ချေးငွေတွေအတင်းအကြပ်တောင်းရင် တိုင်လို့ရပြီး မှန်ကန်ရင် အရေးယူမည်
|ရန်ကုန်၊ အောက်တိုဘာလ ၁၄
COVID-19 ရောဂါဖြစ်ပွားစဉ်ကာလအတွင်း စီးပွားရေးကြပ်တည်းမှုများဖြစ်ပေါ်နေသည့်အတွက် အသေးစားငွေရေးကြေးရေးအဖွဲ့အစည်းများအနေဖြင့် အသင်းဝင်များကို အတင်းအကြပ် ချေးငွေကောက်ခံခြင်းများမပြုလုပ်ကြ
ဖို့ အသေးစားငွေရေးကြေးရေးလုပ်ငန်းကြီးကြပ်မှုကော်မတီမှ ထပ်မံသတိပေးထုတ်ပြန်လိုက်ပါတယ်။
ကိုဗစ်ကာလတွင် ချေးငွေများကို အတင်းအကြပ်မကောက်ခံရန် ယခင်ကတည်းကထုတ်ပြန်ထားသော်လည်း အသေးစားငွေရေးကြေးရေးအဖွဲ့အစည်းများအနေဖြင့် လိုက်နာခြင်းမရှိကြသည့်အတွက် အောက်တိုဘာ ၁၃ ရက်
နေ့စွဲပါအသိပေးအကြောင်းကြားစာကို ထပ်မံထုတ်ပြန်လိုက်ပါတယ်။
စီးပွားရေးလုပ်ငန်းလည်ပတ်မှုများကျဆင်းနေသည့်ကာလအတွင်း အသင်းဝင်များမှ ပြန်လည်ပေးဆပ်ရမည့် ချေးငွေ အတိုးနှင့်အရင်းများကို အတင်းအကြပ်ကောက်ခံခြင်းမပြုလုပ်ရန်နှင့် အသင်းဝင်များမှ ပေးဆပ်နိုင်မည့်
အချိန်ကို ညှိနှိုင်းကောက်ခံရန် ထုတ်ပြန်ထားပြီး ထိုသို့ လိုက်နာဆောင်ရွက်ခြင်းမရှိကြောင်း စိစစ်တွေ့ရှိပါက အသေးစားငွေရေးကြေးရေးလုပ်ငန်းဥပဒေပါ စီမံခန့်ခွဲရေးနည်းလမ်းများနှင့်အညီ အရေးယူဆောင်ရွက်သွားမည်
ဖြစ်ကြောင်း ထုတ်ပြန်ချက်မှာပါရှိပါတယ်။
“အသေးစားချေးငွေအဖွဲ့အစည်းတွေက COVIDကာလမှာ ချေးယူထားသူတွေထံက ငွေကို အတင်းကောက်ခံနေလို့ ခဏတိုင်းဖုန်းဆက်ပြီး ညှိနှိုင်းပေးဖို့ အကူအညီတောင်းကြပါတယ်၊ ပထမတစ်ခါ ကတည်းက
အတင်းအကျပ်မတောင်းဖို့ ညှိနှိုင်းတောင်းခံဖို့ ညွန်ကြားချက်ထုတ်ထားပြီးသားမို့ မပေးနိုင်ရင်ညှိနှိုင်းပါ အတင်းတောင်ရင် အုပ်ချုပ်ရေးမှူးရုံးမှာ သွားညှိနှိုင်းပါလို့ ပြောခဲ့ရပါတယ် ခုတော့ ပြေလည်မှုသိပ်ရပုံမပေါ်တော့ Covid-
19 ကာလအတွင်း အသင်းဝင်များထံက ချေးငွေနှင့်အတိုးကို အတင်းအကြပ်ကောက်ခံခြင်းမပြုလုပ်ရန်။ ပြုလုပ်သည့် ငွေရေးကြေးရေး အဖွဲ့အစည်း(MFIs)များအား စီမံခန့်ခွဲရေးနည်းလမ်းအရ အရေးယူမယ်လို့ အသေးစား
ငွေရေးကြေးရေးကြီးကြပ်မှုကော်မတီက ညွန်ကြားချက်ထုတ်ပြန်ထားလိုက်ပါပြီ၊ ရပ်ကျေး အုပ်ချုပ်ရေးမူးများ အနေဖြင့် ဒီကိစ္စများကို နှစ်ဖက်အဆင်ပြေ အောင်ညွန်ကြားချက် နှင့်အညီ ညှိနှိုင်းဆောင်ရွက်ပေးကြစေချင်ပါ
တယ်”လို့ သန်လျင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလွင်ကိုလတ်က ပြောကြားပါတယ်။
YMC
Zawgyi
