ငွေလာချေးလို့ မချေးလို့လဲမကောင်း မချေးလဲမချေးချင် ဖြစ်နေရင် ဒီစာလေးဖတ်ကြည့်လိုက်ပါ

Sharing is caring!

ချွေတာစုဆောင်းရင်း ငွေလေးစုမိပြီး ချောင်လည်လာတဲ့အခါ ကြုံတွေ့ရတဲ့ ပြဿနာတစ်ခုက ကိုယ့်ဆီ ငွေလာချေးကြတဲ့ ကိစ္စပါ။ အားနာပြီး ငွေချေးလိုက်မိတယ်။ ပြီးရင် ပေးထားတဲ့ ကတိအတိုင်း လာမဆပ်ကြတော့ တောင်းရမှာ

ထပ်ပြီး အားနာနေမိပြန်ရော။ အားမနာ ပါးမနာ ပြန်တောင်းတဲ့အခါမှာလည်း အချင်းချင်း အမုန်းပွားစရာတွေ ဖြစ်လာတတ်ပါတယ်။ “ကြွေးယူပြုံးပြုံး တောင်းတော့မုန်း” ဆိုသလိုပေါ့။

ငွေလာချေးတဲ့ကြသူတွေထဲမှာ ကတိတည်ပြီး သေချာပြန်ဆပ်တဲ့သူတွေလည်း အများကြီးရှိပါတယ်။ ဒါပေမဲ့ ကိုယ်က အတိုးမယူပဲ စေတနာနဲ့ ချေးတာ ဆိုပါစို့။ မိတ်ဆွေ ၅ ယောက်ကို တစ်ယောက်ကို ငွေ တစ်သိန်းစီ ချေး

ပေးလိုက်တယ်။ ၄ ယောက်က ကတိတည်တယ်။ ပြန်ဆပ်တယ်။ ၁ ယောက်က ကတိမတည်လို့ ငွေဆုံးတယ်။ ဒါဆိုရင် ငွေ တစ်သိန်း ဆုံးပြီ။ စိတ်ဆိုးလို့ မခေါ်မပြောပြန်ရင်လည်း မိတ်ဆွေတစ်ယောက် ဆုံးပြီ။

ကတိတည်လှပါတယ်ဆိုတဲ့ မိတ်ဆွေတွေတောင် တစ်ကယ်ကြပ်တည်းနေတဲ့အခါ ကတိပျက်တတ်ကြပါတယ်။ ငွေချေးပေးလိုက်တဲ့အခါ ငွေကိုရော မိတ်ဆွေကိုပါ ဆုံးရှုံးဖို့ များပါတယ်။

ဒီတော့ ငွေလာချေးကြတဲ့အခါ ငြင်းပုံငြင်းနည်းလေးတွေ ပြောပြပါရစေ။

(၁) ငွေချေးပေးလိုက်မိတာ ပြန်မရပဲ ဆုံးတာတွေများလို့ ငွေချေးပေးတာကို လုံးဝ ထပ်မလုပ်တော့တဲ့အကြောင်း ပြောပါ။ ခုနောက်ပိုင်း ဘယ်သူလာချေးချေး ငြင်းလွှတ်တယ်လို့ ပြောပါ။ ငွေ ဆုံးတာများလွန်းလို့ မိဘ၊ ဇနီး (သို့)

ခင်ပွန်းက ငွေထပ်မချေးဖို့ တားမြစ်ထားတယ် လို့ ပြောလည်းရပါတယ်။

(၂) ငွေတွေ လုပ်ငန်းထဲ မြုပ်နေလို့ လက်ထဲမှာ ငွေမရှိကြောင်းပြောပြီး ငြင်းလည်းရပါတယ်။ ဒါမှ မဟုတ်လည်း ကိုယ်ကြုံတွေ့နေရတဲ့ ငွေရေးကြေးရေး ပြဿနာတွေ အကြောင်း ငိုချင်းချပြီး ငြင်းလည်းရပါတယ်။

(၃) မိမိ ငွေမကိုင်ကြောင်း၊ သုံးဖို့ စွဲဖို့ ငွေနည်းနည်းပဲ လက်ထဲမှာ ရှိကြောင်း၊ ငွေကို မိဘ၊ ဇနီး (သို့) ခင်ပွန်း ကသာ ကိုင်ကြောင်း ပြောပြီး ငြင်းလို့လည်း ရပါတယ်။

