။

“ကိုဗစ္-၁၉ ေၾကာင့္ စီးပြားေရးေတြလည္း အေတာ္ေလးလႈပ္ခတ္သြားတယ္။ အဲ့ေတာ့အနည္းဆုံးလုပ္လစာ သတ္မွတ္မယ့္ကာလာလည္း ေနာက္က်မယ့္ရာခိုင္ႏူန္းကမ်ားေနၿပီ။ ဘာေၾကာင့္လဲဆိုရင္ အခုဆို သတ္မွတ္ရမယ့္

ကာလကို အခုဆိုရင္ ေက်ာ္လာခဲ့ၿပီ။ အစိုးရဘက္ကလည္းဘာမွမေျပာဘူး၊ ေသခ်ာပါတယ္ဒီထက္ပိုၿပီးေနာက္က်ဖို႔ပဲရွိတယ္။”လို႔ အနည္းဆုံးအခေၾကးေငြ သတ္မွတ္ေရးဆိုင္ရာ အမ်ိဳးသားေကာ္မတီဝင္ကို သက္ႏွင္းေအာင္ကေျ

ပာပါတယ္။

အခုလို လုပ္ခလစာႏူန္းထားသစ္မသတ္မွတ္ႏိုင္ျခင္းက အလုပ္သမားေတြအတြက္ နစ္နာမႈရွိတာေၾကာင့္ အစိုးရအေနနဲ႔ ပြင့္လင္းျမင္သာစြာ အသိေပးထုတ္ျပန္ေပးဖို႔ လိုအပ္ေနတယ္လို႔ ဆိုပါတယ္ ။

” အရင္က တစ္ႀကိမ္ခ်ိဳးေဖာက္ၿပီးၿပီ။ ၂၀၁၇ မွာ ႏွစ္ႏွစ္ျပည့္တာ။ ဒါေပမယ့္ ၂၀၁၈ က်မွ ထုတ္ျပန္ႏိုင္တယ္။ ႏွစ္ႏွစ္တစ္ႀကိမ္ေဆာင္႐ြက္ရမယ့္ကိစၥက ရက္ေက်ာ္သြားတဲ့အခါက် အလုပ္သမားတိုင္း တစ္ေန႔ကို ၁၂၀၀ နစ္နာခဲ့တယ္။

တစ္ႏွစ္ကို သုံးသိန္းေက်ာ္နစ္နာတယ္။လူမႈဖူလုံေရးမွာ တရားဝင္စာရင္းဝင္တာ တစ္သန္းေလးသိန္းရွိတာ။ ဒီအလုပ္သမားေတြေပၚမူတည္ၿပီးေျမႇာက္လိုက္မယ္ဆိုရင္ သန္းေပါင္းေျမာက္မ်ားစြာ မရလိုက္တာ နစ္နာတယ္။”လို႔ ျမန္

မာႏိုင္ငံလုံးဆိုင္ရာ အလုပ္သမားသမဂၢမ်ားကြန္ယက္မွ အႀကံေပးတရားလႊတ္ေတာ္ေရွ႕ေန ဦးေဌးက ေျပာပါတယ္။

ယခုတႀကိမ္ သတ္မွတ္မယ့္ လုပ္ခလစာႏူန္းထားသစ္ကို တစ္ရက္ ၉၈၀၀ ရရွိဖို႔ အလုပ္သမားေတြက ေတာင္းဆိုထားၾကပါတယ္။

“အခုရေနတဲ့ တေန႔ ၄၈၀၀ က က်မတို႔အတြက္အဆင္မေျပပါဘူး။ ဒါေၾကာင့္ခုတခါသတ္မွတ္မယ့္ လုပ္ခလစာကို ၉၈၀၀ သတ္မွတ္ေပးဖို႔ေတာင္းဆိုထားၾကတာျဖစ္တယ္။ ရင္ေလာက္ေတာင္းမွ ခါးေလာက္ရတာပါ။ “လို႔ လိူင္သာ

ယာၿမိဳ႕နယ္မွ စက္႐ုံအလုပ္သမား တစ္ဦးကလည္း ေျပာပါတယ္။

လက္ရွိမွာ အလုပ္သမားတစ္ဦးကို တစ္နာရီ (၆၀၀) ႏႈန္းနဲ႔ (၈) နာရီအလုပ္ခ်ိန္အတြက္ (၄၈၀၀) က်ပ္ သတ္မွတ္ေပးေဆာင္ေနတာေၾကာင့္ ပ်က္ရက္မရွိတဲ့အလုပ္သမားတစ္ဦးဟာ တစ္လကိုအနည္းဆုံး ၁၄,၄၀၀၀ က်ပ္ရရွိၿပိး ၊ အ

ခ်ိန္ပိုလုပ္ကိုင္ရသူ ၊ လုပ္ငန္းကြၽမ္းက်င္သည့္အလုပ္သမားေတြကေတာ့ တစ္လလုပ္ခလစာ (၂) သိန္းအထက္ရရွိတယ္လို႔ သိရပါတယ္။

Add a Comment

Your email address will not be published. Required fields are marked *