ေခ်းေငြေတြအတင္းအၾကပ္ေတာင္းရင္ တိုင္လို႔ရၿပီး မွန္ကန္ရင္ အေရးယူမည္
ရန္ကုန္၊ ေအာက္တိုဘာလ ၁၄
COVID-19 ေရာဂါျဖစ္ပြားစဥ္ကာလအတြင္း စီးပြားေရးၾကပ္တည္းမႈမ်ားျဖစ္ေပၚေနသည့္အတြက္ အေသးစားေငြေရးေၾကးေရးအဖြဲ႕အစည္းမ်ားအေနျဖင့္ အသင္းဝင္မ်ားကို အတင္းအၾကပ္ ေခ်းေငြေကာက္ခံျခင္းမ်ားမျပဳလုပ္ၾကဖို႔
အေသးစားေငြေရးေၾကးေရးလုပ္ငန္းႀကီးၾကပ္မႈေကာ္မတီမွ ထပ္မံသတိေပးထုတ္ျပန္လိုက္ပါတယ္။
ကိုဗစ္ကာလတြင္ ေခ်းေငြမ်ားကို အတင္းအၾကပ္မေကာက္ခံရန္ ယခင္ကတည္းကထုတ္ျပန္ထားေသာ္လည္း အေသးစားေငြေရးေၾကးေရးအဖြဲ႕အစည္းမ်ားအေနျဖင့္ လိုက္နာျခင္းမရွိၾကသည့္အတြက္ ေအာက္တိုဘာ ၁၃ ရက္
ေန႔စြဲပါအသိေပးအေၾကာင္းၾကားစာကို ထပ္မံထုတ္ျပန္လိုက္ပါတယ္။
စီးပြားေရးလုပ္ငန္းလည္ပတ္မႈမ်ားက်ဆင္းေနသည့္ကာလအတြင္း အသင္းဝင္မ်ားမွ ျပန္လည္ေပးဆပ္ရမည့္ ေခ်းေငြ အတိုးႏွင့္အရင္းမ်ားကို အတင္းအၾကပ္ေကာက္ခံျခင္းမျပဳလုပ္ရန္ႏွင့္ အသင္းဝင္မ်ားမွ ေပးဆပ္ႏိုင္မည့္ အခ်ိန္
ကို ညႇိႏႈိင္းေကာက္ခံရန္ ထုတ္ျပန္ထားၿပီး ထိုသို႔ လိုက္နာေဆာင္႐ြက္ျခင္းမရွိေၾကာင္း စိစစ္ေတြ႕ရွိပါက အေသးစားေငြေရးေၾကးေရးလုပ္ငန္းဥပေဒပါ စီမံခန႔္ခြဲေရးနည္းလမ္းမ်ားႏွင့္အညီ အေရးယူေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း
ထုတ္ျပန္ခ်က္မွာပါရွိပါတယ္။
“အေသးစားေခ်းေငြအဖြဲ႕အစည္းေတြက COVIDကာလမွာ ေခ်းယူထားသူေတြထံက ေငြကို အတင္းေကာက္ခံေနလို႔ ခဏတိုင္းဖုန္းဆက္ၿပီး ညႇိႏႈိင္းေပးဖို႔ အကူအညီေတာင္းၾကပါတယ္၊ ပထမတစ္ခါ ကတည္းက အတင္းအက်ပ္
မေတာင္းဖို႔ ညႇိႏႈိင္းေတာင္းခံဖို႔ ၫြန္ၾကားခ်က္ထုတ္ထားၿပီးသားမို႔ မေပးႏိုင္ရင္ညႇိႏႈိင္းပါ အတင္းေတာင္ရင္ အုပ္ခ်ဳပ္ေရးမႉး႐ုံးမွာ သြားညႇိႏႈိင္းပါလို႔ ေျပာခဲ့ရပါတယ္ ခုေတာ့ ေျပလည္မႈသိပ္ရပုံမေပၚေတာ့ Covid-19 ကာလအတြင္း အ
သင္းဝင္မ်ားထံက ေခ်းေငြႏွင့္အတိုးကို အတင္းအၾကပ္ေကာက္ခံျခင္းမျပဳလုပ္ရန္။ ျပဳလုပ္သည့္ ေငြေရးေၾကးေရး အဖြဲ႕အစည္း(MFIs)မ်ားအား စီမံခန႔္ခြဲေရးနည္းလမ္းအရ အေရးယူမယ္လို႔ အေသးစားေငြေရးေၾကးေရးႀကီးၾကပ္
မႈေကာ္မတီက ၫြန္ၾကားခ်က္ထုတ္ျပန္ထားလိုက္ပါၿပီ၊ ရပ္ေက်း အုပ္ခ်ဳပ္ေရးမူးမ်ား အေနျဖင့္ ဒီကိစၥမ်ားကို ႏွစ္ဖက္အဆင္ေျပ ေအာင္ၫြန္ၾကားခ်က္ ႏွင့္အညီ ညႇိႏႈိင္းေဆာင္႐ြက္ေပးၾကေစခ်င္ပါတယ္”လို႔ သန္လ်င္ၿမိဳ႕နယ္ ျပည္
သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ဦးလြင္ကိုလတ္က ေျပာၾကားပါတယ္။YMC