(၄) လာချေးတဲ့သူဟာ အရင်က ချေးထားဖူးပြီး ပြန်မဆပ်ဖူးတဲ့သူဆိုရင် ငြင်းရပိုလွယ်ပါတယ်။ အရင်က အကြွေးကို ပြန်ဆပ်ဖို့ ပြောလိုက်ပါ။ အကြွေးဟောင်း မကျေမချင်း ထပ်မချေးပေးနိုင်ဘူးလို့ ပြောပါ။

(၅) အလိမ်ဖော်ပြီး ငြင်းပါ။ လိမ်လည်ပြီး လာချေးတတ်တဲ့သူတွေရှိပါတယ်။ ဥပမာ အမေဆေးရုံတက်ရလို့ ဆိုပြီး လိမ်တာမျိုးပါ။ ဒါမျိုးဆိုရင် နောက်ကြောင်းကို စုံစမ်းဖို့လိုပါတယ်။ သူပြောနေတာတွေဟာ အမှန်တွေ ဟုတ်

မဟုတ် တစ်နည်းနည်းနဲ့ စုံစမ်းပါ။ ဖုန်းနံပါတ်ရှိရင် ဖုန်းဆက်ကြည့်လိုက်ပါ။ ဆေးရုံကို လိုက်သွားပါ။ လိမ်နေတာဆိုရင် ငြင်းလို့ရပါပြီ။ ဒီတော့ ငွေမချေးခင် ဘာလို့ငွေချေးချင်တာလဲ မေးပါ။ လိမ်နေတာ ဟုတ်မဟုတ် စုံစမ်းပါ။

ဒါပေမဲ့ ငြင်းလို့ မကောင်းတဲ့ အခြေအနေတွေလည်း ရှိပါတယ်။ ဥပမာ ကိုယ့်အပေါ် ကျေးဇူးရှိထားဖူးသူတွေ၊ အမှန်တကယ် ဒုက္ခရောက်နေသူတွေပေါ့။ ဒီလို လူမျိုးတွေအတွက်တော့ နည်း နှစ်နည်းရှိပါတယ်။

(က) ငွေချေးပေးလိုက်မိတာ ပြန်မရပဲ ဆုံးတာတွေများလို့ ခုနောက်ပိုင်း ငွေမချေးတော့ပဲ တတ်နိုင်သလောက် ကူညီဖြစ်ကြောင်း ပြောပါ။ သူတောင်းသလောက် ချေးစရာမလိုပဲ ကိုယ်တတ်နိုင်တဲ့ ငွေပမာဏတစ်ခုကို လှူဒါန်း

ကူညီ ကုသိုလ်ယူလိုက်ပါ။

(ခ) ကိုယ်အဆုံးရှုံးခံနိုင်တဲ့ ပမာဏတစ်ခုကို ချေးပေးလိုက်ပါ။ (ပြန်မရလည်း စိတ်မညစ်ရတဲ့ ငွေပမာဏ တစ်ခုပေါ့။) ငွေတွေ လုပ်ငန်းထဲ မြုပ်နေလို့ လက်ထဲမှာ ဒီလောက်ပဲရှိကြောင်း ပြောပြီး (ဒါမှ မဟုတ် အပေါ်မှာ ပြောထား

တဲ့ ငြင်းပုံငြင်းနည်း (၅) ချက်ထဲက တစ်ချက်ချက်ကို အသုံးချ အကြောင်းပြပြီး) ငွေနည်းနည်း ထုတ်ချေးလိုက်ပါ။

ချေးတဲ့ငွေ နည်းလို့ မယူဘူးဆိုရင်လည်း သူ့သဘောပါပဲ။ ဒီလူဟာ ဒီငွေကို ပြန်မဆပ်နိုင်မချင်း ကိုယ့်ဆီက နောက်ထပ် ထပ်မချေးရဲတော့ဖို့ များပါတယ်။ အရင်ကချေးထားတာကို ပြန်မဆပ်ပဲ မျက်နှာပြောင်တိုက်ပြီး လာထပ်

