အိမ်ထောင်ရှိဖူးသူကို လက်ထပ်လို့ အပြင်းအထန် ဝေဖန်ခံနေရတဲ့ ခင်လေးနွယ်

Sharing is caring!

ခင်လေးနွယ်ကတော့ လက်ရှိမှာ အနုပညာလှုပ်ရှားမှု နားထားပြီး သူငယ်ချင်းတွေနဲ့ပေါင်းပြီး ဖက်ရှင်ဆိုင်တစ်ဆိုင် ဖွင့်ထားတယ်လို့ သိရပါတယ်။ ဖက်ရှင်ဆိုင်နာမည်ကတော့ KAY Fashion & Fabric House ဖြစ်ပါတယ်။ ခင်လေးနွယ်က အခုအချိန်ထိ ပရိသ တ် အားပေးမှု ရရှိထားသူတစ်ဦးလည်း ဖြစ်ပါတယ်။ခင်လေးနွယ်ဟာလက်ရှိမှာတော့ ခင်ပွန်းဖြစ်သူနဲ့အတူ အေးဆေးစွာ ဘဝကိုဖြတ်သန်းနေတာပါ သူမရဲ့ခင်ပွန်းဟာ အိမ်ထောင်ရှိဖူးသူတစ်ယောက်ဖြစ်တဲ့အတွက် ဝေဖန်မှုတွေထွက်ပေါ်လာခဲ့တာဖြစ်ပြီး ဒီလိုဝေဖန်မှု

တွေကို ခင်လေးနွယိက အခုလို တုံ့ပြန်လာခဲ့တာပဲဖြစ်ပါတယ်“အဲ့ဒါကတော့ အမနဲ့သူနဲ့ ပြန်တွေ့တဲ့အချိန်မှာ သူက အဲ့ဒီကိစ္စတွေမရှိတော့ဘူး မရှိတော့ဘူးဆိုတော့အမလည်း ဘယ်လိုပြောမလဲ သူကလည်း သူ့ပတ်ဝန်းကျင်အသိုင်းအဝိုင်းရှိတယ်ကွာ မိုးကုတ်မှလည်း ဒီလိုပဲ လူကြီးတွေဆို ရပ်ကွက်သာမတူရင်မတူမယ် မြို့သူမြို့သားအကုန်လုံးက မောင်နှမတွေလိုနေကြတဲ့သူများတာကိုး ဒါကြီးကဖုံးကွယ်လို့ရတဲ့ကိစ္စလည်းမဟုတ်ဘူးသူ့ရဲ့ ကိစ္စကို ဖျောက်ဖျက်လို့ရတာလည်းမဟုတ်ဘူး အမကတော့ အဲ့ဒါကိုနားလည်တယ် နားလည်

တယ်ဆိုတာထက် လက်ခံနိုင်တယ် လက်ခံနိုင်လို့ အမလက်ခံထားတာလေ သူ့ဟာသူအေးအေးဆေးဆေးနေနေတာပဲ သူလည်း ဒါမျိုးဘယ်ဖြစ်ချင်ပါ့မလဲနော် ဘယ်သူမှလည်းဒီလိုမဖြစ်ချင်ဘူး ဘဝမှာအကောင်းဆုံးပဲဖြစ်ချင်မှာပဲ အမလည်းဖြေဖူးတာပဲ ဘဝမှာကိုယ့်အိမ်ထောင်ဘက်ကို ဘယ်လိုလိုချင်လဲဆို အကောင်းဆုံးပဲလိုချင်တာ ပိုက်ဆံလည်းရှိရမယ် ရုပ်ချောပညာတတ်ရမယ် ကိုယ့်ကိုလည်းချစ်ရမယ်ပေါ့ ဒါမဲ့လိုချင်တိုင်းလည်းမရနိုင်ဘူးလေ အဲ့တော့ ကိုယ့်ဘဝအတွက် အကောင်းဆုံး ဘာရနိုင်မလဲပေါ့ သူဟာသူ့ပတ်

ဝန်းကျင်အတွက် တန်ဖိုးမရှိတဲ့လူတစ်ယောက်ဖြစ်နေနိုင်ပေမယ့် အမအတွက်တော့ တန်ဖိုးရှိတဲ့လူတစ်ယောက်ဖြစ်နေနိုင်တယ်လေ အမနဲ့သူနဲ့က အပြန်အလှန်တန်ဖိုးထားကြသူတွေဖြစ်တာကြောင့် အဆင်ပြေနိုင်မယ်လို့တော့ထင်တာပဲအမစိတ်ပူတာတစ်ခုကသူနဲ့အမနဲ့ ဘာသာမတူဘူးဆိုတာပဲ အဲ့ဒါကိုပဲ အမြဲစဉ်းစားတယ် အဲ့ဒါကြောင့်လည်း ဒီလောက်ထိကြာသွားတာလဲပါတယ် ဘာသာမတူဘူးဆိုတော့ အခုအဆင်ပြေနေပေမယ့် သားသမီးရလာတဲ့အခါကျရင် ကိုယ့်ဘာသာသွင်းချင်တယ် သူ့ဘာသာသွင်းချင်တယ်ဆိုတာတွေက

ရှိလာမှာလေ အဲ့ဒီအချိန်ကြမှ ထပြီးစကားများတာမျိုးမဖြစ်ချင်ဘူး မဖြစ်ချင်တော့ အဲ့ဒါလေးကို အဓိက ညှိနှိုင်းတာပေါ့ လို့ ပြောလာခဲ့တာပါခင်လေးနွယ်ကတော့ နှစ်ယောက်စလုံးမှာအပြစ်တွေကိုယ်စီရှိကြပေမယ့် အပြန်အလှန်ခွင့်လွှတ်နားလည်ပေးထားတာကြောင့် အဆင်ပြေပြေနဲ့ ဘဝကို လျှောက်လှမ်းသွားမှာပါလို့ ပြောသွားခဲ့ပါတယ်နော်။

Credit- Shwe Yaung Lan

Zawgyi Version






Credit- Shwe Yaung Lan

Add a Comment

Your email address will not be published.