ချေးရင်တော့ အရင်က အကြွေးဟောင်းအကြောင်း အစဖော်ပြီး ငြင်းလို့ရပါပြီ။

မိတ်ဆွေအပေါင်းအသင်းတွေက အတိုးနဲ့ ငွေချေးချင်တဲ့အခါမှာတော့ ငြင်းရခက်ပါပြီ။ အတိုးလေးကလည်း လိုချင်တာကိုး။ လောဘတွေပါလာပြီ။ မဆင်မခြင် ငွေချေးမိရင် ဆုံးဖို့ များပါတယ်။ မဆုံးသင့်တာ မဆုံးရအောင်

အတိုးနဲ့ ငွေမချေးပေးခင် သိထားသင့်တဲ့ အကြောင်းအရာလေးတွေကို ရေးပေးပါဦးမယ်ခင်ဗျာ။ အားလုံး ကိုယ်စိတ် နှစ်ဖြာ ကျန်းမာ ချမ်းသာကြပါစေ ခင်ဗျာ။

လေးစားစွာဖြင့် ပိုးစုန်းကြူး

Zawgyi

ေငြလာေခ်း​လို႔ မေခ်းလို႔လဲမေကာင္း မေခ်းလဲမေခ်းခ်င္ ျဖစ္ေနရင္ ဒီစာေလးဖတ္ၾကည့္လိုက္ပါ

​​ေခြၽတာစု​​ေဆာင္းရင္း ​ေငြေလးစုမိၿပီး ​​ေခ်ာင္လည္လာ​တဲ့​အခါ ႀကဳံ​​ေတြ႕ရ​တဲ့ ျပႆနာတစ္ခုက ​ကိုယ့္ဆီ ေငြလာေခ်းၾက​တဲ့ ကိစၥပါ။ ​အားနာၿပီး ​ေငြေခ်းလိုက္မိတယ္။ ၿပီးရင္ ​​ေပးထား​တဲ့ ကတိ​အတိုင္း လာမဆပ္ၾက​​ေတာ့ ေတာင္းရ

မွာ ထပ္ၿပီး ​အားနာ​ေနမိ​ျပန္​ေရာ။ ​အားမနာ ပါးမနာ ​ျပန္​​ေတာင္း​တဲ့​အခါမွာလည္း ​အခ်င္းခ်င္း ​အမုန္းပြားစရာ​ေတြ ျဖစ္လာတတ္ပါတယ္။ “ေႂကြးယူၿပဳံးၿပဳံး ​​ေတာင္း​​ေတာ့မုန္း” ဆိုသလို​​ေပါ့။

​ေငြလာေခ်း​တဲ့ၾကသူ​ေတြထဲမွာ ကတိတည္ၿပီး ​ေသခ်ာ​ျပန္ဆပ္​တဲ့သူ​ေတြလည္း​ ​အမ်ားႀကီးရွိပါတယ္။ ဒါ​ေပ​မဲ့ ကိုယ္က ​အတိုးမယူပဲ ​ေစတနာ​နဲ႔ ေခ်းတာ ဆိုပါစို႔။ မိတ္​ေဆြ ၅ ေယာက္ကို တစ္ေယာက္ကို ​ေငြ တစ္သိန္းစီ ေခ်းေပးလို

က္တယ္။ ၄ ေယာက္က ကတိတည္တယ္။ ​ျပန္ဆပ္တယ္။ ၁ ေယာက္က ကတိမတည္လို႔ ​ေငြဆုံးတယ္။ ဒါဆိုရင္ ​​ေငြ တစ္သိန္း ဆုံးၿပီ။ စိတ္ဆိုးလို႔ မ​​ေခၚမ​ေျပာ​ျပန္ရင္လည္း မိတ္​ေဆြတစ္ေယာက္ ဆုံးၿပီ။

ကတိတည္လွပါတယ္ဆို​တဲ့ မိတ္​ေဆြ​ေတြ​​ေတာင္ တစ္ကယ္ၾကပ္တည္း​ေန​တဲ့​အခါ ကတိပ်က္တတ္ၾကပါတယ္။ ​ေငြေခ်းေပးလိုက္​တဲ့​အခါ ေငြ​ကိုေရာ မိတ္​ေဆြကိုပါ ဆုံးရႈံးဖို႔ မ်ားပါတယ္။ ​

​ဒီ​​ေတာ့ ေငြလာေခ်း​ၾကတဲ့​အခါ ျငင္းပုံျငင္းနည္းေလး​ေတြ ​ေျပာျပပါရ​ေစ။

(၁) ​​ေငြေခ်းေပးလိုက္မိတာ ​ျပန္မရပဲ ဆုံးတာ​ေတြမ်ားလို႔ ​ေငြေခ်းေပးတာကို လုံးဝ ထပ္မလုပ္​​ေတာ့​တဲ့​အ​​ေၾကာင္း ​ေျပာပါ။ ခုေနာက္ပိုင္း ဘယ္သူ​လာေခ်းေခ်း ျငင္းလႊတ္တယ္လို႔ ​ေျပာပါ။ ​ေငြ ဆုံးတာမ်ားလြန္းလို႔ မိဘ၊ ဇနီး (သို႔) ခင္

ပြန္းက ​ေငြထပ္မေခ်းဖို႔ တားျမစ္ထားတယ္ လို႔​ ေျပာလည္းရပါတယ္။

(၂) ​ေငြ​ေတြ လုပ္ငန္းထဲ ျမဳပ္​ေနလို႔ လက္ထဲမွာ ေငြမရွိ​​ေၾကာင္း​ေျပာၿပီး ျငင္းလည္းရပါတယ္။ ဒါမွ မဟုတ္လည္း ကိုယ္ႀကဳံ​​ေတြ႕​ေနရ​တဲ့ ​ေငြေရး​ေၾကးေရး ျပႆနာ​ေတြ ​အ​​ေၾကာင္း ငိုခ်င္းခ်ၿပီး ျငင္းလည္းရပါတယ္။

(၃) ​​မိမိ ​ေငြမကိုင္​​ေၾကာင္း၊ သုံးဖို႔ စြဲဖို႔ ​ေငြနည္းနည္းပဲ လက္ထဲမွာ ရွိ​​ေၾကာင္း၊ ​ေငြကို မိဘ၊ ဇနီး (သို႔) ခင္ပြန္း ကသာ ကိုင္​​ေၾကာင္း ​ေျပာၿပီး ျငင္းလို႔လည္း ရပါတယ္။

(၄) လာေခ်း​တဲ့သူဟာ ​အရင္က ေခ်းထားဖူးၿပီး ​ျပန္မဆပ္ဖူး​တဲ့သူဆိုရင္ ျငင္းရပိုလြယ္ပါတယ္။ ​အရင္က ​အေႂကြးကို ​ျပန္ဆပ္ဖို႔ ေျပာလိုက္ပါ။ ​အေႂကြး​​ေဟာင္း မ​ေက်မခ်င္း ထပ္မေခ်းေပးႏိုင္ဘူးလို႔ ​ေျပာပါ။

(၅) ​အလိမ္​​ေဖာ္ၿပီး ျငင္းပါ။ လိမ္လည္ၿပီး လာေခ်းတတ္​တဲ့သူ​ေတြရွိပါတယ္။ ဥပမာ ​အ​ေမေဆး႐ုံတက္ရလို႔ ဆိုၿပီး လိမ္တာမ်ိဳးပါ။ ဒါမ်ိဳးဆိုရင္ ေနာက္​​ေၾကာင္းကို စုံစမ္းဖို႔လိုပါတယ္။ သူ​ေျပာ​ေနတာ​ေတြဟာ ​အ​မွန္​ေတြ ဟုတ္မဟုတ္

တစ္နည္းနည္း​နဲ႔ စုံစမ္းပါ။ ဖုန္း​နံပါတ္ရွိရင္ ဖုန္းဆက္ၾကည့္လိုက္ပါ။ ေဆး႐ုံကို လိုက္သြားပါ။ လိမ္​ေနတာဆိုရင္ ျငင္းလို႔ရပါၿပီ။ ဒီ​​ေတာ့ ​ေငြမေခ်းခင္ ဘာလို႔​ေငြေခ်းခ်င္တာ​လဲ ေမးပါ။ လိမ္​ေနတာ ဟုတ္မဟုတ္ စုံစမ္းပါ။

ဒါ​ေပ​မဲ့ ျငင္းလို႔​ မ​​ေကာင္း​တဲ့ ​အ​ေျခ​အ​ေန​ေတြလည္း ရွိပါတယ္။ ဥပမာ ကိုယ့္​အ​​ေပၚ ေက်းဇူးရွိထားဖူးသူ​ေတြ၊ ​အ​မွန္တကယ္ ဒုကၡေရာက္​ေနသူ​ေတြ​​ေပါ့။ ဒီလို လူမ်ိဳး​ေတြ​အတြက္​​ေတာ့ နည္း ႏွစ္နည္းရွိပါတယ္။

(က) ေငြေခ်းေပးလိုက္မိတာ ​ျပန္မရပဲ ဆုံးတာ​ေတြမ်ားလို႔ ​ခုေနာက္ပိုင္း ​ေငြမေခ်း​​ေတာ့ပဲ တတ္ႏိုင္သေလာက္ ကူညီျဖစ္​​ေၾကာင္း ​ေျပာပါ။ သူ​​ေတာင္းသေလာက္ ေခ်းစရာမလိုပဲ ကိုယ္တတ္ႏိုင္​တဲ့ ​ေငြပမာဏတစ္ခုကို လႉဒါန္းကူညီ

ကုသိုလ္ယူလိုက္ပါ။ ​

(ခ) ကိုယ္အဆုံးရႈံး​ခံႏိုင္​တဲ့ ပမာဏတစ္ခုကို ေခ်းေပးလိုက္ပါ။ (​ျပန္မရလည္း စိတ္မညစ္ရ​တဲ့ ​ေငြပမာဏ တစ္ခု​​ေပါ့။) ေငြ​ေတြ လုပ္ငန္းထဲ ျမဳပ္​ေနလို႔ လက္ထဲမွာ ဒီေလာက္ပဲရွိ​​ေၾကာင္း ​ေျပာၿပီး (ဒါမွ မဟုတ္ ​အ​​ေပၚမွာ ​ေျပာထား​တဲ့ ျ

ငင္းပုံျငင္းနည္း (၅) ခ်က္ထဲက တစ္ခ်က္ခ်က္ကို ​အသုံးခ် ​အ​​ေၾကာင္းျပၿပီး) ​ေငြနည္းနည္း ထုတ္ေခ်းလိုက္ပါ။

ေခ်း​တဲ့​ေငြ နည္းလို႔ မယူဘူးဆိုရင္လည္း သူ႔သ​ေဘာပါပဲ။ ဒီလူဟာ ဒီ​ေငြကို ​ျပန္မဆပ္ႏိုင္မခ်င္း ကိုယ့္ဆီက ေနာက္ထပ္ ထပ္မေခ်း​ရဲ​​ေတာ့ဖို႔ မ်ားပါတယ္။ ​အရင္ကေခ်းထားတာကို ​ျပန္မဆပ္ပဲ မ်က္ႏွာ​​ေျပာင္တိုက္ၿပီး လာထပ္ေခ်းရ

င္​​ေတာ့ ​အရင္က ​အေႂကြး​​ေဟာင္း​အ​​ေၾကာင္း ​အစ​​ေဖာ္ၿပီး ျငင္းလို႔ရပါၿပီ။

မိတ္​ေဆြ​အ​​ေပါင္း​အသင္း​ေတြက ​အတိုး​နဲ႔ ​ေငြေခ်းခ်င္​တဲ့​အခါမွာ​​ေတာ့ ျငင္းရခက္ပါၿပီ။ ​အတိုးေလးကလည္း လိုခ်င္တာကိုး။ ​ေလာဘ​ေတြပါလာၿပီ။ ​မဆင္မျခင္ ေငြေခ်းမိရင္ ဆုံးဖို႔ မ်ားပါတယ္။ မဆုံးသင့္တာ မဆုံးရေအာင္ ​အတိုး​နဲ႔ ​

ေငြမေခ်းေပးခင္ သိထားသင့္​တဲ့​ အ​​ေၾကာင္း​အရာေလး​ေတြကို ေရးေပးပါဦးမယ္ခင္ဗ်ာ။ အားလုံး ကိုယ္စိတ္ ႏွစ္ျဖာ က်န္းမာ ခ်မ္းသာၾကပါ​ေစ ခင္ဗ်ာ။

ပိုးစုန္းၾကဴး

 

Add a Comment

Your email address will not be published. Required fields are marked *